HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

M Bwe

M Bwe

Website URL:

အင်ဒိုနီးရှား သမ္မတလောင်းများ မဲဆွယ်မှုများ ပြုလုပ်ဟုဆို

ဂျကာတာ၊ ဇန်နဝါရီ ၁၈

အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ၎င်း၏ပြိုင်ဘက်သမ္မတလောင်း ပရာဘိုဝို ဆူဘီယန်တိုအား မခံချိမခံသာစကားလုံးများဖြင့် တိုက်စစ်ဆင်ပြောကြားခဲ့ကြောင်း၊ ပထမအကြိမ် အပြိုင်အဆိုင်ဟောပြောရာတွင် ဂျိုကိုဝီဒိုဒိုက လာဘ်ပေးလာဘ်ယူကိစ္စနှင့် ဥပဒေစိုးမိုးရေး ကိစ္စများကို ပစ်မှတ်ထားကာ ပြောကြားခဲ့ကြောင်း၊ ကမ္ဘာ့တတိယ အကြီးဆုံးဒီမိုကရေစီနိုင်ငံတွင် သမ္မတရွေးပွဲမတိုင်မီ သုံးလအလိုတွင် အချေအတင်မဲဆွယ်မှုများ ကို စတင်ပြုလုပ်လျက်ရှိသည်။

Read more...

လစာမရသည့် အမေရိကန်အစိုးရ လုပ်သားအချို့ ရိက္ခာထောက်ပံ့မှုရရန် အလုပ်လက်မဲ့အဖြစ် လျှောက်ထားကြ

ပရိုဗိုက်ဒင့်စ်၊ ဇန်နဝါရီ ၁၈

အမေရိကန် ဗဟိုအစိုးရအလုပ်သမားများနှင့် ¤င်းတို့၏မိသားစုများက ၎င်းတို့မှာ အလုပ်လက်မဲ့များဖြစ်သည်ဟု လျှောက်ထားခဲ့ကြကြောင်း၊ ရိက္ခာထောက်ပံ့မှုများရရှိရန်အတွက်ဖြစ်ကြောင်း AP သတင်းက ဖော်ပြလိုက်သည်။ အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးအစိုးရလုပ်ငန်းများ ပိတ်ထားခဲ့ရသဖြင့် လစာမရဘဲဖြစ်နေကြရသည့် အလုပ်သမားများက ဤအစိုးရဌာနများ ပိတ်သိမ်းထားခြင်းမှာ အတော်နှင့်ပြီးဆုံးဟန်မတူဟု ပြောကြားခဲ့ကြသည်။

Read more...

ကိုလံဘီယာ မြို့တော်ရှိ ရဲသင်တန်းကျောင်းတွင် ကားဗုံးပေါက်၊ ၂၁ ဦးသေဆုံး

ဘိုဂိုတာ၊ ဇန်နဝါရီ ၁၈

ကိုလံဘီယာနိုင်ငံ မြို့တော် ဘိုဂိုတာရှိ လုံခြုံရေးတင်းကျပ်စွာချထားသည့် ရဲအကယ်ဒမီသင်တန်းကျောင်း၌ ကားဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ၂၁ ဦးသေဆုံးပြီး လူဒါဇင်ပေါင်းများစွာဒဏ်ရာရရှိသွားခဲ့ကြောင်း AP သတင်းက ဇန်နဝါရီ ၁၈ ရက်တွင် ဖော်ပြခဲ့သည်။ မူးယစ်ဆေးဝါးအခြေခံပြောက်ကျားများ ပဋိပက္ခတွင် သွေးထွက်သံယိုမှုများ ထပ်မံဖြစ်ပွားလာခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

Read more...

ဘယ်လ်ဂျီယံတွင် ကျင်းပမည့် အီးယူ-အာဆီယံ အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်မည် မဟုတ်

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆယ်မြို့တွင် ဇန်နဝါ ရီ ၂၁ ရက်၌ကျင်းပမည့် အီးယူအာဆီယံ အစည်းအဝေးသို့ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်နှင့် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နိုင်မည်မဟုတ်ကြောင်း သိရသည်။ ''နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တော့ မတက်ပါဘူး။ အပြည်ပြည်ဆိုင် ရာပူးပေါင်းဆောင်ရွက်ရေးပြည်ထောင် စုဝန်ကြီး ဦးကျော်တင် သွားရောက်မှာ ပါ''ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးအောင် ကျော်ဇံက ဒီမိုကရေစီတူဒေးသို့ ဇန်န ဝါရီ ၁၈ ရက်တွင် ပြောသည်။

Read more...

