HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

လူထုဒေါ်အမာ၏ (၁ဝ၂) နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်ပွဲ မန္တလေး၌ ကျင်းပ

မန္တလေး၊ နိုဝင်ဘာ ၂၉

 

စာပေပညာရှင် လူထုဒေါ်အမာ၏ (၁ဝ၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်ပွဲကို မန္တလေးမြို့ အမရပူရ မြို့နယ် တောင်သမန်အင်းအနီး တောင် လေးလုံးကျောင်းတိုက်တွင် နိုဝင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲက ကျင်းပခဲ့ကြောင်းသိရသည်။ ''မြန်မာနိုင်ငံ အနယ်နယ် အရပ်ရပ်က စာပေပညာရှင်တွေ၊ အမေ့ကိုချစ်တဲ့လူတွေ၊ လေးစားတဲ့လူတွေတက်ရောက်လာလို့ ဝမ်းသာပါတယ်။ အမေသာရှိရင် ကနေ့တိုင်းပြည်နဲ့ စာပေလောက အခြေအနေတွေ နိုင်ငံရေးအခြေအနေကို ဘာပြောမလဲ။ ပြည်သူ တွေခံစားနေရတာ တစ်ထပ်တည်း ခံစားနေရမှာပါ''ဟု လူထုဒေါ်အမာ ၏သားဖြစ်သူ စာရေးဆရာ ညီပု လေးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေးတွင် ပထမအကြိမ် အမျိုးသမီး လမ်းလျှောက်ပွဲတော် အမျိုးသမီး ၁ဝဝဝ ကျော် ပါဝင်ဆင်နွှဲ

မန္တလေး

 

မန္တလေးမြို့၏ ပထမဆုံးအကြိမ် အမျိုးသမီးလမ်းလျှောက်ပွဲကို နိုဝင်ဘာ ၂၆ ရက် နံနက် ၆ နာရီက အမျိုးသားကဇာတ်ရုံ ရှေ့မှ စတင်ထွက်ခွာလာရာ အမျိုးသမီး ၁ဝဝဝ ကျော် ပါဝင်လမ်းလျှောက်ကြောင်းသိရသည်။ ပထမအကြိမ် အမျိုးသမီးသီးသန့်လမ်း လျှောက်ပွဲတာထွက်ဖွင့်ပွဲကို မန္တလေးတိုင်း ဒေသကြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီး ဦးမျိုးသစ်က ဖဲကြိုးဖြတ်ဖွင့်လှစ်၍ ရှမ်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးစိုင်းကျော်ဇောက သေနတ် ပစ်ဖောက်တာလွှတ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ကျိုက်ထီးရိုး စေတီတော်သို့ ၁ဝ လအတွင်း ပြည်ပ ဘုရားဖူးခရီးသွား ၉ဝဝဝဝ ခန့် လာရောက်၊ ထိုင်းနိုင်ငံသား အများဆုံးဖြစ်

ကျိုက်ထို၊ နိုဝင်ဘာ ၂၈

 

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်သို့ ယခုနှစ်ဇန်နဝါရီလမှ အောက်တိုဘာလကုန်အထိ ပြည်ပဘုရားဖူးခရီးသွား ၈၇၉၁၅ ဦးလာရောက်ခဲ့ ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ နိုင်ငံခြားသားဇုန် ဝင်ကြေးကောက်ခံရေးရုံးမှ နိုဝင်ဘာ ၂၆ ရက်တွင် သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံချစ်ကြည်ရေး ကားမောင်းပြိုင်ပွဲ ကလေးမြို့မှ စတင်ထွက်ခွာ

ကလေး၊ နိုဝင်ဘာ ၂၈

 

Kalinga Motor Clup မှကြီးမှူး၍ ဒုတိယအကြိမ်မြောက် အိန္ဒိယ၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံဖြတ်ကျော် ချစ်ကြည်ရေးကားမောင်းပြိုင်ပွဲ(IMT Friendship Car Rally-|| 2017)  ခရီးစဉ်တာ လွှတ်ပွဲကို နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက ကလေးမြို့ မင်းကြီး ဟိုတယ်ရှေ့မျက်နှာစာ၌ ကျင်းပခဲ့ရာ နံနက် ၈ နာရီတွင် သုံးနိုင်ငံမှ ကားအစီးရေ ၂ဝ တာလွှတ် ပေးခဲ့ ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေးတွင် ကျောက်မီးသွေးတွင်း ပြိုကျ၊ လူရှစ်ဦး ပိတ်မိပြီးနောက် အနည်းဆုံး ငါးဦးသေဆုံး၊ တရုတ်နိုင်ငံသား တစ်ဦး ပါဝင်

ရန်ကုန်၊ နိုဝင်ဘာ ၂၈

 

ကျောက်မီးသွေးတွင်းပြိုကျမှုကြောင့် လူရှစ်ဦးပိတ်မိနေခဲ့ရာ လက်ရှိအထိ ရှာဖွေတွေ့ရှိခဲ့သည့် ငါးဦးမှာ သေဆုံးသွားပြီဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံသားတစ်ဦးပါဝင်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စက်မှုဇုန် လုပ်ရန်ဟုဆိုကာ သိမ်းဆည်းခဲ့သည့် လယ်မြေ ဧက ၃ဝဝဝ ခန့် ပြန်လည်ရရှိရေး တောင်သူများ ငါးကြိမ်မြောက် ဆန္ဒထုတ်ဖော်တောင်းဆို

စစ်တွေ၊ နိုဝင်ဘာ ၂၇

 

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် စက်မှုဇုန်လုပ်ရန်ဟုဆိုကာ သိမ်းဆည်းခဲ့သည့် လယ် မြေဧက ၃ဝဝဝ ခန့်ပြန်လည်ရရှိ ရေးအတွက် လယ်ပိုင်ရှင်များမှ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းတွင် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့ကြ ကြောင်းသိရသည်။ မူလမြေပိုင်ရှင်တောင်သူ ၂ဝဝ ခန့်သည် စစ်တွေမြို့၊ ဝင်္ကပါကွင်း မှစတင်ကာ မြို့တွင်းသို့လှည့်လည်၍ သိမ်းဆည်းခံလယ်မြေများ ပြန် လည်ရရှိရေးနှင့် လယ်မြေများအား တရားဥပဒေမဲ့ ရယူထားသူများကို အရေးယူပေးရေး စသည်တို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

သိန္နီမြို့နယ်၌ အမိုနီယံနိုက်ထရိတ် ၃၆,၀၀၀ ကီလိုဂရမ် သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

 

သိန္နီမြို့နယ်၌ အမိုနီယံနိုက်ထရိတ်(၃၆,၀၀၀)ကီလိုဂရမ် သိမ်းဆည်းရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးညှင်းမြို့နယ်၌ အမိုနီယံ နိုက်ထရိတ်(၁၉၀)အိတ် တွေ့ရှိ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၇

 

မိုးညှင်းမြို့နယ်၌ အမိုနီယံနိုက်ထရိတ်(၁၉၀)အိတ် တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ယနေ့ သတင်းထုတ်ပြန်သည်။

ဆက်လက်ဖတ်ရှုရန် ...