HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန္တလေး ကျုံးဘေး လူထုနေရာတွင် ရေဘေးသင့် ဒေသများ ကူညီရန် ပန်းချီဆရာများ စုပေါ ပန်းချီရေးဆွဲ ရောင်းချ

မန္တလေး ကျုံးဘေး လူထုနေရာတွင် ရေဘေးသင့် ဒေသများ ကူညီရန် ပန်းချီဆရာများ စုပေါ ပန်းချီရေးဆွဲ ရောင်းချ

မန္တလေး၊ သြဂုတ် ၁၃

မိမိတို့ ပန်းချီအနုပညာများဖြင့်လှူဒါန်းနိုင်ရန် မန္တလေး၊ စစ်ကိုင်းမြို့များမှ ပန်းချီဆရာများစုပေါင်း၍ မန္တလေးမြို့ ၂၆ လမ်းနှင့် ၆၆ လမ်းထောင့် ကျုံး ဘေးလူထုနေရာတွင် သြဂုတ် ၁၂ ရက်မှ ၁၄ ရက်အထိ စုပေါင်းပန်း ချီရေးဆွဲကြကြောင်းသိရသည်။

ယင်းသို့ ပန်းချီဆရာများမှ ပန်းချီရေးဆွဲရာတွင် ရှုခင်းပန်းချီ၊ ပုံတူပန်းချီနှင့် ကယ်ရီကေးချားပန်း ချီများကို ခဲ၊ မင်၊ ရေဆေးတို့ဖြင့် ရေးဆွဲကြပြီး ရေးဆွဲသည့်ပန်းချီကားတစ်ကားလျှင် ငွေကျပ် ၅ဝဝဝ နှုန်းသတ်မှတ်၍ ရေဘေးသင့်ပြည်သူများအား ကူညီလှူဒါန်းနိုင်ရန် ရောင်းချပေးသည်။


ယခင်ကလည်း မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်ခဲ့သော သဘာဝ ဘေးဒဏ်ခံပြည်သူများအား သွား ရောက်လှူဒါန်းနိုင်ရန် မန္တလေး ပန်းချီဆရာများအနေဖြင့် မိမိတို့တတ်ကျွမ်းသည့် ပန်းချီအနုပညာ ဖြင့် စုပေါင်းရန်ပုံငွေရှာ လှူဒါန်းခဲ့ ကြပြီး ယခုရေးဆွဲမှုကို နံနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး ရန်ပုံငွေများအား ပန်းချီဆရာများမှ လှူဒါန်းမည့်နေရာ ရွေးချယ်လှူဒါန်းမည်ဖြစ်ကြောင်းသိရသည်။


DW

#democracytoday

Rate this item
(0 votes)
back to top