တစ်ကျော့ပြန် မြစ်ဆုံအရေး

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ကချင်ဒေသ အထူးခရီးစဉ်ကို ဇန်နဝါရီ ၈ ရက်မှ ၁၁ ရက်အထိ သုံးရက်ကြာသွားရောက်ခဲ့သည်။ ယင်းခရီးစဉ်အတွင်း မဂွေဇ-ဆန်းလွတ်ချက်တောင်ထိပ်( ၃၃ မိုင် ၆ ဖာလုံ )လမ်းပိုင်း ဖွင့်လှစ်ခြင်း၊ အထက်နမ့်ထွမ်ရေအားလျှပ်စစ်စီမံကိန်း ဖွင့်လှစ်ခြင်း၊ (၇၁)နှစ်မြောက် ကချင်ပြည်နယ်နေ့အခမ်းအနားသို့ တက်ရောက်ခြင်းများအပြင် ဒေါ်အောင် ဆန်းစုကြည်သည် ကချင်မနောပွဲသို့ တက်ရောက်ခြင်း၊ ဒေသခံများနှင့် တရင်းတနှီး တွေ့ဆုံခြင်း၊ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းများကိုလည်း ဆောင်ရွက်ခဲ့သည်။

Read more...

ဗြိတိန်လွှတ်တော်တွင် တင်သွင်းသည့် ဝန်ကြီးချုပ် ထရီဇာမေကို အယုံအကြည် မရှိအဆို ရှုံးနိမ့်

လန်ဒန်၊ ဇန်နဝါရီ ၁၇ 

ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေသည် ပြီးခဲ့သည့် ဇန်နဝါရီ ၁၆ ရက်တွင် လွှတ်တော်တွင်း၌ အယုံအ ကြည်မရှိ အဆိုတင်သွင်းခံရသော်လည်း မဲခွဲဆုံးဖြတ်ရာတွင် ကန့်ကွက်သူများပြားပြီး အနိုင်ရရှိခဲ့သော ကြောင်း ရာထူးနေရာ ဆက်လက်တည်မြဲခဲ့ကြောင်းသိရသည်။ သို့ သော် လွှတ်တော်အမတ်များက ဥရောပသမဂ္ဂနှင့် လမ်းခွဲမည့် သ ဘောတူညီချက်ကိုကန့်ကွက်ခဲ့ကြ ပြီးနောက် Brexit  အတွက် လမ်း ကြောင်းတွင် အခက်အခဲများနှင့် ဆက်လက်ရင်ဆိုင်ရမည်ကို တွေ့ မြင်ခဲ့ကြရသည်။ ဝန်ကြီးချုပ်မေသည် အယုံအကြည်မရှိအဆိုကို ကန့်ကွက်မဲ ၃၂၅ မဲ၊ ထောက်ခံမဲ ၃ဝ၆ မဲနှင့် ပွက်ကာသီကာ အနိုင်ရခဲ့ခြင်းဖြစ်ပြီး အတိုက်အခံဘက်ကလည်း အစိုးရကို ပြုတ်ကျစေပြီး အထွေထွေရွေးကောက်ပွဲကို ကျင်း ပစေချင်နေသည်။

Read more...

ဝင်ငွေနည်းသူများအတွက် ထိုင်းအစိုးရက ဘတ် ၂၆ ဘီလီယံ စီမံကိန်း လုပ်ဆောင်

ဘန်ကောက်၊ ဇန်နဝါရီ ၁၇

ထိုင်းအစိုးရ၏ သက်သာ ချောင်ချိရေးနှင့် ထောက်ပံ့ကြေး ပေးရေးစီမံကိန်းအောက်တွင် အလုပ်သမားလေ့ကျင့်ပေးရေးသည် ၁ ဒသမ ၅၆ သန်းရှိသည့် ထောက်ပံ့ခံလူများ ဝင်ငွေတိုးတက်ရရှိလာကြမည်ဖြစ်ကြောင်း၊ ၎င်းတို့အတွက် ဘတ်ငွေ ၂၆ဘီလီယံသုံးစွဲသွားမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အထက်တန်းအရာ ရှိတစ်ဦးက ပြောကြားလိုက်သည်။

Read more...

