HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မင်းကွန်းသို့ လည်ပတ်ရန်နှင့် လင်းပိုင်လေ့လာရန် အတွက် မရမ်းခြံဆိပ်ကမ်းသို့ ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှု ယခင်လထက် သုံးဆကျော်မြင့်တက်

မင်းကွန်းသို့ လည်ပတ်ရန်နှင့် လင်းပိုင်လေ့လာရန် အတွက် မရမ်းခြံဆိပ်ကမ်းသို့ ကမ္ဘာလှည့် ခရီးသည်ဝင်ရောက်မှု ယခင်လထက် သုံးဆကျော်မြင့်တက်

မန္တလေး၊ နိုဝင်ဘာ ၆

မင်းကွန်း ဒေသသို့ အလည်အပတ်သွား ရောက်ရန်နှင့် ဧရာဝတီလင်းပိုင် များကို ကြည့်ရှုလေ့လာမှတ်တမ်း တင်နိုင်ရန်အတွက် ယခုရက်ပိုင်း အတွင်း မန္တလေးမြို့ မရမ်းခြံဆိပ် ကမ်းသို့ ကမ္ဘာလှည့်ခရီးသည်များ ဝင်ရောက်မှုနှုန်းမှာ ယခင်လက ထက် သုံးဆကျော် မြင့်တက်လာ ကြောင်း သိရသည်။

''မြန်မာနိုင်ငံအထက်ပိုင်းကို လာရောက်တဲ့ ခရီးသည်တွေအနေ နဲ့ မင်းကွန်းဒေသကို မဖြစ်မနေ သွားရောက်လည်ပတ်ပြီးနောက် ပိုင်းမှာ ကမ္ဘာမှာ ရှားပါးလာပြီ ဖြစ်တဲ့ ဧရာဝတီလင်းပိုင်တွေကို ကြည့်ရှုဖို့ မြစ်အထက်ပိုင်းအထိ ဆက်သွားတာတွေ ပိုများလာ တယ်။ စက်တင်ဘာနဲ့အောက် တိုဘာလတွေတုန်းကဆိုရင် ဆိပ် ကမ်းကိုဝင်ရောက်တဲ့ ကမ္ဘာလှည့် ခရီးသည်အရေအတွက်က တစ် ရက်ကို ပျမ်းမျှဦးရေ ၇ဝ ဝန်းကျင် သာရှိပေမယ့် ယခုရက်ပိုင်းမှာ ဦး ရေ ၃ဝဝ ကျော်အထိများလာတယ်။ ခရီးသည်တွေအဝင်များတဲ့ ဒီဇင် ဘာနဲ့ ဇန်နဝါရီလတွေဆိုရင်တော့ ပို့ဆောင်ပေးရတဲ့ ခရီးသည်အရေ အတွက် တစ်ရက်ကို ဦးရေ ၅ဝဝ ကျော်အထိရှိတယ်''ဟု မန္တလေးမြို့၊ ခရမ်းခြံဆိပ်ကမ်းရှိ နိုင်ငံခြားသား ပို့ဆောင်ရေးရေယာဉ်အသင်းမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၆ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောကြားသည်။

 

မင်းကွန်းဒေသသို့ စစ်ကိုင်း- မင်းကွန်းလမ်းမှတစ်ဆင့် မော် တော်ကားများဖြင့် သွားရောက်နိုင် နေပြီဖြစ်သော်လည်း ကမ္ဘာလှည့် ခရီးသည်များမှာ ဧရာဝတီမြစ်အ တွင်း ရေယာဉ်စီးရင်းသွားရသည် ကို ပိုမိုနှစ်သက်ကြသောကြောင့် အဆင်ပြေစွာ ပို့ဆောင်ပေးနိုင် ရန် ဆိပ်ကမ်းတွင် ရေယာဉ်အစင်း ရေ ၂ဝ ကျော်ဆိုက်ကပ်ထားပြီး ခရီး သည်များဝင်ရောက်မှုအနေ အထားပေါ်မူတည်၍ နံနက်ပိုင်း၊ ညနေပိုင်းအပြင် နေ့လယ်ပိုင်း တွင်ပါ ပြေးဆွဲပို့ဆောင်ပေးသည်။


မင်းကွန်းဒေသသည် ကမ္ဘာ ကျော်ကြီးငါးကြီးဖြစ်သည့် မင်း ကွန်းပုထိုးတော်ကြီး၊ မင်းကွန်း ခေါင်းလောင်းကြီး၊ မင်းကွန်း ခြင်္သေ့ကြီး၊ ကြယ်ထောင့်ကန်တော် ကြီး၊ ကမ္ဘာ့မှတ်Óဏ်အကောင်း ဆုံးပုဂ္ဂိုလ်ထူးကြီးအဖြစ် မှတ် တမ်းဝင်ထားသော မင်းကွန်း ဆရာတော်ကြီးတို့ကြောင့် ကမ္ဘာလှည့်ခရီးသွားများအတွက် အထူး စိတ်ဝင်စားရာဒေသတစ်ခုအဖြစ် ပါဝင်နေခြင်းဖြစ်ကြောင်း သိရ သည်။

KSA

#democracytoday

Rate this item
(0 votes)
back to top