HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေး တံတားပေါ်၌ ယာဉ်ကြော ပိတ်ဆို့နေမှုကို ရှင်းလင်းရန် ယာဉ်ဝင်ထွက်ချိန်များ သတ်မှတ်  

မြဝတီ၊ ဇွန် ၁၁

မြန်မာ-ထိုင်း အမှတ်(၁) ချစ်ကြည်ရေးတံတား ပေါ်တွင် နေ့စဉ်နှင့် ယာဉ်ကြောပိတ် ဆို့မှုများ ဖြစ်ပေါ်နေသောကြောင့် အဆိုပါ အခက်အခဲအား ဖြေရှင်း နိုင်ရန် မြဝတီမြို့မှ တာဝန်ရှိသူများ ဇွန် ၁ဝ ရက် မွန်းလွဲ ၁ နာရီက အမှတ်(၁) ချစ်ကြည်ရေး တံတား ကြီးရုံးခန်း၌ ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့ကြောင်း သိရသည်။ ထိုင်းနိုင်ငံဘက်မှ ကုန်တင် ယာဉ်များသည် မြန်မာဘက်ရှိ ကုန် သွယ်ရေးဇုန်သို့ နေ့စဉ် အစီး ၄ဝဝ ခန့် ကုန်လာပို့နေကြသည့် အတွက် ချစ်ကြည်ရေးတံတားကြီးပေါ်၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ် နေရခြင်းအပြင် အေးဂျင့်များအနေ ဖြင့်လည်း လုပ်ငန်းဆောင်ရွက်ရာ တွင် အချိန်နှင့်တစ်ပြေးညီ လုပ် ဆောင်ပေးနိုင်ခြင်း မရှိမှုများ ကြောင့်လည်း ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပွားရခြင်းဖြစ်သည်ဟု သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လပွတ္တာမြို့နယ်တွင် ဓားကိုင် ရမ်းကားနေသူကို ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီး  

လပွတ္တာ၊ ဇွန် ၁၁

လပွတ္တာမြို့နယ် အတွင်း ဓားကိုင်ရမ်းကားနေသူကို ရဲတပ်ဖွဲ့မှတားဆီးရာ တုတ်ဖြင့်ရိုက် ရင်းပြေးဝင်လာသဖြင့် ပစ်ခတ်ဖမ်း ဆီးခဲ့ရကြောင်းသိရသည်။ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ရွှေမိတ်ကျေးရွာနေ ကျော်မျိုး(၃ဝ)နှစ်မှာ ကျေးရွာအတွင်း ဓားကိုင်ရမ်းကားနေကြောင်း ၎င်းင်း၏ဇနီး မငွေဇင်ဦးက တိုင်တန်း၍ ဇွန် ၁ဝ ရက် ညပိုင်းက ရဲတပ်ဖွဲ့မှ သွားရောက်တားဆီး ထိန်းသိမ်းစဉ် ကျော်မျိုးမှ ရဲတပ်ဖွဲ့ဝင်များကို ဆဲဆိုခြိမ်းခြောက်ပြီး တုတ်ဖြင့်ရိုက် ရန်ပြေးဝင်လာသဖြင့် ရဲတပ်ဖွဲ့ဝင်က သတိပေးပစ်ခတ်ခဲ့ရာ ကျော်မျိုး တွင် ဝမ်းဗိုက်/ယာလက်ဖျံ ပေါက် ပြဲဒဏ်ရာများရရှိကာ ဖမ်းမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။ ကျော်မျိုး၏ လွယ်အိတ်အတွင်း မှ လေးခွတစ်လက်၊ အရှည်ရှစ် လက်မခန့်ရှိ စကေဘာတစ်ချောင်းရှာဖွေတွေ့ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြန်မာနိုင်ငံ ရင်ခွင်မဲ့ ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း စစ်ကိုင်းတိုင်း အလုပ်အမှုဆောင်များ ကတိသစ္စာခံ  