မြောက်ကိုရီးယား၏ ကမ္ဘာ့အဆင့်မီ အပန်းဖြေကမ်းခြေစခန်း ပြီးစီးလုနီးပါးဖြစ်နေ

ဆိုးလ်၊ ဇန်နဝါရီ ၁၇

မြောက်ကိုရီးယားနိုင်ငံတွင် ဆောက်လုပ်နေသည့် ကမ္ဘာ့အဆင့်မီ အပန်းဖြေကမ်းခြေစခန်းကြီးမှာ ပြီးစီးလုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း အမေရိကန်စောင့်ကြည့် လေ့လာ ရေးအဖွဲ့တစ်ခုက ဇန်နဝါရီ ၁၇ ရက်တွင်ပြောကြားခဲ့ပြီး ရေလွှာ လျှောစီးနှင့် ရုပ်ရှင်ရုံတို့လည်း ပါဝင်ကြောင်း ဖော်ပြထားသည်။ ယင်းပင်လယ်ကမ်းခြေ အပန်းဖြေစခန်း သည် နိုင်ငံ၏အရှေ့ဘက်ကမ်းရိုးတန်းနှင့် လေဆိပ်သစ်တို့ နှစ်ခု ကြားတွင်တည်ရှိပြီး ယင်းနေရာကို ယခင်ကစစ်ရေး လေ့ကျင့်မှုနှင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတို့ အတွက် အသုံးပြုခဲ့သည်။ 

Read more...

ကယ်လီဖိုးနီးယားပြည်နယ်တွင် မုန်တိုင်းများကြောင့် ငါးဦးသေဆုံး

အတ္တလန္တာ၊ ဇန်နဝါရီ ၁၇

ကယ်လီဖိုးနီးယားပြည်နယ်တစ်ဝန်းတွင် ပြင်းထန်သော မုန်တိုင်းနှင့် နှင်းမုန်တိုင်းများ တိုက်ခတ်နေပြီး ဆီယာနီဗာဒါးတောင် တန်းများတွင် အနည်းဆုံး နှင်းထု ၁ ဒသမ ၅ မီတာကျဆင်းခဲ့ကြောင်း၊ ထို့ပြင် ရေကြီးမှုနှင့် မြေပြိုမှုတို့လည်း ဖြစ်ပေါ်ခဲ့ကြောင်း၊ မုန်တိုင်းများကြောင့် အနည်းဆုံးလူ ငါးဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း တာဝန်ရှိသူများ ပြောကြားခဲ့သည်။ ဆိုးရွားသော မိုးလေဝသအခြေအ နေမှာ ရော်ကီတောင်တန်းများနှင့် အမေရိကန် အနောက်အလယ်ပိုင်းဒေသတို့သို့ ယခုသီတင်းပတ်ကုန်ပိုင်းတွင် ဦးတည်နိုင်ကြောင်း ခန့်မှန်းထားသည်။

Read more...

လူသားတို့၏ စားသောက်ပုံ နည်းစနစ် မှားယွင်းမှုကြောင့် ကမ္ဘာကြီးထိခိုက်ရကြောင်း လေ့လာမှုတွင်ဖော်ပြ

ပဲရစ်၊ ဇန်နဝါရီ ၁၇

လူသားတို့၏ အစားအသောက် ထုတ်လုပ်မှုနှင့် စားသောက်မှုအချိုးအစားကို သမမျှတစွာ ပြောင်း လဲမှုသည် လူသန်းနှင့်ချီ၍သေဆုံးမှုနှင့် ကမ္ဘာကြီးအပေါ် ဆိုးရွားစွာ ထိခိုက်မှုကို ရှောင်ရှားနိုင်ကြောင်း နာမည်ကျော် လေ့လာမှုတစ်ခုတွင် ဇန်နဝါရီ ၁၇ ရက်၌ ဖော်ပြလိုက်သည်။ သကြားနှင့်အနီရောင် အသားများစားသုံးမှုကို တစ်ဝက် လျှော့ချပြီး ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် သစ်ဥသစ်ဖုများကိုနှစ်ဆစားသုံးခြင်းဖြင့် ကမ္ဘာ့လူသားများ၏ စားသောက်ပုံ နည်း စနစ်ကိုပြောင်းလဲရေးသည် ရည်ရွယ်ချက်များဖြစ်ကြောင်း သုံးဒါ ဇင်ခန့်ရှိသော သုတေသီအဖွဲ့က The Lancet  ဆေးပညာ ဂျာနယ်တွင် ဖော်ပြထားသည်။

Read more...
Subscribe to this RSS feed