HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြိတ်မြို့နယ်ရှိ ပရည်တောင်-ဝန်ဖို့တံတားကို ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်

မြိတ်မြို့နယ်ရှိ ပရည်တောင်-ဝန်ဖို့တံတားကို ၂ဝ၁၉- ၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက်မည်

မြိတ်၊ နိုဝင်ဘာ ၁၁


တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့နယ်ရှိ ပရည်တောင်ကျေးရွာနှင့် ဝန်ဖို့ကျေး ရွာတို့အားဆက်သွယ်ပေးမည့် ပ ရည်တောင်-ဝန်ဖို့ ဘေလီသံပေါင် တံတားကို မြိတ်ခရိုင်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂ဝ၁၉- ၂ဝ၂ဝ ခုနှစ်ဘဏ္ဍာရေးနှစ်တွင် အ ပြီး တည်ဆောက်သွားမည်ဖြစ် ကြောင်းသိရသည်။


တံတားတည်ဆောက်မည့် ဝန် ဖို့ကျေးရွာသည် ရေပတ်လည်ဝန်း ရံနေသည့် ကျွန်းငယ်ပေါ်တွင် တည် ရှိပြီးရေလမ်းခရီးတစ်ခုတည်းကို သာ အဓိကအားကိုးအားထားပြု သွားလာနေရသည့် ကျေးရွာဖြစ် သည်။ အဆိုပါကျေးရွာသည် အခြား ကျေးရွာများကဲ့သို့ ရေလမ်းခရီးကို လှေများဖြင့် အမြဲသွားလာ၍မရဘဲ ရေကျချိန်များတွင် ကျောင်းသား၊ ကျောင်းသူများ၊ ကျန်းမာရေးမကောင်း သူများသည် ရွှံ့နွံများအတွင်းမှ ဖြစ် သန်းသွားလာရသည့်အတွက် အခက် အခဲများစွာ ကြုံတွေ့နေရသည်။

''အခုဆိုရင် တံတားကြီး စတင် တည်ဆောက်တော့ အရမ်းကို ဝမ်း သာပီတိဖြစ်ရတယ်။ ဒီတံတားကြီး တည်ဆောက်ပြီးစီးသွားရင် ကျွန် တော်တို့ ဝန်ဖို့ကျေးရွာသူ၊ ကျေး ရွာသားတွေအတွက် ရာသီမရွေး သွားရေးလာရေး အဆင်ပြေပြီး ကျေးရွာနေပြည်သူတွေရဲ့ လူမှုစီး ပွားဘဝတွေ တိုးတက်လာနိုင်မှာ ဖြစ်တယ်'' ဟု ဝန်ဖို့ကျေးရွာမှ ဦးမြင့် ရှိန်က ပြောကြားသည်။

အဆိုပါတံတားသည် အရှည် ပေ ၉ဝဝ၊ အကျယ် ၂၂ပေ၊ ယာဉ် သွားလမ်း ၁၃ ပေ ကိုးလက်မ သံ ကူကွန်ကရစ်ကိုယ်ထည်၊ ဘေလီ သံပေါင်အမျိုးအစား တံတားခွင့်ပြု တန်ချိန် ၃၃ တန်ဖြစ်ပြီး ယခုနှစ် ဇူလိုင် ၁၄ ရက်မှစတင်၍ တံတား လုပ်ငန်းများဆောင်ရွက်ခဲ့ပြီး ၂ဝ၁၉- ၂ဝ၂ဝ ခုနှစ် ဘဏ္ဍာနှစ်တွင်အပြီး တည်ဆောက်သွားမည် ဖြစ်သည်။

ဝန်ဖို့ကျေးရွာတွင် အိမ်ခြေ ၁၇၃ အိမ်၊ လူဦးရေ ၉၆၈ဦးရှိပြီး ရေလုပ်ငန်း၊ ငါးပိလုပ်ငန်း၊ လယ် ယာစိုက်ပျိုးရေးလုပ်ငန်းများဖြင့် အဓိက အသက်မွေးဝမ်းကျောင်း ပြုလုပ်ကိုင်လျက်ရှိကြောင်း သိရ သည်။

MN

#democracytoday

Rate this item
(0 votes)
back to top