HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အောင်ရဲထွေးအမှုတွင် လာဘ်ငွေရယူကာ စွပ်စွဲခံများအား လွှတ်ပေးခဲ့သည်ဟုဆိုကာ တိုင်းဥပဒေချုပ်ပါ ၆ ဦးအား အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

အောင်ရဲထွေးအမှုတွင် လာဘ်ငွေရယူကာ စွပ်စွဲခံများအား လွှတ်ပေးခဲ့သည်ဟုဆိုကာ တိုင်းဥပဒေချုပ်ပါ ၆ ဦးအား အဂတိတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်
-----------------------------------------------------------------------------
တိုင်းဥပဒေအရာရှိချုပ်က ကျပ်သိန်း ၁၅၀၊ ဒုတိယခရိုင်ဥပဒေ အရာရှိက ကျပ်သိန်း ၃၀၊ ခရိုင်ဥပဒေအရာရှိက ကျပ်သိန်း ၁၃၀၊ ဒုတိယခရိုင်တရားသူကြီးက ကျပ်သိန်း ၃၃၀၊ တိုင်းဒေသကြီး ဥပဒေအရာရှိက ကျပ်သိန်း ၅၀၊ ရဲအုပ်က ကျပ်သိန်း ၃၀ လာဘ်ငွေရ ယူခဲ့ဟု စစ်ဆေးပေါ်ပေါက်ဟု ကော်မရှင်ပြောခွင့်ရဆို
-----------------------------------------------------------------------------

