HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မုံရွာခရီးစဉ်တွင် ပေးပို့လာသော ပြည်သူ့တိုင်စာ သမ္မတလာစဉ်ကထက် ၁ဝ ဆပိုများ

မုံရွာ၊ မတ် ၈ 

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၏ မုံရွာခရီးစဉ်တွင် ဒေသခံများ တိုင်စာပေးမှုသည် သမ္မတ ဦးဝင်းမြင့်လာစဉ်ကထက် ဆယ်ဆပိုများကြောင်း သိရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၏ မတ် ၈ ရက် မုံရွာခရီးစဉ်တွင် တိုင်စာယာယီဌာနသို့ တိုင်စာပေါင်း ၃ဝဝ နီးပါးရောက်ရှိခဲ့ ကြောင်း တိုင်စာဌာနမှ တာဝန်ရှိ သူကပြောသည်။ ၂ဝ၁၈ ခုနှစ် သြဂုတ်လ ၁၈ ရက်နေ့ကလာရောက်သော နိုင်ငံ တော်သမ္မတ ဦးဝင်းမြင့်၏ ခရီးစဉ်တွင်မူ ဘုတလင်မြို့နယ်မှ တိုင်စာ ၂၂ စောင်၊ ဆားလင်းကြီး မြို့နယ်မှ တိုင်စာခုနစ်စောင်စုစု ပေါင်း ၂၉ စောင်သာ ပေးပို့တိုင် ကြားခဲ့ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

စာမေးပွဲဖြေဆိုခွင့်ကတ်ပြား အိမ်တွင်မေ့ကျန်ခဲ့သော ကျောင်းသူအား ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကူညီပေးသဖြင့် စာမေးပွဲအချိန်မီဖြေဆိုခွင့်ရရှိ

ဘားအံ၊ မတ် ၇ - တက္ကသိုလ် ဝင်တန်းစာမေးပွဲ ဒုတိယနေ့ဖြစ်သည့် မတ် ၇ ရက်တွင် စာမေးပွဲဖြေဆိုမည့် ကရင်ပြည်နယ် ဘားအံမြို့ အမှတ် (၇) ရပ်ကွက်မှ ကျောင်းသူ တစ်ဦးနေအိမ်တွင် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား မေ့ကျန်ခဲ့သည့်အတွက် စာမေးပွဲအချိန်မီဖြေဆိုခွင့် ရရှိအောင် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ကူညီပေးခဲ့ကြောင်း ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြန်တမ်းဝင်အရာရှိ၏ကျွမ်းကျင်မှုသည် ပြောင်းရွှေ့တာဝန်ထမ်းလိုသည့် ဝန်ကြီးဌာန၏ လုပ်ငန်းသဘာဝနှင့် ကိုက်ညီမှုရှိရန်လို

နေပြည်တော်၊ မတ် ၇ - ပြန်တမ်း ဝင်အရာရှိ၏ ကျွမ်းကျင်မှုသည် ပြောင်းရွှေ့ တာဝန်ထမ်းလိုသည့် ဝန်ကြီးဌာန၏ လုပ်ငန်းသဘာဝနှင့် ကိုက်ညီမှုရှိမှသာ ရမ်းသန်းစီမံ ခန့်ခွဲခြင်းဒဏ်မှ သက်သာရာရမည် ဟု အမျိုးသားလွှတ်တော်ကိုယ် စားလှယ်တစ်ဦးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ဘွဲ့ရပြီး အလုပ်ရဖို့ကြိုးစားပေးမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

မုံရွာ၊ မတ် ၇- တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ဘွဲ့ရပြီး အလုပ်ရဖို့မိမိကြိုးစား ပေးမည်ဟု နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစု ကြည်ကပြောကြားလိုက်သည်။

ဆက်လက်ဖတ်ရှုရန် ...

