HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

အိန္ဒိယနိုင်ငံ အကူအညီဖြင့် တည်ဆောက်မည့် တံတားများအနက် မြန်မာ-အိန္ဒိယ နယ်စပ်လမ်းရှိ မဟူရာချောင်းကူး တံတား စတင် တည်ဆောက်

အိန္ဒိယနိုင်ငံ အကူအညီဖြင့် တည်ဆောက်မည့် တံတားများအနက် မြန်မာ-အိန္ဒိယ နယ်စပ်လမ်းရှိ  မဟူရာချောင်းကူး တံတား စတင် တည်ဆောက်

ကလေး၊ နိုဝင်ဘာ ၇

အိန္ဒိယနိုင်ငံအကူအညီဖြင့် သုံးနှစ်အတွင်း အပြီးတည်ဆောက်မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေး-တမူး ကားလမ်းပေါ်ရှိ တံတား ၆၉ စင်းအနက် မြန်မာ-အိန္ဒိယနယ်စပ် ကလေး-တမူး-အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အင်ဖာသွားကားလမ်း ပေါ်ရှိ မဟူရာချောင်းကူးတံတားကို ယခုပွင့်လင်းရာသီမှ စတင် ၍ တည်ဆောက်နေပြီဖြစ်ကြောင်း သိရသည်။

''မြန်မာဘက်ခြမ်း တမူးမြို့နဲ့ အိန္ဒိယနိုင်ငံဘက်ခြမ်း မိုးရေးမြို့ အကြားမှာတည်ရှိတဲ့ မဟူရာချောင်းကူးတံတားကို စတင်တည် ဆောက်ဖို့အတွက် တံတားအဟောင်းရဲ့ အထက်ပေတစ်ရာကျော် အကွာမှာ ချောင်းကမ်းပါးရှင်းလင်းရေး၊ တံတားဆောက်လုပ်ရေး လုပ်ငန်းတွေ စတင်ဆောင်ရွက်နေပါပြီ။ သံကူကွန်ကရစ်တံတား အမျိုးအစားတည်ဆောက်မှာဖြစ်ပြီး၊ နှစ်လမ်းသွားတည်ဆောက်မှာ ဖြစ်ပါတယ်။ ၂ဝ၁၉ ဒီဇင်ဘာမှာ အပြီးတည်ဆောက်ပါမယ်''ဟု တမူး ခရိုင်လမ်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက နိုဝင်ဘာ ၇ရက် တွင် ပြောကြားသည်။ အိန္ဒိယနိုင်ငံမှ ရူပီ ၂၉၄သန်း အကုန်အကျခံတည်ဆောက် မည့် ကလေး-တမူးကားလမ်းပေါ်ရှိ တံတား ၆၉ စင်းကို သုံးနှစ် အတွင်း တည်ဆောက်ပြီးစီးရန် ယခုပွင့်လင်းရာသီမှ စတင်တည် ဆောက်မည်ဖြစ်သည်။


''အိန္ဒိယနိုင်ငံက တာဝန်ယူ ဆောင်ရွက်သွားမယ့် အစီအစဉ် တွေမှာ ကလေးဝ-ယာကြီးလမ်းကို နိုင်လွန်ကတ္တရာနှစ်လမ်းသွားအ ဖြစ် အဆင့်မြှင့်တင်တဲ့လုပ်ငန်းနှင့် ကလေး-တမူးလမ်းတံတားတွေ အဆင့်မြှင့်တင် တည်ဆောက်ဆောင်ရွက်တဲ့လုပ်ငန်းတွေ ပါဝင်ပါ တယ်။ သုံးနှစ်အတွင်း အပြီးတည်ဆောက်ဖို့ မြန်မာ-အိန္ဒိယ နှစ် ဖက်တာဝန်ရှိသူတွေ သဘောတူထားပါတယ်''ဟု ¤င်းကဆက်လက် ပြောကြားသည်။ ကလေး-တမူးကားလမ်းရှိ တံတားအများစုမှာ ဒုတိယကမ္ဘာ စစ်အတွင်းက တည်ဆောက်ခဲ့သော ဘေလီတံတားများဖြစ်သည့် အတွက် နယ်စပ်ကုန်စည်ပို့ဆောင်ရေးယာဉ်ကြီးများမှာ တံတား ကွင်းလမ်းများမှ သွားလာနေကြရကြောင်း သိရသည်။ 

MOS

#democracytoday

Rate this item
(0 votes)
back to top