HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တိုင်းဒေသကြီး ဝန်ကြီးများ တာဝန်ကျေရုံ လာမဖြေရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သတိပေး

တိုင်းဒေသကြီး ဝန်ကြီးများ တာဝန်ကျေရုံ လာမဖြေရန် စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ သတိပေး

မုံရွာ၊ အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွင်း ကိုယ်စားလှယ်များ၏ မေးခွန်းကို သက်ဆိုင်ရာ တိုင်းဒေသကြီးဝန် ကြီးများက လာရောက်ဖြေဆိုရာတွင် ဖြေကြားချက် မပြည့်မစုံဖြင့် တာဝန် ကျေရုံ လာရောက်ဖြေဆိုခြင်း မလုပ်ကြရန် တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌဦးသန်းက သတိပေး ပြောဆိုလိုက်ကြောင်း သိရသည်။

အောက်တိုဘာ ၈ ရက်က ပြုလုပ်သော (၁၆)ကြိမ်မြောက် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် အစည်းအဝေး နောက်ဆုံးနေ့ နိဂုံးချုပ်အမှာ စကားပြောရာတွင် ယင်းကဲ့သို့ ပြောကြားလိုက်ခြင်းဖြစ်သည်။ ''လွှတ်တော်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို လေးစားသောအား ဖြင့် ပြည့်ပြည့်စုံစုံ အလေးထားဖြေကြားဖို့၊ မိမိတို့ရဲ့ ဖြေကြားချက်တွေကို စနစ်တကျ မှတ်တမ်းတင်ထားဖို့ လိုပါတယ်''ဟု တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။


ယခုပြီးစီးခဲ့သော လွှတ်တော်အစည်းအဝေးတွင် ဒီပဲယင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းကို တိုင်းဒေသကြီး စီမံ/ဘဏ္ဍာ ဝန်ကြီးက ဖြေကြားရမည်ဖြစ်သော်လည်း ၎င်းမှာ ခွင့်တိုင်သဖြင့် စိုက်/ မွေး/ဆည်မြောင်း ဝန်ကြီးက မတ်တတ်ထကာ အဖြေမပါသေးသော် လည်း နောက်နေ့မှ ဖြေကြားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းအပြင် တိုင်းဒေသကြီးဝန်ကြီးများ၏ ဖြေဆိုချက်ကို အားမရသဖြင့် လွှတ်တော်ကိုယ်စားလှယ်များက ထပ်ဆင့်မေးမြန်းမှုများမှာလည်း ပိုများလာကြောင်း သိရသည်။ 

KTS

#democracytoday

Rate this item
(0 votes)
back to top