HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး KTV ၌ အလုပ်လုပ်စဉ် ဖမ်းဆီးခံခဲ့ရသူ မြန်မာနိုင်ငံသူ သုံးဦးကို လွှဲပြောင်းအပ်နှံ

တရုတ်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ပြီး KTV ၌  အလုပ်လုပ်စဉ် ဖမ်းဆီးခံခဲ့ရသူ မြန်မာနိုင်ငံသူ သုံးဦးကို လွှဲပြောင်းအပ်နှံ

ယူနန်၊ နိုဝင်ဘာ ၇

နယ်စပ်ဖြတ် ကျော်ဝင်ရောက်ပြီး တရုတ်နိုင်ငံရှိ KTV ၌ တရားမဝင်အလုပ်လုပ် ကိုင်နေသူ မြန်မာနိုင်ငံသူသုံးဦးအား တရုတ်နိုင်ငံမှ တာဝန်ရှိသူများက ကချင်ပြည်နယ် လွယ်ဂျယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် ဂိတ်အမှတ်(၂)ဂိတ်တွင် လာရောက်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည် နယ်၊ လုံချွမ်ခရိုင်၊ လီကျန့်ရဲလဝက ဌာနမှ မစ္စတာ လီဝင့်ပင်းနှင့်အဖွဲ့၊ လုံချွမ်ခရိုင်ရဲလဝကဌာနမှ မစ္စတာချီဝမ့်ခွင်နှင့်အဖွဲ့တို့သည် နိုဝင်ဘာ ၆ရက် နံနက် ၉နာရီက လွယ် ဂျယ်မြို့ မြန်မာ-တရုတ်နယ်စပ်ဂိတ် အမှတ်(၂)၌ မြန်မာနိုင်ငံသား အမျိုးသမီးသုံးဦးအား လာရောက် လွှဲပြောင်း ပေးအပ်ခဲ့ရာ လွယ်ဂျယ် မြို့ လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့၊ တပ်ဖွဲ့စိတ်(၂)မှ ရဲအုပ်နိုင်လင်းနှင့်အဖွဲ့၊ ဒုလဝကဦးစီးမှူးဦးမျိုးဝင်းနှင့်အဖွဲ့တို့က လက်ခံခဲ့သည်။

 

¤င်းတို့အား စစ်ဆေးမေးမြန်း ချက်အရ မ----(၂ဝ)နှစ်၊ မြစ် ကြီးနားမြို့နယ်နေသူသည် ဖေဖော်ဝါရီ ၂ဝရက်တွင် ဝိုင်းမော်မြို့နယ်၊ ကန်ပိုက်တီလမ်းကြောင်းပေါ်ရှိ တရားမဝင်နယ်စပ်ခိုးလမ်းကြောင်း တစ်ခုမှလည်းကောင်း၊ မ----(၂၄)နှစ်၊ မိုးမောက်မြို့နယ်နေသူသည် ဇွန် ၁၄ရက်တွင် လွယ်ဂျယ် မြို့ရှိ မြန်မာ-တရုတ်နယ်စပ်ဂိတ် အမှတ်(၁)၌ နယ်စပ်ဖြတ်သန်းခွင့် စာအုပ်ပြုလုပ်၍လည်းကောင်း၊ မ-----(၂၂)နှစ်၊ တာမိုးညဲမြို့နယ် နေသူသည် ဇွန် ၁၉ရက်တွင်လွယ် ဂျယ်မြို့ရှိ မြန်မာ-တရုတ်နယ်စပ် ဂိတ်အမှတ်(၁)၌ နယ်စပ်ဖြတ်သန်းခွင့်စာအုပ်ပြုလုပ်၍လည်းကောင်း တရုတ်နိုင်ငံတွင်းသို့အသီးသီး ဝင် ရောက်ခဲ့ပြီး လီကျန့်မြို့ရှိ KTV တစ်ခုတွင် အလုပ်လုပ်ကိုင်နေစဉ် ယူနန်ပြည်နယ်၊ လီကျန့်ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးဖမ်းဆီးပြီး နှစ်လကျော်ခန့် ထိန်းသိမ်းခံခဲ့ရ ကြောင်းထွက်ဆိုခဲ့သည်။


အဆိုပါအမျိုးသမီးသုံးဦးသည် လူကုန်ကူးခံခဲ့ရခြင်းမရှိဘဲ ၎င်းတို့၏သဘောဆန္ဒအလျောက်တစ်ဖက်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ခြင်းဖြစ်ပြီး နယ်စပ် ဖြတ်သန်းသွားလာခွင့်စာအုပ်ဖြင့် နယ်မြေကျော်လွန်သွားလာခြင်း ကြောင့် ဖမ်းဆီးခံရခြင်းဖြစ်ကာတာဝန်ရှိသူများက ¤င်းတို့သုံးဦး နေရပ်ပြန်နိုင်ရေးအတွက် စီစဉ် ပေးခဲ့ကြောင်း သိရသည်။

MTH

#democracytoday

Rate this item
(0 votes)
back to top