မုံရွာ၊ ဇွန် ၁ဝ

မြန်မာနိုင်ငံရင်ခွင် မဲ့ကလေးငယ်များ လျှော့ချရေး နှင့်ကာကွယ်စောင့်ရှောက်ရေး အသင်း စစ်ကိုင်းတိုင်းဒေသကြီးအ ဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် အသင်းဝင်များ ကတိသစ္စာခံယူပွဲ ကို မုံရွာမြို့ မြို့တော်ခန်းမတွင် ဇွန် ၁ဝ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီးရှိ ခရိုင်ရှစ်ခရိုင်နှင့် မြို့နယ် ၃ဝ တွင် အသင်းများဖွဲ့စည်းထားပြီး မော် လိုက်ခရိုင်၊ ခန္တီးခရိုင်နှင့်နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ မြို့ နယ် ခုနစ်မြို့နယ်တွင် ဖွဲ့စည်းရန် ကျန်ရှိနေသေးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဖလမ်းမြို့၌ တည်ဆောက်နေသော ဆူရ်ဘုန်လေယာဉ်ကွင်း၌ ၂ဝ၂ဝ စက်တင်ဘာလတွင် လေယာဉ် ဆင်းသက်နိုင်တော့မည်

ဖလမ်း၊ ဇွန် ၁ဝ

၂ဝ၁၅-၂ဝ၁၆ ဘတ်ဂျက်မှစတင်၍ ချင်းပြည်နယ် ၌ ပထမဆုံးတည်ဆောက်လျက်ရှိ သော ဖလမ်းမြို့ ဆူရ်ဘုန်လေယာဉ် ကွင်းမှာ ယခုအခါ ၆ဝ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်သည့်အတွက် ၂ဝ၂ဝ ပြည့်နှစ် စက်တင်ဘာလတွင် လေယာဉ်များ စတင်ဆင်းသက်နိုင် တော့မည်ဖြစ်ကြောင်း ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးထံကသိရသည်။ ''ဖလမ်းဆူရ်ဘုန်လေယာဉ် ကွင်းသစ်တည်ဆောက်ရေးလုပ်ငန်းမှာ မြေထိန်းနံရံတွေတည်ဆောက် မှုကတော့ တစ်ဖက်ပြီးစီးသွားပြီ။ အခြားတစ်ဖက် ကျန်ပါသေးတယ်။ အခုတည်ဆောက်နေတယ်၊ ၂ဝ၂ဝ ပြည့်နှစ်စက်တင်ဘာလမှာ လေယာဉ် ဆင်းသက်နိုင်ဖို့ လုပ်ဆောင်နေပါတယ်။ လိုတဲ့ဘတ်ဂျက်လည်းထပ် မံအသုံးပြုသွားမှာပါ'' ဟု လေ ကြောင်းပို့ဆောင်ရေး၊ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးက ပြောကြား သည်။

ဆက်လက်ဖတ်ရှုရန် ...

မူးယစ်သတင်းအရ မန္တလေး အငှားအိမ်ရာ တိုက်ခန်းသို့ ဝင်ရောက်ရှာဖွေရာမှ နိုင်ငံသား စိစစ်ရေးကတ်များ၊ ယာဉ်မောင်းလိုင်စင်များ၊ ဝှီးတက်များနှင့် ယာဉ်မှတ်ပုံတင် စာအုပ်များကို သိမ်းဆည်းရမိ  

မန္တလေး၊ ဇွန် ၁ဝ

မန္တလေးတိုင်း ဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ အငှားအိမ်ရာ၊ စံပယ်တိုက်ခန်းရှိ မူးယစ်ကျော်စောသူများကို ရဲတပ်ဖွဲ့ ဝင်များမှ ဝင်ရောက်ဖမ်းဆီးခဲ့ရာ မူးယစ်ဆေးဝါးများ မတွေ့ရှိသော်လည်း နိုင်ငံသားစိစစ်ရေးကတ် ပြားများ၊ ယာဉ်မောင်းလိုင်စင်များ၊ ဝှီးတက်များနှင့် ယာဉ်မှတ်ပုံတင်စာအုပ်အများအပြားကိုသာ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နာဂဒေသကို လူ့ကျင့်ဝတ်အရ ပစ်ပယ်ထား၍မရဘဲ ဂရုစိုက်ရန်လိုကြောင်း ပြည်ထောင်စုဝန်ကြီးပြော  

