HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မူးယစ် သတင်းအရ အကျဉ်းသားတစ်ဦးကို ခေါ်စစ်ရာမှ စစ်တွေထောင် အတွင်း ဆူပူမှုဖြစ်ပွား

မူးယစ် သတင်းအရ အကျဉ်းသားတစ်ဦးကို ခေါ်စစ်ရာမှ စစ်တွေထောင် အတွင်း ဆူပူမှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၆

စစ် တွေအကျဉ်းထောင်အတွင်း မူး ယစ်သတင်းအရ အကျဉ်းသား တစ်ဦးကို ခေါ်ယူစစ်ဆေးရာမှ ဆူပူမှုဖြစ်ပွားခဲ့ကြောင်း သိရ သည်။  ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်တော်သာရပ်ရှိ စစ်တွေအ ကျဉ်းထောင်အတွင်း၌ အောက် တိုဘာ ၆ ရက် နံနက် ၈ နာရီခန့် က မူးယစ်ဆေးဝါးသတင်းအရ မူးယစ်မှုဖြင့်အကျဉ်းကျနေသည့် ကျော်ကျော်ကို ထောင်တာဝန်ရှိ သူက ခေါ်ယူစစ်ဆေးစဉ် အကျဉ်း သားနှင့် ထောင်ဝန်ထမ်းတို့ ရုန်း ရင်းဆန်ခတ်ဖြစ်ပွားပြီး ထောင်ဆူ ပူမှုဖြစ်ပေါ်ခဲ့ကြောင်း ရခိုင်ပြည် နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

ထိုသို့ ရုန်းရင်းဆန်ခတ်ဖြစ် ရာတွင် အကျဉ်းထောင်မှ ထောင် မှူးတစ်ဦးနှင့် ထောင်ဝန်ထမ်း တစ်ဦးတို့ ဒဏ်ရာရရှိသော်လည်း ဆေးရုံတက်ရောက်ခြင်းမရှိခဲ့ ကြောင်း ရခိုင်ပြည်နယ်ရဲတပ် ဖွဲ့ထံမှ သိရသည်။ ဆူပူမှုသည် နံနက် ၈ နာရီ ခွဲအချိန်တွင်တည်ငြိမ်ခဲ့ပြီး အ ကျဉ်းသားများနှင့် ထောင်တာဝန် ရှိသူတို့ ပြေလည်မှုရှိစေရန် ညှိ နှိုင်းမှုပြုလုပ်ခဲ့ရသည်။ အမှတ် (၄) လုံခြုံရေး ရဲကွပ် ကဲမှုအဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် မြဝင်းက ''မနက်က စစ်ဆေးစရာ ရှိတဲ့ ထောင်ကျအကျဉ်းသားများ ကိုခေါ်တယ်။ မလိုက်ဘူး။ လိုက် မယ်နဲ့ အဲဒီမှာ ရုန်းရင်းဆန်ခတ် ဖြစ်တယ်။ ထောင်ထဲမှာကလည်း မူးယစ်ဆေးဝါးရောင်းတယ်ဝယ် တယ်ဆိုတာကို ခေါ်ယူစစ်ဆေး တဲ့ သဘောရှိတယ်။ အဲဒါကို သူရဲ့ အပေါင်းအသင်းတွေကနေ သည်း မခံနိုင်လို့ ဖြစ်ကြတာပေါ့။ အဲ့ဒီက နေ ထောင်ဆူတယ်ဆိုပြီး အသံ ထွက်သွားတယ်။ ဆွဲလားရမ်းလား လုပ်တဲ့အတွက် နားရွက်အနောက် မှာ ဒဏ်ရာရတာရှိတယ်။ ထောင် ဝန်ထမ်းသေတာလည်း မရှိဘူး။ လုံခြုံရေးကိုလည်း အချိန်မီပြန် လည်ထိန်းသိမ်းနိုင်တယ်''ဟု ဒီမို ကရေစီတူဒေးသို့ ပြောသည်။


