HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကလေးမြို့ စက်ဘီးစီးအဖွဲ့ ချင်းပြည်နယ် ဝေဘူလတောင်သို့ ဒုတိယအကြိမ် စီးနင်း တက်ရောက်မည်

ကလေး၊ ဒီဇင်ဘာ ၎

 

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှ စက်ဘီးဝါသနာရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားသည့် ကလေးမြို့စက်ဘီးစီးအဖွဲ့သည် ဇန်နဝါရီလတွင် ချင်း ပြည်နယ် ဝေဘူလတောင်တက် တောင်ဆင်းခရီးစဉ်ကို ဒုတိယအကြိမ်မြောက်အဖြစ် စီးနင်းမည် ဖြစ်ကြောင်းသိရသည်။ ကလေးမြို့စက်ဘီးစီးအဖွဲ့ကို ကလေးမြို့မှလူငယ်စက်ဘီး ဝါသနာရှင်များဖြင့် စုပေါင်းဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့သည် မြို့ပေါ် နှင့် မြို့ဝန်းကျင်တွင် စက်ဘီးစီးနင်းမှုများ စုပေါင်းဆောင်ရွက်ခဲ့ပြီး အဝေးစီးနင်းခရီးစဉ်များကို ၂၁ ကြိမ် စီးနင်းခဲ့ပြီးဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အစိုးရ နည်းပညာ အထက်တန်းကျောင်း (မကွေး) တွင် အသက်မွေးဝမ်းကျောင်း သင်တန်းများ အခမဲ့ သင်ကြားပေးမည်

မကွေး၊ ဒီဇင်ဘာ ၎

 

မကွေးတိုင်း ဒေသကြီး၊ မကွေးမြို့၊ နည်းပညာ သက်မွေးပညာနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မကွေး)တွင် ဒီဇင်ဘာလ ၁၅ ရက်မှ စတင်၍ (ကာလတို) အသက်မွေးဝမ်း ကျောင်းသင်တန်းများကို အခမဲ့ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ် ကြောင်း အဆိုပါအထက်တန်း ကျောင်းမှသိရသည်။ အဆိုပါ အထက်တန်းကျောင်းမှ ဖွင့်လှစ်သင်ကြားပေးမည့် သင်တန်းများတွင် ပညာအရည်အချင်း လေးတန်းအောင်မြင်သူများအတွက် ဆိုင်ကယ်ပြင်သင်တန်း ပန်းရံသင်တန်း၊ Basic electronics  သင်တန်းနှင့် ဂဟေဆက်သင်တန်းများဖြစ်ပြီး ပညာအရည်အချင်းရှစ်တန်းအောင်မြင်သူများအတွက် အိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းနှင့်ပြုပြင်ထိန်းသိမ်းခြင်း သင်းတန်းနှင့် Computer basic သင်တန်းများဖြစ်ကာ ပညာအရည်အချင်း ၁ဝ တန်းအောင်မြင်သူများအတွက် English Speaking သင်တန်းများပါဝင်ကြောင်း အစိုးရနည်းပညာ အထက်တန်းကျောင်း(မကွေး)ကျောင်း အုပ်ကြီးဦးသက်နိုင်မှ ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

Mandalay Bike Week 2017 ပွဲသို့ မြန်မာနိုင်ငံ မြို့ပေါင်း ၇ဝ ကျော်မှ ဆိုင်ကယ်ချစ်သူများ၏ ဆိုင်ကယ်အစီး ၁ဝဝဝ ကျော် လာရောက်ပြသ၊ စတန့်ပြကွက်များ ပါဝင်

မန္တလေး၊ ဒီဇင်ဘာ ၃

Mandalay Bike Week 2017 ပွဲသို့ မြန်မာနိုင်ငံ မြို့ပေါင်း ၇ဝ ကျော်မှ ဆိုင်ကယ်ချစ်သူများ၏ ဆိုင်ကယ်အစီး ၁ဝဝဝ ကျော် လာရောက်ပြသပွဲကို မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းနှင့် ငုရွှေဝါလမ်းထောင့်ရှိ မန္တလာသီရိ ဘောလုံးကွင်း၌ ဒီဇင်ဘာ ၂ ရက် နှင့် ၃ ရက်တို့တွင်ကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နတ်မောက်-ပျော်ဘွယ် ကားလမ်းတွင် ယာဉ်တစ်စီး ကားဘီးပေါက်ကာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်၊ ယာဉ်ပေါ်ပါသူ ၁၆ ဦး ဒဏ်ရာရရှိ