မုံရွာ၊ ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှ လူမျိုးများသည် မြန်မာနိုင်ငံသားများဖြစ်သည့်အလျောက် လူ့ကျင့်ဝတ်အရ ၎င်းင်းတို့၏ကျန်းမာရေးကိုပစ်ထား၍မရဘဲ ဂရုစိုက်လုပ် ဆောင်ရန်လိုအပ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့် ထွေးက ပြောကြားသည်။ ဇွန် ၉ ရက်က မုံရွာမြို့ ဝင်းယူနတီဟိုတယ်ခန်းမ၌ ကျင်းပ သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွင်း မိခင်မျိုးဆက်ပွား၊ မွေးကင်းစနှင့်ကလေးကျန်းမာရေး စောင့်ရှောက်မှု အာဟာရဖွံ့ဖြိုးရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ မြှင့်တင်ရေး မိတ်ဖက်အဖွဲ့အစည်းများနှင့်ညှိနှိုင်းအစည်းအဝေးပွဲတွင် အဖွင့်အမှာစကားပြောကြားရာ၌ ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်ဝင် စာမေးပွဲတွင် ဘာသာစုံဂုဏ်ထူးဖြင့် အောင်မြင်သည့် ကျောင်းသားလေး သာသနာ့ဘောင်၌ အပြီးနေထိုင်၍ တိပိဋက ဆရာတော်ဖြစ်ရန် ကြိုးစားမည်ဟု မိန့်ဆို  

စစ်ကိုင်း၊ ဇွန် ၉

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဘာသာစုံဂုဏ် ထူးဖြင့်အောင်မြင်ခဲ့သည့် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်မှ ကျောင်းသားလေး မောင်အောင် ကောင်းဆက်သည် စစ်ကိုင်းတောင်ရိုးမြစကြာကျောင်းတိုက်၌ ရှင်ကုဏ္ဍလဘွဲ့အမည်ဖြင့် သာသနာဘောင် ဝင်ရောက်နေရာ ၎င်းင်းအနေဖြင့် သာသနာ့ဘောင်တွင်သာ ရာသက်ပန် သီတင်းသုံးနေထိုင်ပြီး ပရိယတ္တိစာ ပေများကို လေ့လာသင်ယူကာ ယောဆရာတော်ကြီးကဲ့သို့ တိပိဋကဘွဲ့တံဆိပ်တော်ရ ဆရာတော် တစ်ပါးဖြစ်အောင် ကြိုးစားသွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်ပြည်နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ရာခိုင်နှုန်း တိုးလာသော်လည်း ဘာသာစုံ ဂုဏ်ထူးရသူ လျော့ကျသွား ဟုဆို  

စစ်တွေ၊ ဇွန် ၉

ရခိုင်ပြည်နယ်၏ ယခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်ချက် ရာခိုင်နှုန်းမှာ ယခင်နှစ်ထက် တိုးတက်လာသော်လည်း ဘာသာစုံဂုဏ်ထူးရရှိသူသည် ယခင်နှစ်ကထက် လျော့ကျသွား ကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။ ရခိုင်ပြည်နယ်၏ ၂ဝ၁၈ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင် ချက်ရာခိုင်နှုန်းမှာ ၂၁ ဒသမ ၄၅ ရာခိုင်နှုန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် ၂၃ ဒသမ ၉၇ ရာခိုင်နှုန်းအထိ တိုးတက်လာခဲ့ပြီး ယခင်နှစ်က ရခိုင်ပြည်နယ်တွင် ဘာသာစုံဂုဏ် ထူးရရှိသူ ၁၇ ဦး ရှိခဲ့သော်လည်း ယခုနှစ်တွင် ၁၆ ဦးသာ ရှိကြောင်း ဇွန် ၈ ရက်တွင် ပြည်နယ်ပညာ ရေးမှူးရုံးက ထုတ်ပြန်သည့် တက္ကသိုလ်ဝင်တန်း အောင်စာရင်းအရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...