HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ထူးကဲဒီရေတက်မှုကြောင့် ကျိုက္ခမီရေလယ်ဘုရားတွင် စံချိန်တင် ရေလွှမ်း

ထူးကဲဒီရေတက်မှုကြောင့် ကျိုက္ခမီရေလယ်ဘုရားတွင် စံချိန်တင် ရေလွှမ်း

ရန်ကုန်၊ ဩဂုတ် ၁၄- ထူးကဲဒီရေတက်မှု ကြောင့်မွန်ပြည်နယ်ရှိ ကျိုက္ခမီရေလယ် ဘုရားတွင် စံချိန်တင်ရေမြင့်တက်ခဲ့ကြောင်း ကျိုက္ခမီရေလယ်ဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သန်းက ဩဂုတ် ၁၄ ရက်ကပြော သည်။

ကျိုက္ခမီရေလယ်ဘုရား ရေမြင့်တက် ခြင်းမှာ ဩဂုတ် ၁၂ ရက်မှ စတင်တက်ပြီး ဩဂုတ် ၁၄ ရက်အထိ ရေတက်နေဆဲဖြစ်ကြောင်းသိရသည်။ယင်းနှင့်ပတ်သက်ပြီး ကျိုက္ခမီဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌဦးအောင်သန်းက""ဒီနှစ် ကတော့ အခါတိုင်းနဲ့မတူဘူး ရေပိုများသလို ရေလည်းပိုကြမ်းတယ်။ ဘုရားစောင်းတန်း ပါရေမြုပ်ပါတယ်။ ရေတက်နေတာ သုံးရက် ရှိပါပြီ။ ဒီနေ့အထိ တက်နေဆဲဖြစ်ပါတယ်။ စောင်းတန်းအပေါ်မှာ သုံးပေလောက်အထိ ကိုတက်နေပါတယ်။ ပျက်စီး ဆုံးရှုံးမှု တော့မရှိပါဘူး။ မြို့ထဲမှာ လည်း ရေရောက်ပါတယ်။ ဘုရား ပေါ်တက်တာကိုလည်း ပိတ်ထား တာမရှိပါဘူး။ ဖူးလို့ရပါတယ်။ ဒီ နှစ်ကတော့ပထမဦးဆုံး မြုပ်တာ ပဲ။ အရင်တုန်းကစောင်းတန်တွေမ မြုပ်ပါဘူး။ ဒီနှစ်ကတော့အများ ဆုံးဖြစ်ပါတယ်""ဟုပြောသည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ ထူးကဲဒီရေ မြင့်တက်ရခြင်းမှာ အနောက်တောင်မုတ်သုန်လေအား ကောင်းခြင်းအပါအဝင် လ၏ ဆွဲ အားကြောင့်လည်း ထူးကဲဒီရေ မြင့်တက်ရခြင်းဖြစ်သည်ဟု သိရ သည်။ယင်းနှင့် ပတ်သက်ပြီး မိုးလေ ဝသနှင့်ဇလဗေဒဦးစီးဌာနမှ တာဝန် ရှိသူတစ်ဦးက""ပုံမှန် ဒီရေအတက် အကျကတော့ လပြည့်လကွယ်နေ့ တိုင်းမှာ ဖြစ်လေ့ရှိပါတယ်။ ဒါပေမဲ့ ယခုလိုမျိုး ထူးကဲဒီရေတက်တာက တော့ အနောက်တောင်မုတ်သုန်လေကလည်း အားအလွန်ကောင်းတဲ့ အချိန်မျိုးတွေမှာ လှိုင်းကြီးမှုတွေ ဖြစ်တာပေါ့။ ဒီလိုအချိန်မျိုးမှာ လပြည့်လကွယ်ရက်နဲ့ တိုက်တာ တစ်ခု၊ နောက်ပြီးတော့ ရေစီးကြောင့် ပေါ့။ ပင်လယ်ရေစီးကြောင်းက မြန်မာနိုင်ငံဘက်ကို ဦးတည်လာ တဲ့အချိန်၊ နောက်တစ်ခုက လရဲ့ ဆွဲအားပေါ့။ လနဲ့နီးသွားတဲ့ အချိန်မှာလဲ ယခုလိုမျိုး ထူးကဲဒီရေ တက်မှုတွေဖြစ်ပါတယ်""ဟု ဒီမိုကရေစီတူဒေးသတင်းစာသို့ ဩဂုတ် ၁၄ ရက်က ပြော သည်။

ကျိုက္ခမီဘုရား စောင်းတန်း များတွင်ရေဝင်ရောက် သော်လည်း ဘုရားပေါ်တက်ရောက် ခွင့်ကို ပိတ်ပင်ထားခြင်းမရှိဘဲ ဘုရားဖူး နိုင်ကြောင်းသိရသည်။ယင်းနှင့်ပတ်သက်ပြီး သံဖြူ ဇရပ်မြို့နယ်၊ ကြက်ခြေနီအသင်းမှ ဦးခင်စိုးက]]ထူးခြားဒီရေတက် လို့ရေကြီးတာဖြစ်ပါတယ်။ ဒီနှစ် ကတော့ ရေပိုတက်ပါတယ် အခြား နှစ်တွေထက်။ ဒါပေမဲ့ကျိုက္ခမီ ဘက်မှာတော့ အပျက်အစီး အဆုံးအရှုံးမရှိပါဘူး""ဟုပြောသည်။

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦး စီးဌာန၏သတင်း ထုတ်ပြန်ချက်အရ စစ်တောင်း မြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏စိုးရိမ်ရေမှတ်အထက် တစ်ပေခွဲခန့်ကျော်လွန်းနေပြီး လာမည့်နှစ်ရက်အတွင်းစိုးရိမ်ရေ မှတ်အထက်ဆက်လက်တည်ရှိ နိုင်ကြောင်း၊သံလွင်မြစ်ရေသည် ဘားအံမြို့၏စိုးရိမ်ရေမှတ် အ ထက်သို့လေးပေခန့် ကျော်လွန် နေပြီးစိုးရိမ်ရေမှတ်အထက် ဆက် လက်ရှိနေမည်ဖြစ်ကြောင်း၊ ဧရာ ဝတီမြစ်ရေသည် ဇလွန်မြို့တွင် (၂) ပေခန့်စိုးရိမ်ရေမှတ် အ ထက်သို့ကျော်လွန်ရောက်ရှိနေပြီး နောက်နှစ်ရက် အတွင်းယင်းမြို့ ၏စိုးရိမ်ရေမှတ်အောက်သို့ဆက်လက်ကျရောက်နိုင်ကြောင်း သိရသည်။

AA
#Democracytoday

Rate this item
(1 Vote)
YMG

back to top