HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင် ပွဲတော် ဖိတ်ခေါ်ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

ပြင်ဦးလွင် မဟာအံ့ထူးကံသာ ဆုတောင်းပြည့်ဘုရား တန်ဆောင်တိုင် ပွဲတော် ဖိတ်ခေါ်ရောင်စုံ ဓာတ်ပုံပြိုင်ပွဲ ကျင်းပမည်

ပြင်ဦးလွင်၊ နိုဝင်ဘာ ၆

မန္တလေး တိုင်းဒေသကြီး ပြင်ဦးလွင်မြို့ ၂ဝ၁၈ ခုနှစ် (၁၁) ကြိမ်မြောက်မဟာ အံ့ထူးကံသာဆုတောင်းပြည့် ဘု ရားကြီး တန်ဆောင်တိုင်ပွဲတော် တွင် ''ညီညာလက်တွဲ ယှဉ်ကာနွှဲ ပြင်ဦးလွင်တန်ဆောင်တိုင်ပွဲ'' ခေါင်းစဉ်ဖြင့် ဖိတ်ခေါ်ရောင်စုံဓာတ် ပုံပြိုင်ပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ဖိတ်ခေါ်ရောင်စုံဓာတ်ပုံပြိုင် ပွဲကို ပြင်ဦးလွင်မြို့ မဟာအံ့ထူး ကံသာဆုတောင်းပြည့် ဘုရားပွဲ တော်ကျင်းပရေး ဦးစီးကော်မတီနှင့် မန္တလေးဓာတ်ပုံအသင်းတို့မှ ဦးစီး ကျင်းပခြင်းဖြစ်ပြီး ပြိုင်ပွဲတွင်ပါဝင် ယှဉ်ပြိုင်လိုသူများအနေဖြင့် နိုဝင်ဘာ ၁၂ရက်မှ ၁၈ ရက်အတွင်းပြိုင် ပွဲဝင်ကြေးကျပ် ၅ဝဝဝနှင့်အတူ မောင်မောင်ဦး (မန်းတက္ကသိုလ်) ၈၁လမ်း၊ ၃၈x၃၉လမ်းကြား၊ မန္တ လေး၊ သီဟဝင်း (ဓာတ်ပုံ) ၈၁ လမ်း၊ ၂၉x၃ဝကြား၊ မန္တလေးနှင့် ခရိုင်ပြန်ဆက်ရုံး ပြင်ဦးလွင်မြို့တို့ ထံ စာရင်းပေးသွင်းကြရမည်ဖြစ်သည်။

 

''ဓာတ်ပုံပြိုင်ပွဲက ဖိတ်ခေါ်ပြိုင် ပွဲမို့ မည်သူမဆိုပါဝင်ယှဉ်ပြိုင်နိုင် ပါတယ်။ နေ့မှာကျင်းပမယ့် ဘုရား ပွဲတော်မြင်ကွင်း၊ နေ့အရုပ်အလှ မီးပုံးပျံလွှတ်တင်ပွဲ၊ ညပိုင်းမှာကျင်း ပမယ့် ဘုရားပွဲတော်မြင်ကွင်း၊ မ သိုးသင်္ကန်းရက်ပြိုင်ပွဲ၊ ညမီးပုံးပျံ လွှတ်တင်ပွဲ ကြိုက်နှစ်သက်ရာရိုက် နိုင်ကြပါတယ်'' ဟု မန္တလေးဓာတ် ပုံအသင်း ဥက္ကဋ္ဌဦးမောင်မောင်ဦး (မန်းတက္ကသိုလ်) ကပြောကြားသည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများကို နိုဝင် ဘာ ၃ဝ ရက်နံနက် ၈ နာရီတွင် ဝါရင့်ဓာတ်ပုံပညာရှင်များနှင့် ပြိုင် ပွဲဦးစီး ကော်မတီတို့မှ မဟာအံ့ထူး ကံသာဘုရားကြီးသာသနာ့ဗိမာန် တော်၌ စတင်ရွေးချယ်သွားမည် ဖြစ်ကြောင်းသိရသည်။

DW

#democracytoday

Rate this item
(0 votes)
back to top