ဆူပူမှုဖြစ်ပေါ်ပြီးနောက် ပြည်သူများအထိတ်တလန့်မဖြစ် ပေါ်စေရေးအတွက် ထောင်ဗူးဝ နှင့် ထောင်ဝန်းကျင်တစ်ဝိုက်တို့ တွင် နယ်မြေရဲ၊ လုံခြုံရေး ရဲတပ် ဖွဲ့ခွဲတို့မှ လုံလောက်သည့်အင် အားဖြင့် အနီးကပ်စောင့်ကြပ်မှုပြု လုပ်ခဲ့ရကြောင်း ၎င်းကပြော သည်။ ''အခုလောလောဆယ် အ ခြေအနေ အေးအေးဆေးဆေးရှိ ပါ တယ်။ အားလုံးစည်းကမ်းတကျ ရှိပါတယ်။ ပစ်ခတ်တာတွေလည်း မလုပ်ရဘူး။ အဲဒီကတာဝန်ရှိတဲ့ ခြောက်ယောက်ကိုလည်း လိုအပ် ချက်လေးတွေကစ ဖြည့်ဆည်း ဆောင်ရွက်ပေးထားတယ်။ သူ့တို့ ကိုခေါ်ပြီးတွေ့ပြီးတော့မှ လိုအပ် ချက်လေးတွေကို ပြောတယ်။ထောင်ကလည်း ဆောင်ရွက်သင့် တာတွေလည်း တင်ပြတယ်။ အခု တော့ ကျေနပ်သွားပါတယ်''ဟု ရဲမှူးချုပ်မြဝင်းက ဒီမိုကရေစီတူ ဒေးသတင်းစာသို့ အောက်တို ဘာ ၆ ရက်က ပြောသည်။  ဆူပူမှုဖြစ်ခဲ့သည့်စစ်တွေ အ ကျဉ်းထောင်သို့ အောက်တိုဘာ ၇ ရက်တွင် အကျဉ်းဦးစီးဌာနမှ ညွှန် ကြားရေးမှူးချုပ်ဦးမြင့်စိုး သွား ရောက်မည်ဖြစ်ကြောင်း သိရသည်။


''အကျဉ်းထောင်ဝင်းအ တွင်း ပြည်နယ်အစိုးရအဖွဲ့ လုံခြုံ ရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး အ ပါအဝင် အစိုးရအဖွဲ့တာဝန်ရှိသူ တွေ ရောက်နေတယ်ပြောတယ်။ ထောင်ဝင်စာလာတွေ့တဲ့သူတွေ ကိုလည်း လောလောဆယ် ဝင် ရောက်တွေ့ဆုံခွင့်မပြုသေးဘူး'' ဟု ထောင်ဝင်စာလာတွေ့သူတစ် ဦးက ပြောသည်။ အကျဉ်းထောင်အတွင်းမှ ကြွေးကြော်သံကဲ့သို့ အသံများကြား ရကြောင်း အကျဉ်းထောင်အနီး တွင်နေထိုင်သူတစ်ဦးက ဒီမိုကရေ စီတူဒေးသို့ ပြောသည်။ ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရဲ အရာရှိတစ်ဦးက ''ဒီမှာရှိတဲ့ရဲက အကုန်လုံးနီးပါးလောက်ရှိတယ်။ နယ်ရဲက ၁ဝဝ လောက်ရှိတယ်။ အခုထိ ပြန်မလာသေးဘူး။ အရာ ရှိတစ်ယောက်နဲ့ အခြားအဆင့် တစ်ယောက် ထိုးကြိတ်ခံရတယ်။ စစ်ဆေးတာနဲ့ပတ်သက်လို့ မခံနိုင် ရင်း ဖြစ်သွားတာ''ဟု ဒီမိုကရေစီ တူဒေးသို့ပြောသည်။


မူးယစ်ဆေးဝါးသတင်းကို အခြေခံ၍ စစ်မေးရန်ခေါ်ခြင်း သည် အကျဉ်းထောင်ဥပဒေနှင့် အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အကျဉ်းဦးစီးဌာနတွင် ထောင်မှူး ကြီးအဆင့်ထိ တာဝန်ထမ်းဆောင် ခဲ့သည့် ဦးခင်မောင်မြင့်က ပြော သည်။ ''အထူးရှာဖွေတာမျိုးကို ကြို တင်အကြောင်းမကြားဘဲနဲ့ တစ် ထောင်လုံးလုပ်ချင်လုပ်တယ်။ အခန်းတစ်ဆောင်တည်း လုပ်ချင် လုပ်တယ်။ အခုဖြစ်စဉ်မျိုးသတင်း တိတိကျကျရရင် ရတဲ့အကျဉ်းသား ကို သော်လည်းကောင်း၊ ရတဲ့အိပ် ဆောင်ကိုသော်လည်း၊ တိုက်ခန်း ကိုသော်လည်းကောင်း အကျဉ်း ထောင်လက်စွဲဥပဒေအရ ရှာဖွေ စစ်မေးခွင့်ရှိတယ်။ အချိန်မီ ထိန်းသိမ်းနိုင်တယ်ဆိုတော့ အကျဉ်းထောင် လက်စွဲဥပဒေနဲ့ ညီတယ်''ဟု ¤င်းက ဒီမိုကရေစီတူ ဒေးသို့ ပြောသည်။

WYHW

#democracytoday

Rate this item
(0 votes)
back to top