HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

နှစ်ပေါင်း ၁၃ဝ ခန့်ရှိ လယ်ကိုင်းမြို့ဟောင်းမှ ဘားဝပ်ကျောင်း၏ ပြာသာဒ်ဆောင်များ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ  

နှစ်ပေါင်း ၁၃ဝ ခန့်ရှိ လယ်ကိုင်းမြို့ဟောင်းမှ ဘားဝပ်ကျောင်း၏ ပြာသာဒ်ဆောင်များ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေ   

ဘားဝပ်ကျောင်းကို တွေ့ရစဉ်။(ဓာတ်ပုံ-ဇာဇာ)

ပွင့်ဖြူ၊ စက်တင်ဘာ ၁၂

နှစ်ပေါင်း ၁၃ဝ ခန့်ရှိ လယ်ကိုင်းမြို့ဟောင်းမှ ဘားဝပ်ကျောင်း၏ ပြာသာဒ်များ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရသိရသည်။ မကွေးတိုင်းဒေသကြီး ပွင့်ဖြူ မြို့နယ် လယ်ကိုင်းမြို့ဟောင်း၌ ရုပ်စုံကျောင်းများနှင့်အသွင်သဏ္ဌာန်ဆင်တူသည့် စေတဝန်ကျောင်းအမျိုးအစား ဘားဝပ်ဘုန်းကြီး ကျောင်းတည်ရှိပြီး ကျောင်းတော်ကြီး၏ ပြာသာဒ်ဆောင်တိုင်များ၊ ကြမ်းခင်းနှင့်ပြာသာဒ်များမှာ ယိုင်နဲ့ပျက်စီးမှုများဖြစ်ပေါ်နေသည့်အတွက် ပြုပြင်မှုများဆောင်ရွက်ရန် လိုအပ်နေခြင်းဖြစ်သည်။

''၂ဝ၁၆-၂ဝ၁၇ ခုနှစ်မှာ ယဉ်ကျေးမှုဝန်ကြီးဌာနက ကျောင်းကြီးရဲ့အဆောင်တွေက ယိုင်နေတဲ့ တိုင်တွေကို ပြန်မတ်ပေးထားပါတယ်။ လက်ရှိအခြေအနေကတော့ ကြမ်းခင်းတွေ သိပ်မကောင်းဘူး။ ပြာသာဒ်ဆောင်လုံးဝမပြင်ရသေးဘူး။ တိုင်အလုံးကြီး ၃ဝ လောက် ယိုင်နေတာကို ပြန်မတ်ဖို့ လိုနေပါတယ်။ အရန်တိုင် အလုံး ၂ဝ လောက်ကိုလည်း ပြန်မတ်ရမယ်။ အပေါ်က ပြာသာဒ်ကလည်း ပြုတ်ကျတော့မယ့် အနေအထားဖြစ်နေတယ်။ အဲဒီအတွက် ရှေးဟောင်းလက်ရာတွေကျန်ရှိနေသေးတဲ့ ဘားဝပ်ကျောင်းရဲ့ပြာသာဒ်ဆောင်တွေကို ပြုပြင်ထိန်းသိမ်းဖို့ လိုအပ်နေတာဖြစ်ပါတယ်''ဟု ဒေသခံတစ်ဦးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။


အဆိုပါဘားဝပ်ကျောင်းကြီးကို မြန်မာသက္ကရာဇ် ၁၂၅ဝ ခုနှစ်တွင် လယ်ကိုင်းမြို့အုပ်ကြီး ဦးအံထော်နီနှင့်ဇနီးဒေါ်အံထော်နီတို့က ဒင်္ဂါးဆယ်တင်းအကုန်အကျခံဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ် ကြောင်းသိရသည်။ ''မြောက်ဘက်ကကြည့်ရင် ပိုဆိုးတယ်။ သွပ်အမိုးတွေက လုံးလုံးလန်ကုန်လို့လေ။ လုံးလုံးပျက် စီးသွားရင်တော့ ယဉ်ကျေးမှုအမွေအနှစ်က အလကားဖြစ်သွားမယ်''ဟု ဒေသခံ ကိုဝင်းလှိုင်ကသူ၏အမြင်ကို ပြောပြသည်။


ကျောင်းတော်ရာ၌ မြတ်စွာ ဘုရားတရားဟောနေစဉ် တရားနာနေသည့် ဖားငယ်လေးတစ်ကောင်မှာ နွားကျောင်းသားတစ် ယောက်၏ နှင်တံထောက်မိသေဆုံး၍ ဖားနတ်သားဖြစ်ရသည့် အတိတ်အကြောင်းရှိခဲ့ပြီး ဖားငယ်တရားနာသည့်နေရာတွင် ကျောင်းကိုဆောက်လုပ်သည့်အတွက် ''ဖားဝပ်ကျောင်း''ဟုလည်းကောင်း၊ မဏိစည်သူမင်းကြီး တည်ထားခဲ့သည့် ဘားဝပ်ဘုရားကို အစွဲပြု၍ ''ဘားဝပ်ကျောင်း''ဟု လည်းကောင်းယုံကြည်မှုအပေါ် အခြေခံ၍ ခေါ်ဆိုမှုများရှိကြသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top