HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အသိမ်းဆည်းခံမြေများ ပြန်လည် စွန့်လွှတ်ရန်ကိစ္စ ပြည်ထောင်စု ဝန်ကြီးဌာနသို့ တင်ပြထားသော်လည်း ပြန်မစွန့်လွှတ်သည့် ကိစ္စများရှိနေဟု တိုင်းဒေသကြီး ဝန်ကြီးပြော

အသိမ်းဆည်းခံမြေများ ပြန်လည် စွန့်လွှတ်ရန်ကိစ္စ ပြည်ထောင်စု ဝန်ကြီးဌာနသို့ တင်ပြထားသော်လည်း ပြန်မစွန့်လွှတ်သည့် ကိစ္စများရှိနေဟု တိုင်းဒေသကြီး ဝန်ကြီးပြော

မကွေး၊ အောက်တိုဘာ ၈

မကွေးတိုင်းဒေသကြီးအတွင်းရှိ အသိမ်းဆည်းခံ မြေများ နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးဌာနသို့ ပြန်လည်စွန့်လွှတ်ပေးရန် အကြံပြုတင်ပြထားသော်လည်း အကြောင်းအမျိုးမျိုးပြပြီး ပြန်မစွန့်လွှတ်သည့် ကိစ္စများရှိနေကြောင်း မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက ပြောကြားသည်။

အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက မကွေးမြို့ မြို့တော်ခန်းမ၌ကျင်းပသည့် သိမ်းဆည်းမြေ ပြန်လည်စိစစ်ရေးလုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာမူဝါဒ၊ လုပ်ထုံးလုပ်နည်းများအပေါ် အသုံးချနိုင်မှုများအား စိစစ်သုံးသပ်ခြင်း စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ် ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ''မြေစစ်ကော်မတီအဆင့်ဆင့်က မူဝါဒအရ သိမ်းဆည်းခံမြေတွေကို ပြန်လည်စွန့် လွှတ်သင့်ပါတယ်ဆိုပြီး အကြံပြုချက် တင်ပြထားသော်လည်း ပြည်ထောင်စုဝန်ကြီးဌာနက အကြောင်းအမျိုးမျိုးပြပြီးတော့ မစွန့်လွှတ်တဲ့ကိစ္စတွေ ပြန်လည်စွန့်လွှတ်ဖို့ နှောင့် နှေးနေတဲ့ကိစ္စတွေ ရှိနေပါတယ်။ ဒါကြောင့် တိုင်ပင်ညှိနှိုင်း အဖြေရှာဖို့ လိုပါတယ်''ဟု ၎င်းကပြောသည်။


အဆိုပါ သိမ်းဆည်းခံမြေများ ပြဿနာများကိုဖြေရှင်းရန်ကိစ္စ အထူးဦးစားပေး ဆောင်ရွက်နေသော်လည်း မြေယာကိစ္စ၏ ရှုပ်ထွေးသည့် သဘောသဘာဝများရှိနေခြင်း၊ မြေယာမူဝါဒတွင် လိုအပ်ချက်များ ရှိနေခြင်းများကြောင့် ကြန့်ကြာမှုများ ရှိနေကြောင်း၊ မကွေးတိုင်းဒေသကြီးတွင် တပ်သိမ်းမြေ၊ ကုမ္ပဏီသိမ်းမြေ၊ ဌာနဆိုင်ရာသိမ်းမြေစသည့် သိမ်းဆည်းမြေများမှ တပ်သိမ်းမြေပြဿနာကို ဆွေးနွေးပွဲတွင် အထူးဆွေးနွေးရန် လိုအပ် ကြောင်း ဝန်ကြီးဦးဝင်းမော်ဌေးက ပြောကြားခဲ့သည်။ အဆိုပါဆွေးနွေးပွဲသို့ မကွေးတိုင်းဒေသကြီးအတွင်းရှိ တိုင်းခရိုင်၊ မြို့နယ်မှ လယ် ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ ကော်မတီ ဝင်များ တက်ရောက်ကြပြီး အသိမ်းဆည်းခံ လယ်ယာမြေ စုစုပေါင်းဧက လေးသိန်းခွဲ ခန့်ရှိကြောင်း သိရသည်။ 

ZZ

#democracytoday

Rate this item
(0 votes)
back to top