HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မယ်ဆိုင်ရေချောင်းမှ တရားမဝင်ဖြတ်သန်းလာသော ထိုင်းနိုင်ငံသား တစ်ဦးကို ထိုင်းနိုင်ငံသို့ ပြည်နှင်လွှဲပြောင်း  

မယ်ဆိုင်ရေချောင်းမှ တရားမဝင်ဖြတ်သန်းလာသော ထိုင်းနိုင်ငံသား တစ်ဦးကို ထိုင်းနိုင်ငံသို့ ပြည်နှင်လွှဲပြောင်း   

တာချီလိတ်၊ စက်တင်ဘာ ၁၃- ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီ လိတ်မြို့ မြန်မာ-ထိုင်းပိုင် မယ်ဆိုင် ရေချောင်းမှ ဝင်ရောက်လာသော ထိုင်းနိုင်ငံသား တစ်ဦးအား ထိုင်း နိုင်ငံ တာဝန်ရှိသူများထံ စက်တင် ဘာ ၁၂ ရက် နေ့လယ်ပိုင်းက မြန်မာ-ထိုင်းအမှတ်(၁)ချစ်ကြည် ရေးတံတား၌ ပြည်နှင်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နှင်ဒဏ်အမိန့် ရရှိပြီး ဖြစ်သော ထိုင်းနိုင်ငံသား Mr. Anisarus (၃၁)နှစ်အား မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ကြီးကြပ်ရေးမှူး ဦးစိန်လွင်နှင့် တာ ဝန်ရှိသူများက တာချီလိတ်မြို့မရဲ စခန်းမှခေါ်ယူ၍ လူဝင်မှုကြီးကြပ် ရေးဦးစီးဌာနခွဲ(၆)မှ တာဝန်ရှိသူ များနှင့် ပူးပေါင်းကာ အမှတ်(၁)ချစ်ကြည်ရေးတံတားမှတစ်ဆင့် တစ်ဖက်ထိုင်း နိုင်ငံတာဝန်ရှိသူများ ထံ စနစ်တကျ လွှဲပြောင်းပေးအပ်ခဲ့ သည်။


ထိုင်းနိုင်ငံသား Mr.Audo-msak  သည် ၂ဝ၁၇ ခုနှစ် သြဂုတ် ၂၇ ရက်က ပစ္စတိုသေနတ်ပုံစံတူ ဂက်(စ်)သေနတ်၊ ကျည်အိမ်မပါ (ပစ်မရ) တစ်လက်နှင့်အတူ ထိုင်း နိုင်ငံ မယ်ဆိုင်မြို့မှ နယ်စပ်ဖြတ် သန်းခွင့်လက်မှတ် အထောက်အထား တစ်စုံတစ်ရာမပါရှိဘဲ ပုန်းထွန်ရပ် ကွက်အနီး မယ်ဆိုင်ချောင်းအား ဖြတ်၍ မြန်မာနိုင်ငံ တာချီလိတ်မြို့ သို့ လည်ပတ်ရန် လာရောက်စဉ် ဖမ်းဆီးအရေးယူခံခဲ့ရခြင်းဖြစ် သည်။


အဆိုပါထိုင်းနိုင်ငံသားသည် ရာဇဝတ်ပြစ်မှုတစ်စုံတစ်ရာ ကျူး လွန်ထားခြင်းမရှိသဖြင့် ၁၉၄၇ ခု နှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ် ရေး(လတ်တလောပြဋ္ဌာန်းချက် များ)အက်ဥပဒေ-ပုဒ်မ၇(၂)အရ တရားစွဲဆိုခြင်းမပြုဘဲ လူဝင်မှုကြီး ကြပ်ရေးချုပ်နှောင်ခြင်းနည်း ဥပဒေအရ ပြည်နှင်မိန့်ကျသည့်အ တွက် ထိုင်းနိုင်ငံ တာဝန်ရှိသူများ ထံ ပြည်နှင်လွှဲပြောင်းပေးခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

TT

#democracytoday

Rate this item
(0 votes)
back to top