HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဝိဇ္ဇာဘာသာတွဲ)၌ အမှတ်အများဆုံး ရရှိသူ ၁ဝ ဦးတွင် ဧရာဝတီတိုင်းဒေသကြီးမှ ငါးဦးပါဝင်

ပုသိမ်၊ ဇွန် ၈ - ၂ဝ၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဝိဇ္ဇာဘာ သာတွဲ)၌ အမှတ်အများဆုံးရရှိသူ ၁ဝ ဦးတွင် ဧရာဝတီတိုင်းဒေသ ကြီးမှ ငါးဦး အောင်မြင်ခဲ့ပြီး၊ ကျုံ ပျော်မြို့နယ် တောက်တဲ့ရိုး အ ထက်တန်းကျောင်းမှ ကျောင်းသူ မသဇင်ဝင်း (အပတ-၈၁၆)သည် ငါးဘာသာဂုဏ်ထူးဖြင့် မြန်မာ တစ်နိုင်ငံလုံးတွင် အမှတ်အများ ဆုံးဖြင့် အောင်မြင်ခဲ့ကြောင်း တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် မန္တလေးဗဟိုအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်း သူ ၄၂ ဦးအောင်

မန္တလေး၊ ဇွန် ၈ - ၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်၊ တက္ကသိုလ် ဝင်တန်းစာမေးပွဲတွင် မန္တလေးဗဟို အကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၇၁ ဦးဝင်ရောက်ဖြေ ဆိုခဲ့ရာ ၄၂ ဦးအောင်မြင်ခဲ့ပြီး နှစ်ဘာသာဂုဏ်ထူးရှင်သုံးဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၁ ဦး ရှိခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဒေါက်တာမြဝတ်ရည် အထူးကုဆရာဝန်(ခွဲစိတ်)အဖြစ် ရာထူးတိုး

ရန်ကုန်၊ ဇွန် ၈ ရက်၊ ရွှေပြည်သာ မီးသတ် စခန်းရှေ့တွင် ကားရပ်တန့်ခဲ့သည်ဟုဆိုကာ အချင်းများခဲ့ရာမှ မီးသတ်ဌာနနှင့် အပြန် အလှန်တရားစွဲခဲ့သော ထန်းတပင် အလုပ် သမားဆေးရုံကြီးတွင် တာဝန်ထမ်းဆောင်နေ သည့် ဒေါက်တာမြဝတ်ရည်အား လက်ထောက် ဆရာဝန်(ခွဲစိတ်)မှ အထူးကုဆရာဝန် (ခွဲ စိတ်)အဖြစ် ရာထူးတိုးမြှင့်ခန့်အပ်ခြင်းခံ ရကြောင်း ၄င်းထံမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရခိုင်တွင် တိုက်ပွဲများကြောင့် လယ်ဧက တစ်သိန်းခန့် ထွန်ယက် စိုက်ပျိုးနိုင်မည် မဟုတ်ဟုဆို  

စစ်တွေ

ရခိုင်ပြည်နယ်တွင် အရှိန်မြှင့်ကာဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် လယ်ဧကတစ်သိန်းခန့်ထွန်ယက်စိုက်ပျိုး နိုင်မည်မဟုတ်ကြောင်း ရခိုင်ပြည်နယ်လုံးဆိုင်ရာ တောင်သူ လယ်သမားသမဂ္ဂမှ သိရသည်။ တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ရှိ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် မင်းပြား စသည့်မြို့နယ်ခုနစ်ခုမှ လယ်ယာမြေ ဧကပေါင်း တစ်သိန်းနီးပါးသည် အချိန်မီထွန်ယက်စိုက်ပျိုး၍ မရနိုင်သည့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရကြောင်း ရခိုင်ပြည်နယ် လုံးဆိုင်ရာ တောင်သူလယ်သမားသမဂ္ဂဥက္ကဋ္ဌဦးကျော်ဇံက ပြော သည်။

ဆက်လက်ဖတ်ရှုရန် ...

