HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အောင်ရဲထွေးအမှုတွင် လာဘ်ငွေပေးခဲ့သူကို တရားလိုပြသက်သေအဖြစ် ထားမည်

အောင်ရဲထွေးအမှုတွင် လာဘ်ငွေပေးခဲ့သူကို တရားလိုပြသက်သေအဖြစ် ထားမည်

ရန်ကုန်၊ စက်တင်ဘာ ၁၃ - သရုပ်ဆောင် အောင်ရဲထွေးသေဆုံးမှုတွင် လာဘ်ငွေ ပေးသူကို တရားလိုပြသက်သေအဖြစ်ထားမည်ဖြစ်ကြောင်း သိရသည်။

ယင်းအမှုတွင် လာဘ်ငွေရယူကာ စွပ်စွဲခံများအား လွှတ်ပေးခဲ့သည့် အတွက် ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိချုပ် ဦးဟန်ထူး ပါ ခြောက်ဦး အား အဂတိလိုက် စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ဖမ်း ဆီးလိုက်ပြီဖြစ်ကြောင်းလည်း သိရသည်။

၎င်းင်းတို့ခြောက်ဦးက စုစုပေါင်းလာဘ် ငွေကျပ်သိန်း ၇၂၀ နှင့် တံစိုးလက်ဆောင်များ ရယူခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောသည်။

ကျော်စောသတင်းနှင့်စပ်လျဉ်း၍ ကော်မရှင်မှ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးခဲ့ရာ ယင်းအမှုအား ရုပ်သိမ်းခွင့်ပြုခဲ့ ရာတွင် တရားလိုပြသက်သေများကို တမင်ပေါ့ လျော့စွာ စစ်ဆေးပြီး ပြစ်မှုကျူး လွန်ကြောင်း တရားလိုပြသက်သေများက ထွက်ဆိုနိုင် ခြင်းမရှိဆိုသည့် အခြေအနေဖြစ်ပေါ်အောင် ဖန်တီးကာ စွပ်စွဲခံများ၏မိဘများထံမှ လာဘ် ငွေနှင့် တံစိုး လက်ဆောင်များရယူခဲ့သည့် ရန်ကုန် အရှေ့ပိုင်းခရိုင်ဥပဒေရုံးမှ ဒုတိယခရိုင်ဥပဒေ အရာရှိဒေါ်သစ်သစ်ခင် (ဥ/၂၃၉၀)၊ ဒေါ်သစ် သစ်ခင်၏တင်ပြချက်ကို ဆက်လက် စိစစ်ရာ သေချာစွာစိ စစ်ခြင်း မပြုဘဲ စွပ်စွဲခံ သန်းထွဋ် အောင်၏ဖခင် ဦးခင်မောင်လေး ထံမှလာဘ်ငွေနှင့် တံစိုးလက်ဆောင် များရယူ ကာ ထောက်ခံတင်ပြခဲ့သည့် ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး (ဥ/၂၄၄၃)၊ ရန်ကုန် တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်း ဇော် (ဥ/၁၈၄၆)တို့အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက် စားမှုတိုက်ဖျက် ရေး ဥပဒေပုဒ်မ ၅၆ အရလည်း ကောင်း ၊ ဒေါ်သစ်သစ်ခင်မှ စတင် ၍အဆင့်ဆင့် စိစစ်တင်ပြ လာသည့် အမှုရုပ်သိမ်းခွင့်ကို သုံးသပ်ဆုံးဖြတ် မိန့်ချမှတ်ရာတွင် ပြည့်စုံစွာ သုံးသပ် ခြင်းမပြုဘဲ သန်းထွဋ်အောင်၏ ဖခင်ဦးခင်မောင်လေးထံမှ လာဘ် ငွေနှင့် တံစိုးလက်ဆောင်များရယူ ကာ အမှုရုပ်သိမ်းခွင့်ချ မှတ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူးအပေါ် အဂတိလိုက်စား မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရလည်းကောင်း ၊ ဒေါ်သစ်သစ် ခင်တင်ပြလာ သည့် အမှုရုပ်သိမ်း ခွင့်ကို သေချာစွာ စိစစ်ခြင်းမပြုဘဲ သန်းထွဋ်အောင်၏ ဖခင်ဦးခင် မောင်လေးထံမှ လာဘ်ငွေရယူကာ အမှုရုပ်သိမ်းခွင့်ပြုပြီး တရားရှင် လွှတ်ပေးခဲ့သည့် ရန်ကုန်အရှေ့ပိုင်း ခရိုင်တရားရုံးမှ ဒုတိယခရိုင်တရား သူကြီး ဦးအောင်ကြည် (တ/၂၄၃၇) အပေါ်အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၅၆ အရလည်း ကောင်း၊ အမှုစစ် အဖြစ် ဆောင် ရွက် ရာ၌ ရဲလုပ်ငန်းကုန်စင်အောင် ဆောင် ရွက်ခဲ့ခြင်းမရှိသည့်အပြင် မိမိ၏ ရာထူးတာဝန်ကို အလွဲသုံး စားလုပ်ကာ သန်းထွဋ်အောင်၏ ဖခင်ထံမှ လာဘ်ငွေနှင့် တံစိုးလက် ဆောင်ရယူခဲ့ သည့် ရွှေပေါက္ကံနယ် မြေစခန်း မှူး (ယခင် သုဝဏ္ဏနယ် မြေစခန်းမှူး) ရဲအုပ်ချစ်ကိုကို အား အဂတိ လိုက် စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ အရလည်းကောင်း သုဝဏ္ဏနယ်မြေရဲစခန်းတွင် စက် တင်ဘာ ၁၃ ရက်က ပထမ သတင်း ပေး တိုင်ကြားချက်ဖွင့်လှစ်ကာ တရားစွဲဆိုနိုင်ရေး ဆောင် ရွက်လျက် ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ် ပြန်ထားသည်။

