HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မုဒုံမြို့နယ် လမ်းပေါ်တွင်တွေ့ရှိသော ကျောက်နီများမှာ ပတ္တမြားကျောက်နီ မဟုတ်ဘဲ သာမန် လမ်းခင်းကျောက်နီများဖြစ်၍ တန်ဖိုးမရှိဟု ပြည်နယ် ဝန်ကြီးပြောကြား

မုဒုံမြို့နယ် လမ်းပေါ်တွင်တွေ့ရှိသော ကျောက်နီများမှာ ပတ္တမြားကျောက်နီ မဟုတ်ဘဲ  သာမန် လမ်းခင်းကျောက်နီများဖြစ်၍ တန်ဖိုးမရှိဟု ပြည်နယ် ဝန်ကြီးပြောကြား

မော်လမြိုင်၊ အောက်တိုဘာ ၁ဝ

မွန် ပြည်နယ် မုဒုံမြို့နယ် နှီးပဒေါစံပြကျေးရွာ (မော်လမြိုင်သံဖြူဇရပ် အဝေး ပြေးလမ်းမပေါ်)၌ အောက်တိုဘာ ၉ ရက် ညနေ ၃ နာရီခွဲမှစတင်၍ ကျေးရွာပြည်သူများနှင့် ခရီးသွား ပြည်သူများ ဝိုင်းဝန်းကောက်ယူကြ သော ကျောက်နီများမှာ ပတ္တမြားကျောက်နီမဟုတ်ဘဲ ရိုးရိုးလမ်းခင်းကျောက်များတွင်ရောပါလာသော ကျောက်နီများသာဖြစ်၍ တန်ဖိုးမရှိကြောင်း မွန်ပြည်နယ်သယံဇာတနှင့် ပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းက အောက်တိုဘာ ၁ဝ ရက်တွင် သုံးသပ်ပြောကြားသည်။

''ဒီကျောက်မျိုးတွေက လမ်းခင်း ကျောက်ထုတ်လုပ်တဲ့အထဲမှာ ပါလာတာမျိုးလည်း တွေ့ဖူးတယ်။ ကျိုက်မရောဘက်က လမ်းခင်းကျောက် ထုတ်လုပ်တဲ့ ကုမ္ပဏီတွေမှာလည်း ပါလာတာတွေ့ဖူးတယ်။ ဖြစ်နိုင်ခြေအရှိဆုံးခန့်မှန်းရရင် အဲဒီလမ်းတွေ ပြန်ခင်းထားတာ မကြာသေးဘူး။ အပေါ်ယံကတ္တရာတွေ ကွာသွားတော့ ကျောက်နီလေးတွေ တွေ့ရတာမျိုး ဖြစ်မယ်။ ဘာဖြစ်လို့လဲဆိုရင် ကျောက်နီတွေက ဒီအတိုင်းကောက်လို့ရတာ မဟုတ်ဘဲ တုတ်လေးနဲ့ကလော်ပြီးထုတ်ရတဲ့အတွက် ခန့်မှန်းကြည့်တာပါ။ ကျောက်နဲ့ပတ်သက်တဲ့တန်ဖိုးကို ပြောရရင်တော့ ဘူမိဗေဒဌာနက လူ တွေပိုသိပါလိမ့်မယ်''ဟု ပြည်နယ် ဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

 

အဆိုပါကျောက်နီများကို ကျေး ရွာသားများသာမကဘဲ ခရီးသွား ပြည်သူများပါ ကောက်ယူနေကြသ ဖြင့် လမ်းပိတ်ဆို့မှုမရှိစေရေးအတွက် ရဲများက ဝိုင်းဝန်းလမ်းရှင်းပေး ခဲ့ကြရသည်။ ''ကျောက်နီတွေကတော့ ဘာမှ တန်ဖိုးမရှိပါဘူး။ ဒီကနေ့မနက်တောင် ကောက်တဲ့သူတွေက ကောက်နေကြတုန်းပါပဲ။ အမှန်တော့ ကောက်လို့ရတာမဟုတ်ပါဘူး။ တုတ်လေးနဲ့က လော်ပြီး ရှာထုတ်တာပါ။ အများကြီး ရပါတယ်။ တစ်ရွာလုံးရတယ်လို့ပြောလို့ရပါတယ်။ ဘယ်သူမှ တားဆီးတာ မရှိပါဘူး။ အုပ်ချုပ်ရေးပိုင်းကလည်း မတားပါဘူး။ လမ်းရှင်းတာ တွေပဲ ဝိုင်းဝန်းလုပ်ပေးပါတယ်''ဟု ဒေသခံဖြစ်သူ နိုင်ကျဲရော့က ပြောသည်။ 

AHO

 

#democracytoday

Rate this item
(0 votes)
back to top