 ရန်ကုန်၊ စက်တင်ဘာ ၁၃-

သရုပ်ဆောင်အောင်ရဲထွေး သေဆုံးမှုတွင် လာဘ်ငွေရယူကာ စွပ်စွဲခံများ အား လွှတ်ပေး ခဲ့သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးပါ ၆ဦးအား အဂတိလိုက် စား မှုတိုက်ဖျက် ရေး ဥပဒေဖြင့် အမှုဖွင့်လိုက်ပြီး ၎င်းင်းတို့ ၆ ဦးက စုစုပေါင်း လာ ဘ်ငွေ ကျပ်သိန်း ၇၂၀ နှင့် တံစိုးလက် ဆောင်များရယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက် ခဲ့ကြောင်း အဂတိလိုက်စား မှုတိုက် ဖျက်ရေး ကော် မရှင် ပြောရေး ဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။
ကျော်စောသတင်းနှင့် စပ် လျဉ်း၍ ကော်မရှင်မှ စုံစမ်းစစ်ဆေး ရေး အဖွဲ့ဖွဲ့စည်းစစ်ဆေး ခဲ့ရာ ယင်း အမှုအား ရုပ်သိမ်းခွင့်ပြုခဲ့ရာတွင် တရားလိုပြသက်သေများကို တမင် ပေါ့လျော့ စွာ စစ်ဆေးပြီး ပြစ်မှု ကျူးလွန်ကြောင်း တရားလိုပြ သက်သေများက ထွက်ဆိုနိုင်ခြင်း မရှိဆိုသည့် အခြေအနေဖြစ်ပေါ် အောင် ဖန်တီးကာ စွပ်စွဲခံများ၏ မိဘများထံမှ လာဘ်ငွေနှင့် တံစိုး လက်ဆောင်များရယူခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင် (၃/၂၃၉၀)၊ ဒေါ်သစ်သစ်ခင်၏ တင် ပြချက်ကို ဆက်လက်စိစစ်ရာ သေချာစွာ စိစစ်ခြင်းမပြုဘဲ စွပ်စွဲခံသန်းထွဋ်အောင်၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေနှင့် တံစိုးလက်ဆောင် များရယူကာ ထောက်ခံ တင်ပြခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦး ကိုကိုလေး (ဥ/၂၄၄၃)၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေအရာရှိ ဦးသိန်း ဇော် (ဥ/၁၈၄၆) တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက် ဖျက် ရေးဥပဒေပုဒ်မ ၅၆ အရလည်း ကောင်း ၊ ဒေါ်သစ်သစ်ခင်မှ စတင် ၍ အဆင့်ဆင့် စိစစ်တင်ပြလာသည့် အမှုရုပ်သိမ်းခွင့် ကို သုံးသပ်ဆုံးဖြတ် မိန့်ချမှတ်ရာတွင် ပြည့်စုံစွာ သုံးသပ် ခြင်းမပြုဘဲ သန်းထွဋ်အောင် ၏ ဖခင်ဦးခင်မောင်လေးထံမှ လာဘ် ငွေနှင့် တံစိုးလက်ဆောင် များရယူ ကာ အမှုရုပ်သိမ်းခွင့် ချမှတ် ခဲ့သည့် ရန်ကုန်တိုင်းဒေ သကြီးဥပ ဒေချုပ် ဦးဟန်ထူးအပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅အရ လည်းကောင်း ၊ ဒေါ်သစ်သစ် ခင် တင်ပြလာသည့် အမှုရုပ်သိမ်း ခွင့်ကို သေ ချာစွာစိစစ်ခြင်းမပြုဘဲ သန်းထွဋ်အောင် ၏ ဖခင် ဦးခင်မောင်လေးထံမှ လာဘ်ငွေရ ယူကာ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားရှင်လွှတ်ပေးခဲ့သည့် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရားသူကြီး ဦးအောင် ကြည် (တ/၂၄၃၇) အပေါ် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ် မ ၅၆အရ လည်းကောင်း၊ အမှုစစ်အ ဖြစ်ဆောင် ရွက်ရာ၌ ရဲလုပ်ငန်းကုန် စင်အောင်ဆောင်ရွက်ခဲ့ခြင်းမရှိ သည့်အပြင် မိမိ၏ ရာထူးတာဝန်ကို အလွဲသုံးစား လုပ်ကာသန်း ထွဋ်အောင်၏ ဖခင်ထံမှ လာဘ်ငွေ နှင့် တံစိုးလက်ဆောင်ရယူခဲ့သည့် ရွှေပေါက္ကံနယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ်ချစ်ကိုကိုအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆အရလည်ကောင်း သုဝဏ္ဏနယ်မြေရဲစခန်းတွင် စက်တင် ဘာ ၁၃ရက်နေ့က ပထမသတင်း ပေးတိုင်ကြားချက် ဖွင့်လှစ်ကာ တရား စွဲဆိုနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း အဂတိုက်စားမှုတိုက် ဖျက်ရေးကော်မရှင်က ထုတ်ပြန် ထားသည်။
"ဒီနေ့ပဲ သုဝဏ္ဏ နယ်မြေရဲစခန်းမှာ အမှုဖွင့်လိုက်ပါ ပြီ။ တရားစွဲဆိုနိုင်ရေး ဆက်လက် ဆောင်ရွက်နေပါတယ် " ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော် မရှင် ပြောခွင့်ရ ဦးကျော်စိုးက ဒီမိုကရေစီ တူဒေးသို့ ပြောသည်။
ယင်းအမှုတွင် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေအရာရှိချုပ် ဦးဟန်ထူးက ကျပ်သိန်း ၁၅၀၊ ဘလူးလေဘယ်အ ရက် တစ်လုံးနှင့်အင်္ကျီတစ်ထည် အား လည်းကောင်း၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင် ကကျပ်သိန်း ၃၀ နှင့် ပါတိတ်လုံချည်တစ်ထည်အား လည်းကောင်း၊ ရန်ကုန် အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦး ကိုကိုလေးက ကျပ်သိန်း ၁၃၀ နှင့် ဂိုးလ်လေဘယ်အရက် တစ်လုံးအား လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်း ခရိုင် တရားရုံးမှ ဒုတိယခရိုင်တရား သူကြီး ဦးအောင် ကြည် က ကျပ်သိန်း ၃၃၀ အားလည်း ကောင်း ၊ ရန်ကုန် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀ အားလည်းကောင်း၊ ရဲအုပ်ချစ်ကိုကို က ကျပ်သိန်း ၃၀ အားလည်းကောင်း အသီးသီးရယူခဲ့ခြင်းဖြစ်ကြောင်း ဦးကျော်စိုးက ဒီမိုကရေစီတူဒေး သို့ပြောသည်။
သရုပ်ဆောင်အောင်ရဲထွေး အမှုနှင့်ပတ်သက် ပြီး စွပ်စွဲခံသန်းထွဋ်အောင် (ခ) သားကြီးအပါအဝင် သုံးဦးကို ရာဇ သတ်ကြီးပုဒ်မ (၃၀၂) အရ စွဲဆို ထားသည့်အမှုအား ရန်ကုန်အရှေ့ ပိုင်းခရိုင်တရားရုံးမှ စွဲဆိုထားသည့် ပြစ်မှုအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က)အရ ရုပ်သိမ်းခွင့်ပြုခဲ့ကြောင်း အမိန့်ချမှတ်ခဲ့ရာ ယင်းနှင့်စပ်လျဉ်း၍ ကျော်စောသတင်း ဖြင့်သတ်မှတ်ခဲ့ ကြောင်း အဂတိလိုက် စားမှုတိုက် ဖျက်ရေးနှင့်ကော်မရှင်က စက်တင် ဘာ ၁၃ရက်နေ့၊ ထုတ်ပြန်ချက်၌ဖော်ပြထားသည်။
HWA/Democracytoday
Rate this item
(0 votes)
back to top