HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ရေနံချောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် မိသားစု ပင်စင်လာထုတ်သူ အဘွားအိုတစ်ဦး လဲကျသေဆုံး

ရေနံချောင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင်  မိသားစု ပင်စင်လာထုတ်သူ အဘွားအိုတစ်ဦး လဲကျသေဆုံး

ရေနံချောင်း၊ စက်တင်ဘာ ၂၁

မ ကွေးတိုင်း ရေနံချောင်းမြို့ မြန်မာ့စီးပွား ရေးဘဏ်တစ်ခုတွင် မိသားစုပင် စင်လာထုတ်သူ အမျိုးသမီးတစ်ဦး လဲကျသေဆုံးနေကြောင်း သိရသည်။

ဖြစ်စဉ်မှာ ရေနံချောင်းမြို့ မြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်စိုးသည် စက်တင်ဘာ ၂၁ ရက် ညနေ ၃ နာရီ ၃ဝ မိနစ်အချိန်က စခန်းမှူး တာဝန်ဆောင်ရွက်နေစဉ် သတင်းအရ သစ်တပွေရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လူတစ်ယောက်လဲကျသေဆုံးနေကြောင်း သတင်း အရ သစ်တပွေရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အဖွဲ့သက်သေများနှင့်အတူ သွားရောက်စစ်ဆေးရာ အိုးဘိုရပ်ကွက်စည်ပင်သာယာရပ်နေ ဒေါ်ရီလေးအသက် (၇၅) နှစ်သည် ခင်ပွန်းဖြစ်သူ ဦးမောင်သန်းကျောင်း ဆရာ(ငြိမ်း) ကွယ်လွန်၏မိသားစု ပင်စင်လာရောက်ထုတ်ယူပြီး အ နောက်ဘက်ရှိ အိမ်သာသို့သွား ရောက်စဉ်သွေးတိုးရောဂါဖြင့်လဲကျနေသဖြင့် ဒေါ်လဲ့လဲ့ထွေး (၅၆) နှစ်ဘဏ်အကြီးတန်းစာရေးနှင့်ကို ကျော်ရွှေဒုကြီးကြပ်ရေးမှူးပင်စင်ဌာနရှိ အဆိုပါဘဏ်၌နေသူတို့နှင့်အတူ သွားရောက်ကြည့်ရှုရာပြင်ပ ဒဏ်ရာမရှိဘဲ သေဆုံးနေကြောင်း တွေ့ရှိရပြီး သေဆုံးသူဒေါ်ရီလေး၏ အလောင်းအား မြို့နယ်ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

 

ဖြစ်စဉ်နှင့်ပတ်သက်၍ စက်တင်ဘာ ၂၁ ရက် ညနေ ၄ နာရီ ၁ဝ မိနစ်တွင် ဒုရဲမှူးမြင့်စိုးမှ တရား လိုပြုလုပ်တိုင်တန်းသဖြင့် သေမှူး သေခင်းအမှတ်စဉ် ၃/၂ဝ၁၈ ဖြင့် အမှုဖွင့်ပြီး ဓမ္မတာအရသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

SS

#democracytoday

Rate this item
(0 votes)
back to top