HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အမိုနီယမ်နိုက်ထရိတ် ဟု ယူဆရသည့်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး နယ်စပ်လမ်းကြောင်းပေါ်၌ ဖမ်းဆီးရမိ  

အမိုနီယမ်နိုက်ထရိတ် ဟု ယူဆရသည့်အိတ်များ တင်ဆောင်လာသော မော်တော်ယာဉ်တစ်စီး နယ်စပ်လမ်းကြောင်းပေါ်၌ ဖမ်းဆီးရမိ   

ဗန်းမော်၊ စက်တင်ဘာ ၂၁

ကချင် ပြည်နယ် မိုးမောက်မြို့နယ်တွင် တစ်ဖက်နိုင်ငံဘက်မှ မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် အမိုနီယမ်နိုက်ထရိတ်ဟု ယူဆရသည့်အိတ်များကို နယ်စပ်လမ်း ကြောင်းပေါ်၌ တွေ့ရှိဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

မိုးမောက်မြို့နယ် ဗန်းမော်- မိုးမောက်-လွယ်ဂျယ်သွားကားလမ်း မပေါ်ရှိ စိန်လုံပူးပေါင်းစစ်ဆေး ရေးဂိတ်တွင် ရဲကင်းမှူးရဲအုပ်ကျော် စိုးနိုင်နှင့်အဖွဲ့၊ နယ်မြေခံတပ်မှ ဗိုလ် ကြီးဇော်မျိုးသူနှင့်အဖွဲ့တို့သည် စက်တင်ဘာ ၂ဝ ရက် နံနက် ၁၁ နာရီခွဲခန့်က လွယ်ဂျယ်ဘက်မှ အောင်မင်းဦး (၂၈) နှစ်၊ ပင်စင် ကုန်းရပ် ဗန်းမော်မြို့နေသူ မောင်းနှင်ပြီး မျိုးမြင့်အောင် (၂၃)နှစ်၊ ပင်စင်ကုန်းရပ်၊ ဗန်းမော်မြို့နေသူ လိုက်ပါလာသည့် 2L/.... ဒေါင် ဖန်းအပြာရောင် ခြောက်ဘီးမော် တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ပေါ်တွင် သာကူစေ့များ ထည့်ထားသည့် ဖော့ဖာ(၅၄) ဖာ အောက်တွင် တင်ဆောင်လာသည့် SEAWEED OLYSACCHA-RIDE Fertilizer 18-5-25 (48%) စာတန်းပါ အမိုနီယမ်နိုက်ထရိတ် ဟု ယူဆရသော ဓာတ်မြေသြဇာ (အစိမ်းနုရောင်) စုစုပေါင်းအိတ် (၃၅ဝ) တွေ့ရှိခဲ့သည်။

 

''အမိုနီယမ်နိုက်ထရိတ် ဟုတ်၊ မဟုတ် စိုက်ပျိုးရေးဦးစီးဌာနကို ပို့ဆောင်စစ်ဆေးနေပါတယ်။ ဟုတ်ရင်တော့ ဥပဒေအရ အမှုဖွင့်အ ရေးယူဆောင်ရွက်သွားပါ့မယ်''ဟု ဗန်းမော်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက ဒီမိုကရေစီတူဒေးသို့ ပြောသည်။အဆိုပါအိတ်များအား တရုတ်နိုင်ငံ၊ ကျန်ဖုန်းမြို့၊ လားရင်း ကျေးရွာမှ သယ်ဆောင်လာပြီး ဗန်းမော်ခရိုင်၊ ရွှေကူမြို့သို့ ပို့ဆောင်မည့် ပစ္စည်းများဖြစ်ကာ ယင်းမော် တော်ယာဉ်မှာလည်း လိုင်စင်မဲ့မော် တော်ယာဉ်ဖြစ်ကြောင်း၊ အမိုနီယမ် နိုက်ထရိတ်ဟုတ်၊ မဟုတ်သိရှိနိုင် ရန် မော်တော်ယာဉ်နှင့် ဓာတ်မြေ သြဇာအိတ်များအား စိန်လုံပူးပေါင်း စစ်ဆေးရေးဂိတ်မှ မိုးမောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးသို့ ခေါ် ဆောင်ထိန်းသိမ်းကာ စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

MTH

#democracytoday

Rate this item
(0 votes)
back to top