HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာ-တရုတ် နယ်စပ်ဂိတ်၌ တစ်ခါသုံး ပြည်ဝင်ထွက်ခွင့် ကတ်အဟောင်းများ အစားထိုးပေးခဲ့မှုကြောင့် ပြည်သူများနှင့် ယာဉ်များ ပြန်လည်၍ ဖြတ်သန်းသွားလာခွင့်ရ

မြန်မာ-တရုတ် နယ်စပ်ဂိတ်၌ တစ်ခါသုံး ပြည်ဝင်ထွက်ခွင့် ကတ်အဟောင်းများ အစားထိုးပေးခဲ့မှုကြောင့် ပြည်သူများနှင့် ယာဉ်များ ပြန်လည်၍ ဖြတ်သန်းသွားလာခွင့်ရ

မူဆယ်၊ နိုဝင်ဘာ ၇

မြန်မာနိုင်ငံ ဘက်မှ တရုတ်နိုင်ငံဘက်သို့ ဝင် ထွက်ခွင့် တစ်ခါသုံးကတ်သစ်ကို လုံခြုံရေးအစီအမံသစ်များ တိုးမြှင့်ထားသော Temporary Border Pass  အပြာရောင်ကတ်များဖြင့် ပြောင်းလဲ ခဲ့ခြင်းကြောင့် ရှမ်းပြည်နယ် (မြောက် ပိုင်း) မူဆယ်မြို့မှ တရုတ်နိုင်ငံဘက် သို့ ကူးသန်းရောင်းဝယ်နေသူများ နှင့် ကုန်တင်ယာဉ်များအား တရုတ် နိုင်ငံဘက်မှ ဖြတ်သန်းသွားလာခွင့် မပြုခြင်းကြောင့် အခက်အခဲဖြစ်နေ ရာမှ နိုဝင်ဘာ ၆ ရက်မှစတင်၍ တစ်ခါသုံး ပြည်ဝင်ပြည်ထွက် Temporary Border Pass ကတ်အ ဟောင်းများဖြင့် ပြန်လည်အစားထိုး ပြုလုပ်ပေးခဲ့ခြင်းကြောင့် ပြန်လည်၍ ဖြတ်သန်းသွားလာမှု ရရှိနေပြီဖြစ် ကြောင်း သိရသည်။

တရုတ်နိုင်ငံဘက်မှ Temporary Border Pass  ကတ်အသစ် များဖြင့် ဖြတ်သန်းသွားလာခွင့် မပြု ခဲ့သောကြောင့် တာချီလိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဦးစီးဌာန၌ ကျန်ရှိနေသော တစ်ခါသုံး ပြည်ဝင်ပြည်ထွက် Temporary Border Pass  ကတ်အ ဟောင်း ၄ဝဝဝဝ ဖြင့် အစားထိုးပြု လုပ်ပေးခဲ့ခြင်းကြောင့် နိုဝင်ဘာ ၆ ရက် ည ၇ နာရီ ၄၅ မိနစ်တွင် ပြန် လည်ဖြတ်သန်းသွားလာခွင့် ပေးခဲ့ သည့်အတွက် ကူးသန်းရောင်းဝယ် နေသူများနှင့် ကုန်တင်ယာဉ်များ တရုတ်နိုင်ငံဘက်သို့ ပြန်လည် သွားလာ၍ ရပြီဖြစ်သည်။

 

ဝင်ထွက်ခွင့်တစ်ခါသုံးကတ် သစ်များကို လုံခြုံရေးအစီအမံသစ် များတိုးမြှင့်ခဲ့ခြင်းကြောင့် တရုတ် နိုင်ငံသို့ဝင်ထွက်မည့်သူများနှင့် တ ရုတ်နိုင်ငံကျယ်ဂေါင်မြို့ရှိ ဂိုဒေါင် များ၌ မြန်မာနိုင်ငံသို့တင်သွင်းမည့် ကုန်ပစ္စည်းများစုပုံနေပြီး ရှမ်းပြည် နယ်(မြောက်ပိုင်း) မူဆယ်မြို့၌ ကုန် တင်ကားကြီးများရပ်နားထားရကာ ကုန်ကားခမှာ ငွေကျပ်နှစ်သိန်းခွဲ ကျော်အထိ မြင့်တက်ခဲ့ရသည်။


''ကျွန်တော်တို့ရဲ့ ပြည်သူတွေ အခက်အခဲအနည်းငယ်ကြုံတွေ့ ခဲ့တာကြောင့် လူကြီးတွေရဲ့အစီ အမံနဲ့ တာချီလိတ်မှာလက်ကျန်ရှိ နေတဲ့ တစ်ခါသုံး Temporary Border Pass ကတ်အဟောင်း ၄ဝဝဝဝ ကို လေယာဉ်နဲ့အမြန်ဆုံးပို့ဆောင် ပေးခဲ့ပါတယ်။ ဒါ့ကြောင့် နိုဝင်ဘာ ၆ ရက်ညမှာ တစ်ခါသုံး Temporary Border Pass  ကတ်အဟောင်း တွေနဲ့ ပြန်လည်ပြုလုပ်ပေးခဲ့တာ ကြောင့် အခုပြန်လည်ဖြတ်သန်းသွားလာလို့ရပါပြီ။ တရုတ်နိုင်ငံက အောက်ခြေဌာနတွေအထိ စာမ ရောက်သေးလို့သာ ခေတ္တဖြတ်သန်း ခွင့်မပြုသေးခြင်းသာဖြစ်ပြီး သူတို့ အောက်ခြေဌာနတွေဆီ စာရောက် တာနဲ့ ဒီတစ်ခါသုံး Temporary Border Pass ကတ်သစ်တွေကို ဖြတ်သန်းခွင့်ပြုမှာပါ''ဟု မူဆယ် ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူး ဦးစန်းဝေက ပြော ကြားသည်။


မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ နယ်စပ် ပြည်ဝင်၊ ပြည်ထွက် ဂိတ် များဖြစ်သော နန်းတော်၊ ဆင်ဖြူ နှင့် မန့်ဝန်းစစ်ဆေးရေးဂိတ်များမှ တစ် ရက်လျှင် မြန်မာနိုင်ငံသား ၃၅ဝဝဝ ကျော်နှင့် ကုန်တင်ယာဉ် နှင့်ယာဉ်ငယ် ၁ဝဝဝ နီးပါး ဝင် ထွက်လျက်ရှိကြောင်း သိရသည်။

PS

#democracytoday

Rate this item
(0 votes)
back to top