HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တက္ကသိုလ်ဝင်တန်းအဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုခဲ့သည့်အရေအတွက် ၃၀ဝ ကျော်ရှိ၊ ယခင်နှစ်ထက်ပိုမိုများပြားလာ

တက္ကသိုလ်ဝင်တန်းအဖြေလွှာ ပြန်လည်စစ်ဆေးပေးရန် တောင်းဆိုခဲ့သည့်အရေအတွက် ၃၀ဝ ကျော်ရှိ၊ ယခင်နှစ်ထက်ပိုမိုများပြားလာ

ရန်ကုန်၊ ဩဂုတ် ၈- ယခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့ သူများနှင့် ကျရှုံးခဲ့သူများထဲမှ အဖြေလွှာပြန်လည်စစ်ဆေးပေး ရန် တောင်းဆိုခဲ့သည့် အရေအ တွက်မှ ၃၀ဝ ကျော်အထိရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြား လာကြောင်း သိရသည်။

""ပြီးခဲ့တဲ့အပတ်လောက်က ကျွန်တော်သိရတာကတော့ သုံးရာ ကျော်လေးရာလောက်ရှိတယ်လို့ သိရတယ်။ ပြန်စစ်ဆေးပေးဖို့ တောင်းဆိုတာကတော့ တစ်နှစ် ထက်တစ်နှစ် များလာတယ်လို့ပဲ ပြောရမယ်။ မနှစ်ကဆိုရင် ဒီ လောက်မရှိဘူး။ တစ်ရာကျော် လောက်ပဲ ရှိမယ်ထင်တယ်။ စစ်ပြီး တော့လည်း အဖြေလွှာက အမှား အယွင်းမရှိပါဘူး""ဟု မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနမှ အရာရှိတစ်ဦး က ပြောကြားသည်။

၂၀၁၇ခုနှစ် တက္ကသိုလ်ဝင် တန်းကို ကျောင်းသား၊ ကျောင်းသူ နှစ်သိန်းလေးသောင်းကျော် အောင်မြင်ထားပြီး ဂုဏ်ထူးရရှိ သူအရေအတွက်မှာ ၅၆၇၁၈ ဦး ရှိခဲ့ပြီး ခုနစ်နှစ်အတွင်း ဂုဏ်ထူး ရသူအရေအတွက် အများဆုံး နှစ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ ကြောင်း တက္ကသိုလ်ဝင်တန်းအဖြေ လွှာများကို ပြန်လည်စစ်ဆေးပေး ရန် တောင်းဆိုထားသည့် ကျောင်း သား၊ ကျောင်းသူများထဲတွင် ယင်း ကဲ့သို့ ဂုဏ်ထူးရရှိခဲ့သူများလည်း ပါဝင်ကြောင်း သိရသည်။

""အခုနောက်ပိုင်းက ဂုဏ်ထူး ရတဲ့သူတွေလည်း ပြန်စစ်ဆေးပေး ဖို့ တောင်းဆိုလာရင် လုပ်ပေးနေ တယ်။ ဖြေလျှော့ပေးထားတာပေါ့။ သူတို့ပြန်စစ်ဖို့ တောင်းဆိုတယ်ဆို တာက ရတဲ့အမှတ်အပေါ် ကျေနပ် အားရမှုမရှိလို့ လာကြတာ။ အခု နောက်ပိုင်းတော့ ပြန်စစ်ပေးဖို့ တောင်းဆိုတဲ့သူကတော့ ပါးသွား ပြီ။ ဝင်ခွင့်တွေလည်း လျှောက်နေ ကြပြီဆိုတော့လေ""ဟု ယင်းက ဆက်လက်ပြောကြားသည်။တက္ကသိုလ်ဝင်တန်းအဖြေလွှာ များ ပြန်လည်စစ်ဆေးပေးစေလို ပါက တစ်ဘာသာလျှင် ငွေကျပ် ၅၀ဝ၀ နှုန်းဖြင့် လက်ခံဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ATK
#Democracytoday

Rate this item
(0 votes)
back to top