HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဘားအံ-မြ၀တီ ကားလမ်းပေါ်ရှိ ဂျိုင်းမြစ်ကူး ပွန်တွန်းဗောတံတားအား ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု၍ ကုန်တင်ယာဉ်များ အမြန်ဆုံးဖြတ်သန်းနိုင်ရန် လမ်းညွှန်မှာကြား

ဘားအံ-မြ၀တီ ကားလမ်းပေါ်ရှိ ဂျိုင်းမြစ်ကူး ပွန်တွန်းဗောတံတားအား ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ လာရောက်ကြည့်ရှု၍ ကုန်တင်ယာဉ်များ အမြန်ဆုံးဖြတ်သန်းနိုင်ရန် လမ်းညွှန်မှာကြား

ချစ်ဝေစိုး( မြ၀တီ ) - ဘားအံ၊ ကရင်ပြည်နယ် ဘားအံ-မြ၀တီ ထိုင်း -မြန်မာနယ်စပ် ကုန်သွယ်ရေးကားလမ်းပေါ် ရှိ ၁၃ တန်အထက် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားနိုင်သော ဂျိုင်းမြစ်ကူး ပွန်တွန်း (ယာယီ)ဗောတံတား ချဉ်းကပ်လမ်း ရေကျော် နေ၍ ကုန်တင်ယာဉ်ကြီးများ(ဖြတ်ကူးမရဘဲ) ယာယီပွန်တွန်းဗောတံတားကို ဖြတ်သန်းရန် အတွက် စောင့်ဆိုင်းနေသည့် ၁၈ရက်မြောက် နေ့တွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာ ၀န်ရှိသူများ လိုက်ပါလာသော အဖွဲ့များသည် သြဂုတ် ၄ရက် နေ့လယ်ပိုင်းက သွားရောက် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို ပွန် တွန်းဗောတံတားပေါ်မှ ၁၃တန်အထက် ကုန်တင်ယာဉ်ကြီးများ အမြန်ဖြတ်သန်းသွားလာ နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားရန် လမ်း ညွှန်မှာကြားခဲ့ကြောင်း သိရပြီး ပြင်ဆင် ဆောင်ရွက်မှုများကို စတင်လုပ်ဆောင်လျက်ရှိရာ တစ်ပတ်အတွင်း ယာဉ်ကြီးများကို ပွန်တွန်း(ယာယီ)ဗောတံတားပေါ်မှ ဖြတ်သန်း သွားလာ၍ရရှိအောင် အပြီးဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

““ကျွန်တော်တို့ အလုပ်သမား၂၀လောက် နဲ့ မနေ့ညနေပိုင်းကစပြီး လုပ်တယ်။ ဒီနေ့ နေ့လယ်ပိုင်းအထိတော့ ပေ ၅၀ ပြီးသွားပါပြီ။ ခုကျန်တဲ့ ပေ ၂၀ လဲ ဆက်လုပ်နေပါတယ်။ ကော့ကရိတ်ဘက်အခြမ်းမှာလဲ ဒီနေ့ပြုပြင် ရာမှာ သုံးမယ့်ပစ်္စည်းကိရိယာတွေ အဆင် သင့် လုပ်ထားပြီးပါပြီ။ ဘားအံဘက်ခြမ်းပြီးရင် ကော့ကရိတ်ဘက်အခြမ်းကို ဆက်လုပ်ရမှာ ပါ။ သောကြာနေ့အပြီးလုပ်ရမှာပါ””ဟု အလုပ် သမား ၂၀ခန့်ဖြင့် ဦးဆောင်လုပ်ကိုင်နေသည့် ကိုကျော်သူမိုးက ပြောသည်။