"ဒီနေ့ပဲ သူတို့ ခြောက်ဦးကို ဖမ်းဆီးလိုက်ပြီဖြစ်ပါတယ်။ တရား စွဲဆိုနိုင်ရေး ဆက်လက်ဆောင် ရွက်နေပါတယ်။ ရုံးထုတ်ရမန်ယူ မယ့်ရက်တော့ အတိအကျမသိရ သေးပါဘူး" ဟု အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ပြောခွင့်ရ ဦးကျော်စိုးက စက်တင်ဘာ ၁၃ ရက်ညနေပိုင်းတွင် ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

ယင်းအမှုတွင် ရန်ကုန်တိုင်း ဒေသကြီး ဥပဒေအရာရှိချုပ် ဦးဟန် ထူးက ကျပ်သိန်း ၁၅၀၊ ဘလူးလေ ဘယ်အရက်တစ်လုံးနှင့် အင်္ကျီ တစ်ထည်ကိုလည်းကောင်း၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ ဒေါ်သစ်သစ် ခင်က ကျပ်သိန်း ၃၀ နှင့် ပါတိတ် လုံချည် တစ်ထည်ကို လည်းကောင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဥပဒေ အရာ ရှိဦးကိုကိုလေးက ကျပ်သိန်း ၁၃၀ နှင့် ဂိုးလ်လေဘယ်အရက် တစ်လုံး ကိုလည်းကောင်း၊ ရန်ကုန် အရှေ့ ပိုင်းခရိုင်တရားရုံးမှ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည် က ကျပ်သိန်း ၃၃၀ အားလည်း ကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်က ကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ရဲအုပ်ချစ်ကိုကိုက ကျပ်သိန်း ၃၀ ကိုလည်းကောင်း အသီးသီးရယူ ခဲ့ ခြင်းဖြစ်ကြောင်း ဦးကျော်စိုးက ဒီမိုကရေစီတူဒေး သို့ ပြောသည်။

လာဘ်ငွေပေးခဲ့သူနှင့် ပတ် သက်၍မူ အမှုတည်ဆောက်ရာ၌ ပိုမိုခိုင်မာစေရန် လိုပြသက်သေအ နေဖြင့်သာထားရှိရန် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင် အစည်းအဝေးမှ ဆုံးဖြတ်ထား ကြောင်း ၎င်းင်းက ဆက်လက်ပြော သည်။

