HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာဗီဒီယို ဆင်ဆာမဲ့ခွေများ လက်ဝယ် တွေ့ရှိရောင်းချသူကို အမှုဖွင့်

မြန်မာဗီဒီယို ဆင်ဆာမဲ့ခွေများ လက်ဝယ် တွေ့ရှိရောင်းချသူကို အမှုဖွင့်

မလှိုင်၊ နိုဝင်ဘာ ၁၈-

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ်တွင် မြန်မာဗီဒီယို ဆင်ဆာမဲ့ခွေများ လက်ဝယ်တွေ့ ရှိရောင်းချသူအား အမှုဖွင့်တိုင် တန်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဗီဒီယိုအခြေခံ (ဗဟို)အဖွဲ့မှ တာဝန်ရှိသူများသည် မလှိုင်မြို့မရဲစခန်းမှ နယ်ထိန်းခေါင်း ဆောင် ဒုရဲအုပ်ဆန်းမြိုင်၊ ဒုရဲအုပ် ဥမ္မာခိုင် နယ်ထိန်း ဒုတတဝင်း ဇော်ဦးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းစိုး၊ သက်သေများနှင့်အတူ နိုဝင်ဘာ ၁၇ ရက် မွန်းလွဲ ၂ နာရီ ၅ မိနစ်ခန့်က မလှိုင်မြို့ ရပ်ကွက်ကြီး(-)နယ်မြေ(-)ရှိ ဦးစိန်ဝင်း(၅၄)နှစ်ပိုင်ဆိုင်သော မြန်မာဗီဒီယိုခွေ ငှားရမ်းသည့်ဆိုင်အား ဝင်ရောက်ရှာဖွေရာ ယင်းဆိုင်အတွင်းမှ ထုတ်လုပ်သူ၏ ခွင့်ပြုချက်မရရှိဘဲ မြန်မာဗီဒီယိုဇာတ်ကားအမည် အမျိုးမျိုးဖြင့် ဆင်ဆာမဲ့ခိုးကူးခွေ ၁၁ ချပ်နှင့် အခြားဆင်ဆာမဲ့ခိုးကူး ခွေ CD ချပ်ရောရာ အချပ် ၄၉ဝ၊ Epsonl- 310 အမျိုးအစား ပရင်တာတစ်လုံး၊ A-4 Tech ကီးဘုတ်တစ်ခု Niteoni အမျိုးအစား ခွေကူးစက် တစ်လုံးတို့အား လက်ဝယ်တွေ့ရှိ ငှားရမ်းရောင်းချ လုပ် ကိုင်နေသည်ကို တွေ့ရှိရသဖြင့် ဆင်ဆာမဲ့ခိုးကူး ခွေများအား လက်ဝယ်တွေ့ရှိ ငှားရမ်းရောင်းချ သူ ဦးစိန်ဝင်းအား မလှိုင်မြို့မ ရဲစခန်းမှ သိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဦးစိန်ဝင်းအား မလှိုင်မြို့မရဲစခန်းမှ (ပ)၂၃၄/၂ဝ၁၈၊ ရုပ်မြင်သံကြား နှင့် ဗီဒီယိုဥပဒေပုဒ်မ-၃၂(ခ)/ ၃၃(ခ)ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သိရသည်။

BBMZ

#democracytoday

Rate this item
(0 votes)
back to top