တက္ကသိုလ်ဝင်တန်း စာမေးပွဲ၏ ပထမဆုံးမြန်မာစာ ဘာသာရပ်ကို မန္တလေးမြို့မှ အသက် (၇၃)နှစ်အရွယ် အဘိုးဝင်ရောက်ဖြေဆို

မန္တလေး၊ မတ် ၆

တက္ကသိုလ်ဝင်တန်းစာမေးပွဲ၏ မြန်မာစာဘာသာရပ်စတင်ဖြေဆိုမှုကို မတ် ၆ ရက် နံနက်(၉)နာရီက စတင်ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းစာစစ်ဌာန၌ အသက် ၇၃ နှစ်အရွယ်အဘိုး ဦးစိုင်းအောင်ညွန့် လာရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်းတိုင်းဒေသကြီး အလံနှင့်အစိုးရအဖွဲ့လိုဂိုအသစ်ကို မဲခွဲဆုံးဖြတ်ရာ ကန့်ကွက်သူများ၍ လွှတ်တော်မှ အတည်မပြု

စစ်ကိုင်း၊ မတ် ၆

စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအလံနှင့်အစိုးရအဖွဲ့လိုဂိုတံဆိပ်အသစ်ကို လွှတ် တော်မှ မဲခွဲဆုံးဖြတ်ရာကန့်ကွက်သူများသဖြင့် လွှတ်တော်မှအတည် မပြုခဲ့ကြောင်း သိရသည်။ မတ် ၆ ရက်က ကျင်းပသည့် (၁၇) ကြိမ်မြောက် စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော် ၁၇ ရက် မြောက်နေ့တွင် လိုဂိုအသစ်ကို လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးမှ ကန့်ကွက်ဆွေးနွေးသဖြင့် လွှတ် တော်တွင်အတည်ပြု၊ မပြုမဲခွဲဆုံးဖြတ် စေခဲ့ရာ မဲပေးခွင့်ရှိသူ ၇၈ ဦးအနက် ထောက်ခံသူလေးဦး၊ ကန့်ကွက်သူ ၄၇ ဦး၊ ကြားနေ ၂၇ မဲထွက်ပေါ်သဖြင့် ကန့်ကွက်သူများသောကြောင့် လွှတ်တော်မှအတည်မပြုကြောင်း ဥက္ကဋ္ဌ ဦးသန်းမှ ကြေညာခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုးညှင်းမြို့နယ်အတွင်း တရားမဝင် ရွှေတူးဖော်သည်ဟုဆိုကာ သိမ်းဆည်းထားခဲ့သည့် ဘက်ဟိုးယာဉ်အစီး ၄ဝ အား မူလပိုင်ရှင်များထံ ပြန်လည်ပေးအပ်

မိုးညှင်း ၊ မတ် ၆ 

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ အင်းတော်ကြီး ဒေသရှိ၊ မိုင်းနောင်ကျေးရွာနှင့် မုန်မုန်ကိုင်ကျေးရွာတို့၌ တရားမဝင် ရွှေတူးဖော်သည်ဟုဆိုကာ သိမ်းဆည်းထားခဲ့သည့် ဘက်ဟိုးယာဉ်အစီး ၄ဝ အား မူလပိုင်ရှင်များထံသို့ ပြန်လည်ပေးအပ်ပွဲအခမ်းအနားကို မတ်လ ၅ ရက် ညနေ ၃ နာရီ က မိုးညှင်းခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေးမြို့၏ အလှပဆုံးဖြစ်လာမည့် ၆၆ လမ်း ကျုံးဘေးပလက်ဖောင်း ပြင်ဆင်မှု သင်္ကြန်မတိုင်ခင် အပြီးဆောင်ရွက်မည်

မန္တလေး၊ မတ် ၅

မန္တလေးမြို့ကို နိုင်ငံတကာအဆင့်မီ မြို့တော်ကြီးများနှင့် ယှဉ်ပြိုင်နိုင်မည့် သန့်ရှင်း သပ်ရပ်သာယာလှပသောမြို့အဖြစ် ဖြစ်ပေါ်လာစေရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှစီ မံချက်ချဆောင်ရွက်လျက်ရှိရာ ယခုအခါ မန္တလေးမြို့၏အလှပဆုံး ဖြစ်လာမည့် ၆၆လမ်း (အရှေ့ကျုံးလမ်း) တစ်လျှောက်ကျုံးဘေးပ လက်ဖောင်းပြင်ဆင်ဆောင်ရွက်မှုကို သင်္ကြန်မတိုင်မီအပြီးဆောင် ရွက်သွားမည်ဖြစ်ပြီး ယခုအခါ Granite Tiles ကြွေပြားများစတင် ခင်းနေပြီဖြစ်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...