သရုပ်ဆောင် အောင်ရဲထွေး အမှုနှင့်ပတ်သက်ပြီး စွပ်စွဲခံ သန်း ထွဋ်အောင်(ခ) သားကြီး အပါအ ၀င်သုံးဦးကို ရာဇသတ်ကြီးပုဒ်မ (၃၀၂) အရ စွဲဆိုထားသည့်အမှု အား ရန်ကုန်အရှေ့ပိုင်းခရိုင်တရား ရုံးမှ စွဲဆိုထားသည့်ပြစ်မှုအား ရာဇ ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၉၄ (က)အရ ရုပ်သိမ်းခွင့်ပြုခဲ့ကြောင်း အမိန့်ချမှတ်ခဲ့ရာ ယင်းနှင့် စပ် လျဉ်း၍ ကျော်စောသတင်းဖြင့် သတ်မှတ်ခဲ့ကြောင်း အဂတိလိုက် စားမှုတိုက်ဖျက်ရေးနှင့် ကော်မ ရှင်က စက်တင်ဘာ ၁၃ ရက် ထုတ် ပြန်ချက်၌ ဖော်ပြထားသည်။

ယင်းအမှုရုပ်သိမ်းခွင့်ပြု ကြောင်း အမိန့်ချမှတ်ပြီးနောက် လူထု အကြား ဝေဖန်မှုများစွာရှိခဲ့သည်။ နှစ်များစွာကြာ ဖြတ် သန်းခဲ့ သော ၎င်းင်း၏ ရှေ့နေသက်တမ်းတစ် လျှောက်တွင် မကြားခဲ့ဖူးသော တရားစီရင်ရေးကို ယခုကြားနေ ရ ကြောင်း နိုင်ငံတော်သမ္မတ ဦးဝင်း မြင့်က ဇူလိုင် ၂၉ ရက်၊ ရန်ကုန် တိုင်းဒေသကြီး အုပ်ချုပ်ရေး၊ တရား စီရင်ရေး၊ ဥပဒေပြုရေးမဏ္ဍိုင်သုံး ရပ်နှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

ယင်းနောက် ဇူလိုင် ၃၁ ရက် နံနက်ပိုင်းတွင် နေပြည်တော် ရှိ သမ္မတအိမ်တော်၌ ပြည်ထောင် စုတရားသူကြီးချုပ် ၊ ပြည်ထောင် စု ရှေ့နေချုပ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ တို့နှင့်တွေ့ဆုံကာ အမှုရုပ်သိမ်း ခြင်း ၏ နောက်ခံအကြောင်းရင်း များ၊ အခြားဆက်နွှယ်ပတ်သက်မှု များနှင့်စပ်လျဉ်း၍ တိတိကျကျစိ စစ်ကာ ဥပဒေနှင့်အညီမှန်မှန်ကန် ကန်ဆောင်ရွက်ရန် နိုင်ငံတော် သမ္မတကြီး က လမ်းညွှန်မှာကြား ခဲ့ပြီးနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော် မရှင်က စုံစမ်း စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စစ်ဆေးခဲ့ ခြင်းဖြစ်သည်။

အဂတိလိုက်စားမှုတိုက်ဖျက် ရေးဥပဒေပုဒ်မ (၅၅) အရ မည်သူ မဆို အဂတိလိုက်စားမှု ကျူးလွန် ကြောင်း ပြစ်မှုထင်ရှားပါက ၁၅ နှစ်ထက်မပိုသော ထောင်ဒဏ်ချ မှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၆)အရ မည်သူမဆို အဂတိ လိုက်စားမှုကျူးလွန်ကြောင်း ပြစ် မှုထင်ရှားပါက ၁၅ နှစ်ထက်မပို သော ထောင်ဒဏ် ချမှတ်ရမည့် အ ပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။ 

HWA/Democracytoday

Rate this item
(0 votes)
back to top