ဂျိုင်းပွန်တွန်းတံတားကို သြဂုတ် ၄ ရက် ညနေပိုင်းက ယာယီသွားလာ၍ ရရှိစေရန် ပွန်တွန်းဗောတံတား၏ ချဉ်းကပ်လမ်းကို ဘား အံဘက်ခြမ်းတွင် ပေ ၇၀ ခန့်နှင့် ကော့ကရိတ် ဘက်ခြမ်းတွင် ပေ ၁၀၀ ကျော်အထိ ထပ်မံ တိုးချဲ့၍ ပြင်ဆင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဂျိုင်း(ကော့ကရိတ်) ပွန်တွန်း(ယာယီ) ဗောတံတား ချဉ်းကပ်လမ်းမှာ ဂျိုင်းမြစ်ရေ လေးပေခန့်အထိ ရေကျော်နေသဖြင့် ကုန် တင်ယာဉ်ကြီးများ စောင့်ဆိုင်းနေကြရသဖြင့် ဂျိုင်းကြိုးတံတားပေါ်မှ ဖြတ်သန်းရမည့် ၁၃ တန်အောက်ယာဉ်များ သွားလာရာတွင် ယာဉ် အန်္တရာယ် မဖြစ်စေရန်နှင့် လမ်းပိတ်ဆို့မှုမဖြစ် စေရေး ဂျိုင်းတံတား လုံခြုံရေးတာဝန်ကျအဖွဲ့ များက ဘားအံဘက်နှင့် ကော့ကရိတ်ဘက် ကို တစ်ဖက်ပိတ် တစ်ဖက်ဖွင့်ပုံစံဖြင့် အလှည့် ကျစေလွှတ်ကာ စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ထိုသို့ ကုန်တင်ယာဉ်ကြီးများ စောင့်ဆိုင်း နေရမှုကြောင့် ကားသမားအများစုမှာ လမ်း စရိတ်များပြတ်ခြင်း၊ ကုန်ပစ်္စည်များကို ခွင့်ပြု သည့်တန်ဖြင့် တစ်ဆင့်သယ်ယူရသဖြင့် ကုန် ကျစရိတ်များ များပြားခြင်းတို့ ကြုံတွေ့နေရ ကြောင်း သိရသည်။

““ကျွန်တော်တို့ စောင့်နေတာ ၁၈ ရက် ပြည့်သွားပြီ။ စားစရာလဲမရှိတော့ဘူး။ အိမ် ကိုမှာဖို့ကလဲ ရေကြီးနေလို့ မှာဖို့မလွယ်ဘူး။ သူတို့တောင် ဘယ်လိုစားနေရတယ်ဆိုတာ မသိရဘူးလေ။ ပိုဆိုးတာက ကျွန်တော်တို့က မော်လမြိုင်ဘက်ကိုသွားရမှာမို့ နှစ်ခါကဲ့ရရင် ဘာမှ ကျန်မှာမဟုတ်တော့ဘူး။ ကုန်ကလဲ အထားခံတဲ့ကုန်ဖြစ်လို့ ဒီမှာပဲ ဖြစ်သလိုစား သောက်ပြီး စောင့်ဆိုင်းနေရတယ်။ မနေ့ည နေပိုင်းကတော့ စပြီးပြင်နေတာတော့ တွေ့ ရတယ်။ ဘယ်လောက်အထိ ထပ်စောင့်ရမလဲ မသိဘူး””ဟု ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောသည်။

သြဂုတ် ၄ ရက် မွန့်တည့်၁၂နာရီခန့်က ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေး မြင့်နှင့် တာဝန်ရှိသူများလိုက်ပါလာသော အဖွဲ့သည် ဂျိုင်း(ကော့ကရိတ်) ပွန်တွန်းဗော တံတားချဉ်းကပ်လမ်း ရေကျော်နေမှုနှင့်ပတ်သက်ပြီး လာရောက်ကြည့်ရှုစစ်ဆေးစဉ် တာဝန်ရှိသူများကို ပွန်တွန်းဗောတံတားပေါ်မှ ၁၃ တန်အထက် ကုန်တင်ယာဉ်ကြီးများ အမြန် ဖြတ်သန်းသွားလာနိုင်ရေး ဆောင်ရွက်သွား ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရပြီး လာ မည့်အပတ်အတွင်း ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

 

Rate this item
(0 votes)

Latest from Thura Soe

back to top