HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဗန်းမော်-မန္တလေး လမ်းနှင့် ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းတွင် ယာဉ်ကြီးများ သွားလာမှု ယာယီ ပိတ်ထားသောကြောင့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ အခက်အခဲဖြစ်ပေါ်နိုင် ဟုဆို

ဗန်းမော်-မန္တလေး လမ်းနှင့် ဗန်းမော်-မြစ်ကြီးနား လမ်းပိုင်းတွင် ယာဉ်ကြီးများ  သွားလာမှု ယာယီ ပိတ်ထားသောကြောင့် ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းများ အခက်အခဲဖြစ်ပေါ်နိုင် ဟုဆို

ဗန်းမော်၊သြဂုတ် ၁၃

ဗန်းမော်- မန္တလေးလမ်းနှင့်ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းတွင် လမ်းပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်း ဆောင်ရွက် နေ၍ လမ်းပျက်စီးမှုမရှိစေရေးအတွက် ၁ဝ ဘီးနှင့်အထက်ယာဉ်များ၊ သရီးကရောင်းယာဉ်များဖြတ်သန်း သွားလာမှုယာယီပိတ်ထားသည့်အတွက် ယာဉ်ပိုင်ရှင်များနှင့် ယာဉ်မောင်းများ အခက်အခဲဖြစ် ပေါ်နိုင်ကြောင်းသိရသည်

''ဂိတ်တွေက တင်ပြလာတာကတော့ နှစ်လ၊ သုံးလလောက် ပိတ်ထားမယ်ဆိုရင် သူတို့ရဲ့စားဝတ်နေရေးလည်း ခက်ခဲမယ်။ ယာဉ်ပိုင်ရှင်၊ ယာဉ်မောင်းနဲ့ယာဉ် နောက်လိုက်တွေလည်း ခက်ခဲမယ်။ မန္တလေးကနေ ဗန်းမော်ကိုလာတဲ့အခါ တန်ပိုဂိတ်ခြောက် ဂိတ်ရှိတယ်။ တန်ပိုဂိတ်မှာ ချိန်တဲ့အခါ ကတ္တားမပိုဘူးပေါ့။ တန်ပိုမပါဘဲနဲ့ ကချင်ပြည်နယ်ကလာတဲ့အခါ ဒီရောက်မှပိတ်တယ်ဆိုတော့ သူတို့ဒုက္ခဖြစ်မယ်ပေါ့။ ခရိုင်ထွေ အုပ်အစည်းအဝေးမှာ ဒါကိုတင် ပြကြည့်မယ်ပေါ့။ ဆယ်ဘီး၊ ဆယ့်နှစ်ဘီးယာဉ်တော့ဟုတ်တယ်။ လမ်းခံနိုင်ဝန်နဲ့လာရင်လာလို့ရ မလားပေါ့''ဟု ဗန်းမော်ခရိုင်ယာဉ် ကြီးကြပ်မှုကော်မတီအတွင်းရေးမှူး ဦးမြမောင်က ပြောကြားသည်။

 

ကချင်ပြည်နယ်၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်နှင့်စက်မှု လက်မှုဝန်ကြီးဌာန၏ ညွှန်ကြားချက်အရ လမ်းဦးစီးဌာနမှ တာဝန်ယူထိန်းသိမ်းလျက်ရှိသော ဗန်းမော်-မန်စီ-ရွှေကူ-မန္တလေး လမ်းပိုင်းတွင် ပြင်ဆင်ထိန်းသိမ်း ရေးလုပ်ငန်းများဆောင်ရွက်နေ ခြင်း၊ ဗန်းမော်-မြစ်ကြီးနားလမ်း ကြောင်းတွင် ဒေါ့ဖုန်းယန်လမ်းပိုင်း၌ အဆင့်မြင့် AC ကတ္တရာခင်း ခြင်းလုပ်ငန်းဆောင်ရွက်နေခြင်းတို့ကြောင့် မိုးတွင်းကာလအတွင်း မူလအမာခံလမ်းမှ လမ်းသားနိမ့် ကျပျက်စီးမှုမရှိစေရေးနှင့်လမ်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဇူလိုင် ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ၁ဝ ဘီးနှင့်အထက် မော်တော်ယာဉ်များ၊ သရီးကရောင်း မော်တော်ယာဉ်များယာယီဖြတ် သန်းသွားလာမှု ယာယီပိတ်ထား ပေးရန် လမ်းဦးစီးဌာနမှ ပြည်နယ် အစိုးရသို့ တင်ပြခဲ့ခြင်းဖြစ်သည်။


ဗန်းမော်-မန္တလေးလမ်းနှင့် ဗန်းမော်-မြစ်ကြီးနားလမ်းပိုင်းအ ပြင် မြစ်ကြီးနား-ဆွမ်ပရာဘွမ်- ပူတာအိုလမ်း၊ မံဝိန်း-ချီဖွေ-လော ခေါင်-ထောဂေါ့- ဖီမော်လမ်း၊ ရွှေ ညောင်ပင်-တာလောကြီးလမ်း၊ ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီးလမ်း၊ ဂွေထော်-အင်ဂျန်းယန်လမ်း၊ မချမ်းဘော-ဖရုခ-နောင်မွန်းလမ်း၊ နမ္မတီး-တနိုင်း-ပန်ဆောင်လမ်း ကြောင်းပိုင်းတွင်လည်း ၁ဝ ဘီ နှင့်အထက်ယာဉ်ကြီးများ၊ သရီးက ရောင်းယာဉ်များ ယာယီသွားလာခွင့်ပိတ်ပင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

MTH

#democracytoday

Rate this item
(0 votes)
back to top