HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ရဲတပ်ရင်း (၂၈) တည်ဆောက်စဉ် သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးပေးမည်

ရဲတပ်ရင်း (၂၈) တည်ဆောက်စဉ် သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးပေးမည်

မုံရွာ၊ အောက်တိုဘာ ၉

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ်တွင် ရဲတပ်ရင်း (၂၈) တည်ဆောက်စဉ်က သိမ်းဆည်းခဲ့သော မြေယာများအတွက် လျော်ကြေးအမြန်ဆုံး ထုတ်ပေးသွားမည်ဟု တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပြောကြားသည်။

အောက်တိုဘာ ၈ ရက်ကပြုလုပ်သော (၁၆) ကြိမ်မြောက်စစ် ကိုင်းတိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ယင်းမာပင် မြို့နယ်လွှတ်တော်ကိုယ်စားလှယ်က ရဲတပ်ရင်း တည်ဆောက်ခြင်း ကြောင့် မြေယာဆုံးရှုံးခဲ့သည့် တောင်သူများကို အမြန်ဆုံးဖြေ ရှင်းဆောင်ရွက်ပေးနိုင်ရန် မေးခွန်း မေးမြန်းစဉ် တိုင်းဒေသကြီးဝန်ကြီးကယင်းကဲ့သို့ ဖြေကြားခြင်းဖြစ်သည်။ ''လျော်ကြေးတွက်ချက်မှုပုံစံမှာ ဗဟိုလယ်ယာမြေစီမံခန့်ခွဲမှုအ နေဖြင့် အတည်ပြုလက်မှတ်ရေး ထိုးပြီးပြီတွက်ချက်မှုပုံစံကို အမြန်ဆုံးသွားထုတ်ပြီး လျော်ကြေးပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမှာပါ'' ဟုတိုင်းဒေသကြီးဝန်ကြီးက ပြောကြားသည်။


ရဲတပ်ရင်း (၂၈)ကို ယင်းမာပင်မြို့နယ် စုန်းကျင်းရွာနှင့်အုံတုံပင်ကျေးရွာတို့တွင် ၂ဝ၁၃ခုနှစ်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ဒေသခံတောင်သူများနှင့် ပြ ဿနာဖြစ်ပွားခဲ့ပြီး လယ်ယာမြေများရှိ တောင်သူများလုပ်ကိုင်ခဲ့ သော ထန်းပင်များအတွက် လျော် ကြေးငွေများပေးအပ်ခဲ့သော် လည်းတောင်သူ ၁၈ ဦးတွင် ၁ဝ ဦးသာလက်ခံရယူခဲ့သည်။ တောင်သူများက ၎င်းတို့ဆုံး ရှုံးနစ်နာမှုများကို ၂ဝ၁၇ ခုနှစ်တွင် တိုင်းဒေသကြီးလယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီသို့ တင်ပြခဲ့ပြီး တိုင်းမြေစစ်အထူး အဖွဲ့မှ စိစစ်ခဲ့ပြီးယင်းလယ်ယာ မြေများကို လျော်ကြေးငွေကျပ်သိန်း ၂၂ဝဝကျော် ပေးချေရန်တိုင်းဒေ ကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ အတည်ပြုလက်မှတ်ရေးထိုးထားကြောင်းသိရသည်။ 

KTS

#democracytoday

Rate this item
(0 votes)
back to top