HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဇလုံတောင်ရှိရာ သစ်တောကြိုးဝိုင်းနေရာကို သဘာဝခရီးသွား နယ်မြေအဖြစ် တိုးမြှင့်ဖွဲ့စည်းသွားမည်

ဇလုံတောင်ရှိရာ သစ်တောကြိုးဝိုင်းနေရာကို သဘာဝခရီးသွား နယ်မြေအဖြစ် တိုးမြှင့်ဖွဲ့စည်းသွားမည်

နေပြည်တော်၊ အောက်တိုဘာ ၉

လူအများစိတ်ဝင်စားပြီး သွားလာမှု များပြားနေသည့် စစ်ကိုင်းတိုင်းဒေသကြီး ဗန်းမောက်မြို့နယ်ရှိ ဇလုံ တောင်ရှိရာ သစ်တောကြိုးဝိုင်းနေရာအား သဘာဝခရီးသွားလာရေး နယ်မြေအဖြစ် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာ ၉ ရက် နံ နက်ပိုင်းက နေပြည်တော်ရှိ Royal NayPyiTaw  ဟိုတယ်တွင်ကျင်းပသည့် ၂ဝ၁၈ ခုနှစ်၊ မေလ ၂၁ ရက်က ပြဋ္ဌာန်းခဲ့သည့် ဇီဝမျိုးစုံ မျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေး နယ်မြေများ ကာကွယ်စောင့်ရှောက် ခြင်းဆိုင်ရာ ဥပဒေအားနည်း ဥပ ဒေပြဋ္ဌာန်းနိုင်ရေး အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအပြီး သတင်းထောက် များနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်း ဖြစ်သည်။

 

''ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ နိုင်ငံတကာကွန်ဗင်မန့် ကတိကဝတ်မှာ ကျွန်တော်တို့မြန်မာနိုင်ငံက သဘာဝနယ်မြေ၊ မြန်မာနိုင်ငံဧရိယာရဲ့ ၁ဝ ရာခိုင်နှုန်းသဘာဝနယ်မြေပြည့်အောင် ဖွဲ့စည်းမယ်လို့ ကတိကဝတ်ပြုထားပါတယ်။ အခုကျွန်တော်တို့ ၅ ဒသမ ၇၉ ရာခိုင်နှုန်းရှိပြီး ဖွဲ့စည်း ပြီးဖြစ်ပါတယ်။ ဒါကြောင့် ၁ဝ ရာ ခိုင်နှုန်းပြည့်အောင်ဖွဲ့တဲ့အခါမှာ သဘာဝထိန်းသိမ်းရေးနယ်မြေ အလားအလာရှိတဲ့နေရာတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာမှ ဇလုံတောင်က တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဇလုံတောင်ဆိုတာက လက်ရှိဇလုံတောင်ကြီးတစ်ခုလုံးရဲ့ပတ်ဝန်းကျင် အဲ့ဒီမှာရှိတဲ့ဧက၊ ဧရိယာအကျယ်အဝန်းကြီးတစ်ခုလုံးဟာ သစ်တော ကြိုးဝိုင်းတွေနဲ့ ဖွဲ့စည်းပြီးသား ဖြစ်ပါတယ်။

 

အဲဒီမှာ ယခင်တုန်းက သစ်ထုတ်ခဲ့တယ်။ အခုမထုတ် တော့ဘူး။ ဇလုံတောင်ဟာ ဘုရားရဲ့နယ်မြေ၊ နောက်သဘာဝကို အခြေခံတဲ့ ခရီးသွားလုပ်ငန်းကလည်း ဖွံ့ဖြိုးလာတော့ အဲ့ဒီနေရာကို ကြိုးဝိုင်းအစား သဘာဝနယ်မြေအဖြစ် တိုးမြှင့်ပြီး ပြောင်းလဲမှာဖြစ်ပါတယ်'' ဟု သစ်တောဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် ကျော်လွင်က ပြောကြားသည်။ ဇလုံတောင်သို့ တစ်နှစ်ထက်တစ်နှစ် ခရီးသွားလာမှုတိုးတက်များပြားလာပြီး ယမန်နှစ် ပွင့်လင်းရာသီတွင် ခရီးသွားဦးရေ နှစ်သိန်းမှ သုံးသိန်းအထိသွားလာမှုများ ပြားခဲ့သည့်အတွက် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလာနေကြောင်း သိရသည်။ 

MP

#democracytoday

Rate this item
(0 votes)
back to top