HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကူညီပါရစေ ဆောင်ပုဒ်နှင့်အညီ အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက် ပေးနိုင်ရေးအတွက် လိုအပ်သောရဲအင်အား တိုးမြှင့် ခန့်ထားပေးရေး လွှတ်တော်တွင်မေး

ကူညီပါရစေ ဆောင်ပုဒ်နှင့်အညီ အချိန်နှင့်တစ်ပြေးညီ ကူညီ ဆောင်ရွက် ပေးနိုင်ရေးအတွက် လိုအပ်သောရဲအင်အား တိုးမြှင့် ခန့်ထားပေးရေး လွှတ်တော်တွင်မေး

စိုးမြစိုး( မုံရွာ ) - မုံရွာ၊ ပြည်သူကိုဗဟိုပြုသော ပြည်သူ့အစိုးရ လက်ထက်မှာ ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ပေးရန် တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်နိုင်ရေး ကူညီပါရစေဆောင်ပုဒ်နှင့်အညီ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေး နိုင်ရန်အတွက် ရဲအင်အား တိုးမြှင့်ခန့်ထား ပေးရန် အစီအစဉ်ရှိမရှိ သြဂုတ် ၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်တွင် မေး ခွန်းထုတ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး တရားဥပဒေ စိုးမိုးရေးအတွက် တာဝန်ထမ်းဆောင်နေ သည့် ယင်းမာပင်ခရိုင် ယင်းမာပင်မြို့နယ် တွင် ရဲတပ်ဖွဲ့များကို ဖွဲ့စည်းပုံနှင့်အညီ ရဲ ၀န်ထမ်းအင်အား တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိမရှိအား ယင်းမာပင်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်နှင်းရီက မေးမြန်းခဲ့ ခြင်း ဖြစ်သည်။

““ဖွဲ့စည်းပုံအရ ယင်းမာပင်မြို့နယ်မှာ နယ်မြေရဲစခန်း မရှိပါဘူး။ မြို့နယ်ရဲစခန်း၊ မြို့မရဲစခန်းနဲ့ ရဲကင်းစခန်း တစ်ခုသာ ရှိပါ တယ်။ မြို့မရဲစခန်းအတွက် ဖွဲ့စည်းပုံအရ ၀န်ထမ်းအင်အား ၈၁ယောက် ရှိရမှာဖြစ်ပါတယ်။ လက်ရှိမှာတော့ ရဲဝန်ထမ်းအင်အား ၂၈ယောက်ဖြင့်သာ တာဝန်ယူ ဆောင်ရွက် နေရပါတယ်။ မြို့နယ်ရဲစခန်းမှာ အရာရှိ ခုနစ် ယောက်နဲ့ အခြားအဆင့် ရှစ်ယောက်၊ စာ ရေး နှစ်ယောက် ဖွဲ့စည်းပုံအရ ရှိရမှာဖြစ်ပေ မယ့် ယခုလက်ရှိတွင် အရာရှိနှစ်ယောက်နဲ့ အခြားအဆင့်ခုနစ်ယောက်သာ တာဝန်ထမ်း ဆောင်နေရပြီး ရုံးစားရေး ခန့်ထားခြင်းလဲမရှိ သေးပါဘူး””ဟု ဒေါ်ခင်နှင်းရီက ပြောသည်။

ယင်းမာပင်မြို့နယ် ကပိုင်ရဲကင်းစခန်း တွင်လည်း ရဲအင်အား ၁၈ ဦး ရှိရမည်ဖြစ် သော်လည်း အင်အားလေးဦးဖြင့်သာ လုပ်ငန်း ဆောင်ရွက်နေရသည်ဖြစ်ခြင်းကြောင့် ပြည်သူကိုဗဟိုပြုသော တရားဥပဒေစိုးမိုးရေးအား ထိရောက်စွာ ဆောင်ရွက်နိုင်ရန် လိုအပ် နေသော ရဲတပ်ဖွဲ့အင်အား တိုးမြှင့်ဆောင် ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ ၎င်းင်းက ဆက်လက်မေးမြန်းခဲ့သည်။

ယင်းမေးခွန်းနှင့်ပတ်သက်၍ လုံခြုံရေး နှင့် နယ်စပ်ရေးရာဝန်ကြီးက ““ရဲတပ်ဖွဲ့နဲ့ ပြည်သူ အချိုးတွက်လိုက်ရင် ယင်းမာပင်မှာ ရဲတပ်ဖွဲ့ဝင် တစ်ဦးလျှင် သုံးထောင်ငါးရာ ကျော် အချိုးကျနေသည့်အတွက် ရဲတပ်ဖွဲ့ဝင် အင်အား ထပ်မံဖြည့်တင်းဖို့ လိုအပ်ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသ ကြီး ရဲတပ်ဖွဲ့မှာ ဖွဲ့စည်းပုံပြည့်မီအောင် ရဲ တပ်သားသစ်များ စုဆောင်းလျက်ရှိပါတယ်”” ဟု ဖြေကြားခဲ့သည်။

ရဲတပ်သားသစ် စုဆောင်းရာတွင် ကန့်သတ်ချက်များဖြစ်သည့် အရပ်အမြင့်၊ သတ်မှတ်ပညာအရည်အချင်းများ ထပ်မံတိုးမြှင့် သတ်မှတ်လိုက်သည့်အတွက် အချို့သော ဒေသမှ ရဲတပ်သားသစ်များမှာ သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှုနည်းပါးခြင်း၊ ဒေသဖွံ့ဖြိုးမှုအားနည်း၍ ပညာတတ်နည်းပါးခြင်း၊ ရဲတပ်သားသစ်အတွက် စည်းရုံးပြောဆိုရာ တွင် ဘာသာစကား အခက်အခဲများရှိခြင်း၊ ရပ်ကွက်ကျေးရွာများမှာ ကွင်းဆင်းဟော ပြောခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သော်လည်း ၀င်ရောက်လိုမှုနည်းပါးခဲ့ကြောင်း ၀န်ကြီးက ဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့တွင် ဖွဲ့စည်းပုံအရ တပ်ဖွဲ့ဝင်အင်အား ၈၃၃၅ ဦး ရှိရမှာဖြစ်ပေမယ့် လက်ရှိတာဝန်ထမ်းဆောင် နေသည့် အင်အားမှာ ၃၇၈၅ ဦးသာ ရှိသဖြင့် ဖွဲ့စည်းပုံအင်းအား၏ ၄၅ ဒသမ ၄၁ ရာခိုင် နှုန်းသာ ရှိသည်။ မှုခင်းဖြစ်ပွားမှုနှင့် နယ်မြေ လုံခြုံရေး အခြေအနေများကို ချိန်ဆသုံးသပ် ပြီး ယင်းမာပင်မြို့နယ်တွင် လိုအပ်နေသော ရဲတပ်ဖွဲ့ဝင်အင်အားကို ဖြည့်ဆည်းဆောင် ရွက်ပေးနိုင်ရေးအတွက် စီစဉ်လျက်ရှိကြောင်း လည်း သိရသည်။

Rate this item
(0 votes)

Latest from Thura Soe

back to top