နတ်မောက်၊ ဒီဇင်ဘာ ၃

 

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် နတ်မောက်-ပျော်ဘွယ်ကားလမ်းတွင် မော်တော်ယာဉ်တစ်စီး ကားဘီးပေါက်ကာအရှိန်မထိန်းနိုင်ဘဲ ပြွန်တံတားအုတ်ခုံကိုဝင်ရောက် တိုက်မိပြီးတိမ်းမှောက်ရာမှ ယာဉ် ပေါ်ပါသူ ၁၆ ဦး ပြင်းထန်စွာဒဏ် ရာရရှိကြောင်း နတ်မောက်မြို့နယ် ရဲစခန်းမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တစ်ရက် အနည်းဆုံး လုပ်ခ ကျပ် ၅၆၀၀ အမြန်ဆုံး သတ်မှတ်ပေးရန် မန္တလေး စက်မှုဇုန်တွင် အလုပ်သမား ၁၀၀၀ ကျော် ဆန္ဒထုတ်ဖော် တောင်းဆို

မန္တလေး၊ ဒီဇင်ဘာ ၃

 

တစ်ရက် အနည်းဆုံး လုပ်ခကျပ် ၅၆၀၀ အ မြန်ဆုံး သတ်မှတ်ပေးရန်အတွက် အလုပ်သမား ၁၀၀၀ ကျော်သည် ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲက မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန်မြို့ နယ် ၆၂ လမ်းနှင့် အေးသုခလမ်းထောင့်တွင် စတင်စုဝေးပြီး ခွင့်ပြုမိန့်ဖြင့် လမ်း လျှောက်ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ထောက်ကြန့်လမ်းဆုံအနီး စားသောက်ဆိုင်တွင် ဆရာတော်ရိုက်နှက်ခံရမှုနှင့်ပတ်သက်ပြီး အမှုမှန်ပေါ်ပေါက်ရေး ရမ်းဗြဲအသင်းသူအသင်းသားများ ဦးဆောင်ဆွေးနွေး

ဆေးသောက်ရန် ရေနွေးတောင်းရာမှ အရိုက်ခံရခြင်းဖြစ်ဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၂- ထောက်ကြန့် လမ်းဆုံအနီး လမင်းသာ-၂ စား သောက်ဆိုင်အတွင်း၌ ဆရာတော် ရိုက်နှက်ခံရမှုနှင့်ပတ်သက်ပြီး အ မှုမှန်ပေါ်ပေါက်ရေးအတွက် ရမ်းဗြဲ အသင်းသူအသင်းသားများ ဦး ဆောင်ကာ ဆွေးနွေးပွဲတစ်ခုပြုလုပ် ခဲ့ကြပြီး ဆေးသောက်ရန် ရေနွေး တောင်းရမှ အရိုက်ခံရခြင်းဖြစ်ဟု အဆိုပါဆွေးနွေးပွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သေနတ်သမား ကြည်လင်းနှင့် ပါဝင်ပတ်သက်သူများ အထူးတရားရုံးသို့ ရုံးထုတ်

ရန်ကုန် ဒီဇင်ဘာ ၂

ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ် တွင် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုတွင် သေနတ်သမား ကြည်လင်းနှင့် ပါဝင်ပတ်သက်သူ အောင် ဝင်းဇော်၊ ဇေယျာဖြိုးနှင့် အောင်ဝင်းထွန်း တို့အား ဒီဇင်ဘာ ၁ ရက် နံနက် ၁ဝ နာရီက ရန်ကုန်မြောက်ပိုင်းခရိုင် အထူး တရားခုံရုံးသို့ ရုံးထုတ်ခဲ့ပြီး လိုပြ သက်သေနှစ်ဦး စစ်ဆေးခဲ့ကြောင်း နှင့် ယနေ့အထိ လိုပြသက်သေများ စုစုပေါင်း ၆၂ ဦးအထိ စစ်ဆေးမှု ပြုလုပ်နိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

ရန်ကုန်မြို့ကန်တော်ကြီးပန်းခြံအတွင်း စွန့်ပစ်ထားသည့်အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် ၁၈၀ တွေ့ရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၂-ရန်ကုန်မြို့ ကန်တော်ကြီးအတွင်း စွန့်ပစ်ထား သော အိမ်ထောင်စုစာရင်းနှင့် နိုင်ငံ သားစိစစ်ရေးကတ်မူရင်း၊ စုစုပေါင်း ၁၈၀ ကို တွေ့ရှိခဲ့ကြောင်း သိရ သည်။

ဆက်လက်ဖတ်ရှုရန် ...