မီးလောင်မှုဖြစ်ပွားစဉ် အိပ်ပျော်နေသည့် အသက်(၈၄)နှစ်အရွယ် အဘွားအို သေဆုံး

ဗန်းမော်၊

ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နေအိမ်မီး လောင်မှုဖြစ်ပွားစဉ် အိပ်ခန်းအတွင်း အိပ်ပျော်နေသည့် အသက်(၈၄)နှစ်အရွယ် အဘွားအိုတစ်ဦး သေ ဆုံးမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဖြစ်စဉ်မှာ ဗန်းမော်မြို့နယ် စီအင်ကျေးရွာ(ငါးမိုင်)၌ ဇွန် ၆ ရက် နံနက် ၂ နာရီခန့်က မီး လောင်မှုဖြစ်ပွားကြောင်း သတင်းအရ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ကျော်ကျော်ခိုင်၊ မြို့မရဲစခန်းမှူး ဒုရဲမှူးခင်မောင်ငွေနှင့်အဖွဲ့၊ ခရိုင် မီးသတ်ဦးစီးမှူး ဦးစိုးမင်းခိုင်နှင့် သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင် များ အခင်းဖြစ်နေရာသို့ သွား ရောက်စစ်ဆေးရာ နေအိမ်အပေါ် ထပ် ဧည့်ခန်းတိုင်ရှိ ပလပ်ခုံတွင် ဓာတ်မီး အားသွင်းထားရာမှ အပူ လွန်ကဲ၍ ဝိုင်ယာရှော့ခ်ဖြစ်ကာ အနီးရှိ ထရံအား မီးကူးစက် လောင်ကျွမ်းပြီး အိပ်ခန်းတွင် အိပ် ပျော်နေသည့် အိမ်ရှင်ဖြစ်သူ ဒေါ်ခမ်းလှိုင်(၈၄)နှစ်သည် အိပ် ရာနေရာ၌ မီးလောင်သေဆုံးခဲ့ သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးကုတ်တွင် မြေပြိုမှုဖြစ်ပွား၊ တစ်ဦးသေ၊ နှစ်ဦးဒဏ်ရာရရှိ  

ရန်ကုန်

မိုးကုတ်မြို့ နယ်တွင် မြေပြိုမှုများကြောင့် နေအိမ်နှစ်လုံးပေါ်ပိမိပြီး လူတစ် ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရခဲ့ ကြောင်းသိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်း ဒေသကြီး၊ မိုးကုတ်မြို့နယ်၊ ဘီး တောင်ရပ်ပတ္တမြားစေတီ အောက်တွင်ဇွန် ၆ ရက်နံနက် ၂ နာရီခန့် ကမြေပြိုကျမှုကြောင့်နေအိမ်တစ် လုံးပျက်စီးပြီး ဒေါ်အုန်းကြည် (၅၉) နှစ်သေဆုံးကာ¤င်း၏ တူ တော်စပ်သူမောင်ပြည့်စုံဖြိုးမှာခါး တွင် ဒဏ်ရာရရှိခဲ့ကြောင်း၊အလား တူနံနက် ၂ နာရီခန့်တွင်အောင် သာယာရပ်ကွက် ဦးဆွန်နီး၏ နေ အိမ်နောက်မှပေ(၃ဝ) ခန့်မြင့်သော ကမ်းပါးပြိုကျခဲ့၍ အိမ်အလုံး လိုက်အောက်သို့ လျှောကျပျက်စီး သွားခဲ့ရာ ဦးဆွန်နီးမှာ ဦးခေါင်း တွင်စိုးရိမ်ရဒဏ်ရာဖြင့် မိုးကုတ် မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ဆေး ကုသမှုခံယူလျက်ရှိကြောင်း မိုးကုတ် မြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရ သည်။

ဆက်လက်ဖတ်ရှုရန် ...

ပြင်ပလေထု ညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့်သေဆုံးနေ  

မကွေး

ပြင်ပလေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင်နှစ်စဉ် လူဦးရေ ၃ ဒသမ ၇ သန်းခန့်သေဆုံးနေကြောင်း ကုလသမဂ္ဂပတ်ဝန်းကျင် လေ့လာဆန်းစစ်တွေ့ရှိချက် အရသိရကြောင်း မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြားသည်။  ဇွန် ၅ ရက်နံနက် ၈ နာရီက မကွေးမြို့တော်ခန်းမ၌ ကျင်းပသည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

အုပ်ချုပ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးတွင် စွမ်းဆောင်ရည်မြင့်မားစေရန် ဧရာဝတီတိုင်းဒေသကြီးရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရာအိမ်မှူးများကို သင်တန်းပို့ချမည်  

ပုသိမ်

အုပ်ချုပ်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် စွမ်း ဆောင်ရည်မြင့်မားလာစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ် စုများမှ ရာအိမ်မှူးများကို လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင် တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန်လတတိယပတ်တွင် တိုင်း ဒေသကြီးရှိ ရပ်ကွက်နှင့်ကျေးရွာ အုပ်စုများမှ ရာအိမ်မှူး ၁၆ဝ၉ဝ ကို သင်တန်းပို့ချနိုင်ရန် စီစဉ်ထားပြီး သင်တန်းတွင် ရဲတပ်ဖွဲ့၊ လူဝင် မှုကြီးကြပ်ရေးဦးစီးဌာန၊ အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေ စာရင်း ဦးစီးဌာနနှင့်ဥပဒေရုံးတို့မှ သိသင့်သိထိုက်သည်များကို ထုတ်နုတ်၍ သင်တန်းများပို့ချသွားမည် ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...