HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ

ဘာသာပေါင်းစုံချစ်ကြည်ရေးအတွက် နိဗ္ဗာန်ဈေးပွဲတော်ကျင်းပ

ရန်ကုန်၊ နိုဝင်ဘာ ၁၁

ဘာသာ ပေါင်းစုံချစ်ကြည်ရေးအတွက် နိဗ္ဗာန်ဈေးပွဲတော်ကို ပန်းဘဲတန်း မြို့နယ် ၂၈ လမ်း အောက်ဘ လောက်တွင် နိုဝင်ဘာ ၁၁ ရက် နေ့ မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။ အဆိုပါ နိဗ္ဗာန်ဈေးပွဲတော် ကို ဗုဒ္စဘာသာဝင်များ၊ ခရစ် ယာန်ဘာသာဝင်များ၊ အစ္စလာမ် ဘာသာဝင်များနှင့် ဟိန္ဒူဘာ သာဝင်များ စုပေါင်းပြုလုပ်ခြင်း ဖြစ်ပြီး ဘာသာပေါင်းစုံချစ်ကြည် ရင်းနှီးစွာ အတူယှဉ်တွဲနေထိုင်နေ ခြင်းကို ပြသလိုခြင်းနှင့် ပဋိပက္ခ များချုပ်ငြိမ်းစေရန် ရည်ရွယ် ကြောင်း ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌဦးမင်းဦးက ပြောသည်။

''ဘာသာပေါင်းစုံချစ်ကြည် ရေး၊ ငြိမ်းချမ်းရေးကို အဓိက ထားပြီး နိဗ္ဗာန်ဈေးပွဲတော်ပုံစံမျိုးလုပ်တာပါ။ အလှူသဘောမျိုး လုပ်တာပါ။ ဘာသာပေါင်းစုံ ချစ် ချစ်ခင်ခင်နဲ့ပေါင်းစည်းဖို့ ရည် ရွယ်ချက်ပါ''ဟု ¤င်းကပြော သည်။ အစ္စလာမ်ဘာသာဝင်ဦးရှဖီး က ယခုကဲ့သို့လုပ်ဆောင်ခြင်းကို အခြားဒေသများတွင်ပါ အတုယူ ဆောင်ရွက်ခြင်းဖြင့် ဘာသာမတူ သူများအချင်းချင်း ချစ်ကြည်ရင်း နှီးစွာနေထိုင်နိုင်မည့် အခြေအနေ ပိုမိုဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြောသည်။ ''တခြားနေရာတွေမှာပါ ခု လိုမျိုးတွေလိုက်လုပ်ရင် အများ ကြီးအကျိုးရှိလာမယ်၊ ကျွန်တော် တို့ ၂၈ လမ်းမှာ ဗုဒ္စဘာသာဝင်၊ ခရစ်ယာန်ဘာသာဝင်၊ အစ္စလာမ် ဘာသာဝင်တွေ၊ဟိန္ဒူဘာသာဝင် တွေ တရုတ်လူမျိုးတွေ၊ ရခိုင်လူ မျိုးတွေ အကုန်ချစ်ချစ်ခင်ခင်နဲ့ ဒီလိုပွဲတွေ စုပေါင်းလုပ်ကြတယ်။ ''ဟု၎င်းကပြောသည်။

ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်သူ မဖွန်းကောဒဲက ၎င်းတို့အနေ ဖြင့် ယခုကဲ့သို့ စုပေါင်းအလှူဒါန ပြုလုပ်ရခြင်းကြောင်း အချင်းချင်း ကြား ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိလာကြောင်း ပြောသည်။ ခရစ်ယာန်ဘာသာဝင်တစ် ဦးဖြစ်သူ မအေးအေးက ''အမြဲ တမ်းပဲဘာသာမတူပေမယ့် လူအ ချင်းချင်း ချစ်ချစ်ခင်ခင် ညီညီ ညွတ်ညွတ်နဲ့ နေထိုင်နိုင်ပါစေလို့ ဘုရားသခင်ဆီမှာ ဆုတောင်းပါ တယ်''ဟုပြောသည်။ တရုတ်လူမျိုးတစ်ဦးဖြစ်သူ ကိုရန်ကျင့်မင်က လူသားများဖြစ် သဖြင့် ကိုးကွယ်သည့်ဘာသာမ တူသော်လည်း တစ်ဦးနှင့်တစ်ဦး နားလည်မှုဖြင့်နေထိုင်ပါက ပဋိ ပက္ခများချုပ်ငြိမ်းနိုင်မည်ဖြစ် ကြောင်း ပြောသည်။ အဆိုပါ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအတွက် နိဗ္ဗာန်ဈေး ပွဲတော်ပြုလုပ်ခြင်းကို ၂ဝ၁၅ ခုနှစ်မှ စတင်ဆောင်ရွက်လာခြင်း ဖြစ်ပြီး ယခုအကြိမ်မှာ စတုတ္ထ အကြိမ်မြောက်ဖြစ်သည်။

NT

#democracytoday

 
Rate this item
(1 Vote)
back to top