HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာ - အိန္ဒိယ နယ်စပ်လမ်းတွင် မြေထိန်းနံရံ ပြိုကျနေမှုကြောင့် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ သတိပြုသွားလာရန် နှိုးဆော်ထား

မြန်မာ - အိန္ဒိယ နယ်စပ်လမ်းတွင် မြေထိန်းနံရံ ပြိုကျနေမှုကြောင့် ခရီးသည်တင်နှင့် ကုန်တင်ယာဉ်များ သတိပြုသွားလာရန် နှိုးဆော်ထား

ကလေး၊ သြဂုတ် ၉

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်စည်ပို့ဆောင်ရေးတွင် အရေးပါသည့် ကလေး-ကလေးဝ- ရေဦးလမ်းရှိကမ်းပြိုကာကွယ်ရေး မြေထိန်းနံရံပြိုကျပျက်စီးမှုဖြစ် ပေါ်လာသောကြောင့် ခရီးသည်တင်နှင့်ကုန်တင်ယာဉ်များသတိ ပြုသွားလာရန် သက်ဆိုင်ရာမှ သတိ ပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်။

''ဝါးရဲတံတားနားမှာ ကမ်းထိန်းနံရံပြိုကျနေတာပါ။ ရေတိုက်စားတဲ့အတွက် ပြိုကျတာဖြစ်ပါတယ်။ မြစ်သာမြစ်ထဲကိုစီးဝင်တဲ့ တောင်ကျချောင်းကလည်း ရေစီးသန်တယ်။ ကားလမ်းအကွေ့နေရာမှာဖြစ်တဲ့အတွက်အကြောင်းအမျိုးမျိုးနဲ့သွားလာတဲ့ ကားတွေအားလုံးကိုသတိပေးနှိုးဆော်ထားပါတယ်။ အကွေ့မှာအရှိန်နဲ့မောင်းနှင်တဲ့ကားတွေ အန္တရာယ်ဖြစ်နိုင်ပါတယ်''ဟု ကလေးမြို့ပုဂ္ဂလိက ယာဉ်များစနစ်တကျပြေးဆွဲရေး ကော်မတီမှတာဝန်ရှိတစ်ဦးက သြဂုတ် ၉ ရက်တွင်ပြောကြားသည်။


၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် (ရေ/မြစ်/ဖြိုး) ဦးစီးဌာနမှ ကလေး-ကလေးဝ-ရေဦးလမ်းမကြီးရှိ သစ်ချောက်ရွာဝါးရဲတံတားအနီး၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ၏ရန်ပုံငွေဖြင့် တည်ဆောက်ထားသည့် ကမ်းပြိုကာကွယ်ရေး ကျောက်စီမြေထိန်းနံရံမှာ သြဂုတ် ၅ ရက်မှစတင်၍ ပြိုကျပျက်စီးလျက်ရှိသည့်အပြင် မြစ်သာဖြစ် ရေနှင့်ချင်းတွင်းမြစ်ရေပါတိုးလာချိန်တွင် အန္တရာယ်ရှိနေသည့်အတွက် ကလေး၊ ကလေးဝ၊ တမူး၊ မော်လိုက်၊ မုံရွာ၊ မန္တလေးသွားခရီးသည်တင်နှင့်ကုန်တင်ယာဉ်များ ဂရုပြုသွားလာကြရန် သက်ဆိုင်ရာအဖွဲ့များမှ သတိပေးချက်ထုတ် ပြန်ထားခြင်းဖြစ်သည်။


ယခုပြိုကျသည့် ကမ်းထိန်းနံရံတည်ဆောက်ခဲ့သည့် ကုမ္ပဏီသည် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင်သစ်ချောက်ဝါးရဲတံတား ကျောက်စီကမ်းထိန်းနံရံကိုလည်း ကောင်း၊ ကလေးဝမြို့ကုန်တင် ကုန်ချရုံးရှေ့မြစ်သာဖြစ်ကမ်းထိန်းနံရံကိုလည်းကောင်း၊ ရွှေမု ဋ္ဌောဘုရားအနီး သိမ်ဘုရားရှေ့ ကမ်းထိန်းနံရံကိုလည်းကောင်း၊ ကလေးဝမြို့ဆက်သွယ်ရေးရုံးရှေ့ မြစ်သာမြစ်ကမ်းထိန်းနံရံကို လည်းကောင်း၊ ချစ်ကိုကိုလမ်းမြစ်သာမြစ်ကမ်းထိန်းနံရံကိုလည်း ကောင်း၊ ကလေးဝမြို့အမှတ်(၁) ရပ်ကွက်ကမ်းထိန်းနံရံကိုလည်း ကောင်းတည်ဆောက်ခဲ့ကြောင်းသိရသည်။

MOS

#democracytoday

Rate this item
(0 votes)
back to top