HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မင်းပြားမြို့နယ်တွင် ကျွဲအကောင် ၅ဝ ကျော် အမည်မသိရောဂါဖြင့် သေဆုံး  

မင်းပြားမြို့နယ်တွင် ကျွဲအကောင် ၅ဝ ကျော် အမည်မသိရောဂါဖြင့် သေဆုံး   

ရန်ကုန်၊စက်တင်ဘာ ၂၃

မင်း ပြားမြို့နယ်အတွင်း လွှတ်ကျောင်းထားသော ကျွဲအကောင် ၅ဝ ကျော် အမည်မသိရောဂါဖြင့် သေဆုံးမှု ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ သေဆုံးနေသည့်ကျွဲများမှာ အိုးပျဉ်ထောင်ကျေးရွာတစ်ခုတည်းမှ ဖြစ်ပြီး စက်တင်ဘာ ၂၃ ရက်နေ့ အထိ ရွာသားများကောက်ယူထား သောစာရင်းအရ ကျွဲ ၅၅ ကောင် သေဆုံးသွားပြီဖြစ်ပြီး နောက်ထပ် ၄၅ ကောင် ပျောက်ဆုံးနေသေးသည်ဟုလည်း ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး မင်းပြားမြို့နယ် တိရစ္ဆာန်မွေးမြူ ရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီး အရာရှိ ဒေါက်တာချစ်ဦးလွင်နှင့် အဖွဲ့သည် အိုးပျဉ်ထောင်ကျေးရွာသို့ စက်တင်ဘာ ၂၃ ရက်တွင် ရောက်ရှိနေပြီး စက်တင်ဘာ ၂၄ ရက်နေ့တွင် တောင်ပေါ်သို့ သွား ရောက်ကြည့် ရှုစစ်ဆေးကြမည် ဖြစ်သည်။ ''မနက်စောစော တောင်ပေါ်ကိုတက်မယ်။ တက်ပြီးတော့မှ အဲဒီ သေတဲ့ အကောင်ဘလောင်တွေရဲ့ အင်္ဂါအစိတ်အပိုင်းအချို့ပေါ့။ ပြီး တော့ သူတို့သောက်တဲ့ သောက်ရေကန်တို့၊ ရေအိုင်တို့ကနေ ရေနမူ နာတွေယူပြီးတော့ ကျွန်တော်တို့ ဓာတ်ခွဲခန်းပို့ရမှာပေါ့လေ။ ဓာတ်ခွဲခန်းပို့တော့ ကူးစက်ရောဂါဆိုလည်း ကူးစက်ရောဂါဆိုပြီးတော့သိရမှာပေါ့နော်။ ကူးစက်ရောဂါ မဟုတ်ရင်လည်း Water Poison  လား၊ ဘာလားပေါ့''ဟု ဒေါက်တာချစ်ဦးလွင်က ပြောသည်။


မင်းပြားမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးက ''ရွာသားတွေက မိုးတွင်း လယ်ထွန်ပြီးရင် သူတို့ကျွဲတွေကို အနားပေးတဲ့အနေနဲ့ တောင်ပေါ်ကို လွှတ်ကျောင်းထားကြတယ်၊ သူတို့လိုအပ်တဲ့အချိန်ကျမှ သွားယူကြတာ။ အဲဒါ နှစ်တိုင်းလုပ်နေ ကျအစဉ်အလာတစ်ခုပဲ၊ မနေ့က သူတို့ကျွဲတွေ သွားယူမယ့်အချိန်ကျမှ သွားကြည့်တော့ အဲဒီကျွဲ တွေ သေနေတာ တွေ့ရတာ'' စက်တင်ဘာ ၂၃ ရက်တွင် ဒီမိုကရေ စီတူဒေးသို့ ပြောသည်။ လူမှုကွန်ရက် စာမျက်နှာ များတွင် ပျံ့နှံ့နေသကဲ့သို့ ကျွဲအ ကောင်ရေ ရာချီသေဆုံးနေသည် မှာ မဟုတ်မှန်ကြောင်း၊ သက်ဆိုင်ရာ တိရစ္ဆာန်မွေးမြူရေးနှင့် ကုသ ရေးဦးစီးဌာန တာဝန်ရှိသူများက ရောဂါဖြစ်ပွားရသည့် အကြောင်း ရင်းကိုရှာဖွေလျက်ရှိကြောင်း ၎င်းက ပြောသည်။


''အဲဒီဒေသနားက ရွာတွေက ကုလားမတောင်ပေါ်ထဲ ကျွဲ တွေကိုလွှတ်လိုက်တာ။ သူတို့လိုချင်တဲ့အချိန်ကျမှ ပြန်ပြီးတော့ သွားယူကြတာ၊ ဘာဖြစ်လို့လဲဆို တော့ ကျွဲတွေက လယ်ထွန်လို့ ပင်ပန်းသွားတယ်လေ။ ပင်ပန်းသွားတယ်ဆိုတော့ ကျွဲတွေကို လွတ်လပ်ခွင့်နည်းနည်းလောက်ပေးလိုက်တာ။ လွတ်လွတ်လပ်လပ်နေပါစေဆိုပြီး တောင်ပေါ်မှာ အဲဒီလိုပဲ လွှတ်ကျောင်းထားတာ၊ ဒီလို မျိုးသေတယ်ဆိုတာတော့ တစ်ခါ မှမရှိဖူးဘူး''ဟု မင်းပြားမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ မလှလှနုကပြောသည်။ ယင်းသို့ ကျွဲနွားများ သေဆုံးမှုသည် Haemorrhagic Septicaemia  ရောဂါဖြစ်နိုင်ကြောင်း၊ အဆိုပါရောဂါသည် ရွာလုံးကျွတ် သေဆုံးနိုင်သည့် ရောဂါတစ်မျိုး ဖြစ်ပြီး ကြိုတင်ကာကွယ်ဆေးထိုး ရသည့် ရောဂါဖြစ်ကာ ဖြစ်ပွားမှ ကုသလျှင် မမီတော့ကြောင်း တိ မွေးကု တက္ကသိုလ်ပါမောက္ခချုပ် ဟောင်း ဒေါက်တာမောင်မောင်စံက ပြောသည်။


တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန အကြီးတန်းအရာရှိတစ်ဦးက''သက်ဆိုင်ရာ မွေးကုက ဆရာ၊ဆရာမတွေက early information  ရရင်ဆောင်ရွက်ရမယ့် စနစ်နဲ့လုပ်ငန်းတွေ သူတို့သိ ပြီးသားပါ။ သိသင့်တဲ့သူကို အသိ ပေးသတင်းပို့ထားပြီးပါပြီ'' ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ် ၁၅ ရက်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ် ဒုံဟီးဒေသတွင် ဖြစ်ပွားခဲ့သည် ကြက်ညှာချောင်း ဆိုးရောဂါ (Aucte Virus Infection) ဟုယူဆရသည့် အသက်ရှူ လမ်းကြောင်းမှတစ်ဆင့်ကူးစက် တတ်သော ရောဂါများကြောင့် ကလေးငယ် ခုနစ်ဦးသေဆုံးခဲ့ရ ပြီး လူ ၃၅၇ ဦး ရောဂါဝေဒနာ ခံစားခဲ့ရကြောင်း သိရသည်။

NT, GC

#democracytoday

Rate this item
(0 votes)
back to top