HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြဝတီ - ကော့ကရိတ် အမြန်လမ်းတွင် မျက်နှာဖုံးစွပ် သေနတ်သမားတစ်ဦးက သေနတ်ပစ်ဖောက်၍ ခရီးသည်တင်ယာဉ်မှ ငွေကျပ် ၅ဝဝဝ တောင်းယူ

မြဝတီ - ကော့ကရိတ် အမြန်လမ်းတွင် မျက်နှာဖုံးစွပ် သေနတ်သမားတစ်ဦးက  သေနတ်ပစ်ဖောက်၍ ခရီးသည်တင်ယာဉ်မှ ငွေကျပ် ၅ဝဝဝ တောင်းယူ

မြဝတီ၊ သြဂုတ် ၉

ကရင်ပြည် နယ်မြဝတီအမြန်လမ်းတွင်မျက်နှာဖုံးစွပ်သေနတ်သမားတစ်ဦးမှ သေနတ်ပစ်ဖောက်၍ ခရီးသည်တင် ယာဉ်မောင်းထံမှငွေကျပ် ၅ဝဝဝ တောင်းယူခဲ့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာမြဝတီ-ကော့ကရိတ် အမြန်လမ်းရင်ကွဲတောင်ကုန်းဆင်း ကီလိုမီတာ ၁၅၇ နေရာ၌ မျက်နှာတွင်ပုဆိုးအနီရောင်စည်းထားပြီး သေနတ်ကိုင်ဆောင်ထားသူတစ်ဦးသည် သြဂုတ်လ ၉ ရက် နံနက် ၄ နာရီကခရီးသည် ၅၄ ဦး တင်ဆောင်ကာ ရန်ကုန်မှထွက်ခွာသည့် ယာဉ်မောင်း ဝင်းနိုင် မောင်းနှင်သော ယာဉ်အမှတ် 3N/.. မှန်လုံယာဉ်အား သေနတ်ဖြင့်ပစ် ဖောက်တားဆီးကာ ထမင်းဖိုး ကျပ် ၅ဝဝဝ ပေးရန်တောင်းဆိုခဲ့သဖြင့် ယာဉ်နောက်လိုက်ငွေစိုး (၃၉) နှစ်မှကျပ် ၅ဝဝဝ ပေးလိုက် ကြောင်း သိရသည်။


''သေနတ်နဲ့ပစ်သူကမျက်နှာကို ပုဆိုးအနီရောင်နဲ့စည်းထားတဲ့အတွက် ယာဉ်မောင်းရောယာဉ် နောက်လိုက်ပါ သေနတ်ပစ်သူကို မသိဘူးလို့ပြောပါတယ်။ နောက်ပြီးတောင်းတဲ့ငွေကျပ် ၅ဝဝဝ ပဲ တောင်းတာဖြစ်တာကြောင့် စဉ်းစားလို့မရပါဘူး။ ဒါပေမဲ့ဒီဖြစ်စဉ် ကြောင့် ခရီးသည်တွေအထိတ်တလန့်ဖြစ်ရသလို တရားဥပဒေစိုးမိုး ရေးကိုပါ ထိခိုက်တာကြောင့်ကျွန် တော်တို့အနေနဲ့ ဖော်ထုတ်အရေးယူမှာဖြစ်ပါတယ်။ ဒါကြောင့်လည်း တပ်မတော်နယ်မြေစောင့်တပ်နဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေပူးပေါင်းပြီး သေနတ်နဲ့ပစ်သွားသူကိုစုံစမ်း ဖော်ထုတ်နေပါတယ်''ဟု မြဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်နိုင်ထွန်းကပြောကြားသည်။


အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သြဂုတ် ၉ ရက် မွန်းလွဲ ၁ နာရီတွင် နယ်မြေခံတပ်မှဗိုလ်မှူးကြီးနိုင်အောင်နှင့် တပ်မတော်သားများ မြဝတီခရိုင်ရဲမှူးကြီးအောင်နိုင်ထွန်းဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်နယ် ၃ နှင့် ၄ မှ တပ်ဖွဲ့ဝင်များသည် အခင်း ဖြစ်ရာနေရာသို့ သွားရောက်စစ် ဆေးခဲ့ရာ အခင်းဖြစ်နေရာ၌ M-16  သေနတ်ဖြင့်ပစ်ခတ်ရသော ၅ ဒသမ ၅၆ ကျည်တစ်တောင့်နှင့် ကျည်ခွံတစ်ခုတို့ကိုတွေ့ရှိပြီး အဆိုပါပူးပေါင်းအဖွဲ့မှ အခင်းဖြစ် ရာပတ်ဝန်းကျင်အား နယ်မြေရှင်း လင်းရေးပြုလုပ်ကာ သေနတ်ဖြင့် ပစ်ခတ်သွားသူအား လိုက်လံစုံစမ်း ဖော်ထုတ်နေသည်။ သေနတ်ပစ်ဖောက်မှု ကြောင့် ခရီးသည်တင်မှန်လုံယာဉ်၏ ညာဘက်ရှိနောက်ကြည့်မှန် ပေါက်ထွက်သွားပြီးခရီးသည်များ တစ်စုံတစ်ရာထိခိုက်မှုမရှိခဲ့ကြောင်းသိရသည်။

KKTM

#democracytoday

Rate this item
(0 votes)
back to top