HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မန္တလေးမြို့ရှိ လက်မှုရွှေဆိုင်း လုပ်ငန်းရှင်များ လိုအပ်ချက်များကို နိုင်ငံတော် အစိုးရထံ တင်ပြသွားမည် ဟုဆို

မန္တလေးမြို့ရှိ လက်မှုရွှေဆိုင်း လုပ်ငန်းရှင်များ လိုအပ်ချက်များကို နိုင်ငံတော် အစိုးရထံ တင်ပြသွားမည် ဟုဆို

မန္တလေး၊ နိုဝင်ဘာ ၆

မန္တလေး မြို့ မဟာအောင်မြေမြို့နယ် မျက် ပါးရပ်ရှိ မြန်မာ့လက်မှုလုပ်ငန်းဖြစ် သည့် ရွှေဆိုင်းလုပ်ငန်းရှင်များ အနေဖြင့် မြန်မာ့လက်မှုလုပ်ငန်းရှင်များအသင်းသို့ ဝင်ရောက်၍ လိုအပ်ချက်များကို နိုင်ငံတော် အစိုးရထံ တင်ပြသွားမည်ဖြစ် ကြောင်း ရွှေဆိုင်းလုပ်ငန်းရှင်များ ထံမှ သိရသည်။

''ရှင်သန်ဆဲ ဒြပ်မဲ့ယဉ်ကျေး မှု အမွေအနှစ်ဖြစ်တဲ့ မျက်ပါးရွှေ ဆိုင်းလုပ်ငန်း ရေရှည်တံ့စေရေးနဲ့ လုပ်ငန်းအပေါ် မှီခိုနေကြတဲ့ ပညာ ရှင်တွေရဲ့ ဘဝရှင်သန်ရပ်တည် နိုင်ရေးတို့အတွက် ရိုးရာလက်မှု လုပ်ငန်းအဖြစ် ထုတ်လုပ်သည့် မျက်ပါးရွှေဆိုင်းတွေကို ဘုရားစေ တီတွေမှာ အသုံးပြုဖို့ သီးခြားတင်ဒါ ခေါ်ယူပါလို့ တောင်းဆို မျှော်လင့် ပါတယ်။ နောက်ပြီး ကျွန်တော်တို့ မျက်ပါးရွှေဆိုင်းလုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာ့လက်မှုလုပ်ငန်းများ အသင်းကို ဝင်မယ်။ အသင်းဝင် ပြီးတာနဲ့ ကျွန်တော်တို့ လုပ်ငန်းတွေ မှာ လိုအပ်ချက်ရှိနေတာတွေကို နိုင်ငံတော်အစိုးရထံ တင်ပြသွား မယ်''ဟု မြန်မာ့ရိုးရာ လက်မှု ရွှေဆိုင်းပြပွဲကျင်းပရေးကော် မတီဥက္ကဋ္ဌ ဦးဇော်မင်းအောင်က ပြောကြားသည်။

 

မြန်မာ့လက်မှုရွှေဆိုင်းလုပ် ငန်းရှင်များစုပေါင်း၍ နိုဝင်ဘာ ၅ ရက်က မြန်မာနိုင်ငံရှိ ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်များ အစဉ် ထာဝရ တည်တံ့စေရေးအတွက် ရည်ရွယ်၍ ရှင်သန်ဆဲဒြပ်မဲ့ ယဉ် ကျေးမှုအမွေအနှစ် (သို့မဟုတ်) မျက်ပါးရွှေဆိုင်းလုပ်ငန်း ထုတ် လုပ်ပုံအဆင့်ဆင့်ပြပွဲနှင့် စာပေ ဟောပြောပွဲကို ပြုလုပ်ခဲ့ကြသည်။


မန္တလေးမြို့ မျက်ပါးရပ်ရှိ ရိုး ရာလက်မှုရွှေဆိုင်းလုပ်ငန်းများမှာ ရွှေတိဂုံစေတီတော်၊ မဟာမုနိရုပ် ရှင်တော်မြတ်အပါအဝင် အခြား ဒေသများရှိ စေတီတော်များ အပေါ် မှီခိုလုပ်ကိုင်နေကြရပြီး ယခင်က လုပ်ငန်းပေါင်း ၂ဝဝ ကျော်ရှိရာမှ စက်မှုရွှေဆိုင်းများ ဝင်ရောက်လာမှုကြောင့် ရွှေဆိုင်း လုပ်ငန်း ၄ဝ ကျော်မှာ လုပ်ငန်း များရပ်ဆိုင်းခဲ့ရသဖြင့် ဇူလိုင်လ ဒုတိယပတ်က ရွှေတိဂုံ စေတီတော် ဂေါပကအဖွဲ့မှ လက်မှုရွှေဆိုင်း များဖြင့်သာ စေတီတော်ကြီးအား ကပ်လှူပေးရန် မန္တလေးမြို့ရှိ လက်မှုရွှေဆိုင်းလုပ်ငန်းရှင်များ က မန္တလေးမြို့၌ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြကြောင်း သိရ သည်။ 

MTK

#democracytoday

Rate this item
(0 votes)
back to top