HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အညာဒေသ၌ အစောဆုံး ကျင်းပသည့် မင်းကွန်းရွှေကျွန်းပင် နတ်ပွဲ ချိုးရေတော် သုံးပွဲဖြင့် စတင်ကျင်းပ

အညာဒေသ၌ အစောဆုံး ကျင်းပသည့် မင်းကွန်းရွှေကျွန်းပင် နတ်ပွဲ ချိုးရေတော် သုံးပွဲဖြင့် စတင်ကျင်းပ

စစ်ကိုင်း၊ သြဂုတ် ၁၃

မင်းကွန်း ရွှေကျွန်းပင်မောင်နှမနတ်ပွဲကို ဝါ ခေါင်လဆန်း ၂ (သြဂုတ် ၁၃ ရက်) တွင် စစ်ကိုင်းမြို့နယ် မင်းကွန်း တောင်ရွာအဝင်မိုးမိတ်ကုန်းမြေအနီး နတ်နန်းဧရာဝတီမြစ်အတွင်း၌ ချိုးရေတော်သုံးပွဲ စတင်ကျင်းပကြောင်း သိရသည်။

ရွှေကျွန်းပင်မောင်နှမနတ်ပွဲကို ဝါခေါင်လဆန်း ၁ ရက်တွင် နတ်နန်းစတင်ဖွင့်လှစ်၍ ၂ ရက်တွင် ဧရာဝတီမြစ်အတွင်း ရွှေကျွန်း ပင်မောင်နှမချိုးရေတော်သုံးပွဲ ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်တွင် မိုးမိတ်ကုန်းမြေအခြေ ဧရာဝတီ ဆိပ်ကမ်းရှိ ချိုးရေတော်သုံးမည့် ရေယာဉ်ပေါ်သို့ နတ်နန်းမှ နတ်ဝတ်စုံများဝတ်ဆင်ထားသည့်ဆိုင် ရာနတ်ကတော်များလိုက်ပါကြကာ ရွှေကျွန်းပင်မောင်တော်နှင့် နှမတော်တို့အား ဝေါဖြင့်ပင့်ဆောင် လှည့်လည်သွားရောက်ကြသည်။


မိုးမိတ်ကုန်းမြေဆိပ်ကမ်းမှ ရွှေကျွန်းပင်မောင်နှမတင်ဆောင်လာသည့် ရေယာဉ်များကမင်းကွန်း ပုထိုးတော်ကြီးအခြေအထိ ဆန်တက်ခဲ့ကြကာမြစ်အတွင်း ချိုးရေ တော်သုံး၍ နတ်စာကျွေးကြပြီးမှ နတ်နန်းသို့ ပြန်လည်ပင့်ဆောင်ခြင်း ဖြင့် ချိုးရေတော်သုံးပွဲပြီးစီးသည်။ ရွှေကျွန်းပင်နတ်မှာ ကျွန်း ပိုင်းကျေးရွာ ၁၂ ရွာမှ စက်လှေများဖြင့် ရွာအလိုက်သတ်မှတ်နေ့ များတွင် လာရောက်ကြသကဲ့သို့ စစ်ကိုင်းမြို့နယ်မင်းကွန်းတောင် ရိုး၊ မင်းဝံတောင်ရိုးကျေးရွာများမှ အများဆုံးလာရောက်သဖြင့် နေ့ စဉ်စည်ကားသည့် နတ်ပွဲဖြစ်သည်။


DW

#democracytoday

Rate this item
(0 votes)
back to top