HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ငြိမ်းချမ်းရေးလုပ်ငန်းများတွင် ဖြောင့်မတ်တည်ကြည်သတိကြီးသော ကရင်တိုင်းရင်းသားတို့၏ စွမ်းရည်ကို အထူးအားကိုးကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သဝဏ်လွှာ၌ ဖော်ပြ

ရန်ကုန်၊ ဇန်နဝါရီ ၆- ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းများတွင် ဖြောင့်မတ်တည် ကြည်၊ သတ္တိကြီးသော ကရင်တိုင်း ရင်းသားများ၏ စွမ်းရည်ကို အထူး အလေးထားအားကိုးကြောင်း နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ပေးပို့သည့် သဝဏ် လွှာ၌ ဖော်ပြထားသည်။

ဆက်လက်ဖတ်ရှုရန် ...

AA တိုက်ခိုက်မှုကြောင့် ကျဆုံးရဲတပ်ဖွဲ့ဝင်များအတွက် ရဲတပ်ဖွဲ့ဌာနချုပ်က ကျပ် ၁ဝ သိန်းစီ ထောက်ပံ့

ရန်ကုန်၊ ဇန်နဝါရီ ၆- AA တိုက်ခိုက်မှုကြောင့် ကျဆုံးသွား သော ဘူးသီးတောင်ရဲကင်းစခန်း များမှ ရဲတပ်ဖွဲ့ဝင် ၁၃ ဦးအတွက် ရဲတပ်ဖွဲ့ဌာနချုပ်မှ တစ်ဦးလျှင် ကျပ် ၁ဝ သိန်းစီ ထောက်ပံ့ပေးကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ရမည်းသင်းမြို့နယ်အတွင်း ခရီးသည်တင်ယာဉ် အရှိန်လွန်ပြီး တံတားဘေးသို့ ထိုးကျတိမ်းမှောက်၊ ခရီးသည် ၂၈ ဦးဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၆ - ရမည်း သင်းမြို့နယ်အတွင်း ခရီးသည် တင် ယာဉ်တစ်စီး အရှိန်လွန်ပြီး တံတားဘေးသို့ ထိုးကျတိမ်းမှောက် ခဲ့ရာ ခရီးသည် ၂၈ ဦးဒဏ်ရာများ ရခဲ့ကြောင်း သိရသည်။ 

ဆက်လက်ဖတ်ရှုရန် ...

မွန်ပြည်နယ်တွင် (၁)နှစ်မြောက် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ကျင်းပ

မော်လမြိုင်၊ ဇန်နဝါရီ ၅-ကရင် သက္ကရာဇ် ၂၇၅၈ ခုနှစ်၊ ဇန်နဝါရီ ၆ရက်တွင် ကျရောက်သော (၈) ကြိမ်မြောက်ကရင်အမျိုးသားနှစ် သစ်ကူးပွဲတော်၏ မွန်ပြည်နယ် ကရင်အမျိုးသား နှစ်သစ်ကူးနေ့ ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဇန်န ဝါရီ ၅ရက် ညနေ ၄နာရီတွင် မော် လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ သံ လွင်ဥယျာဉ်တွင် ကျင်းပကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူပိုင်အားကစားကွင်းမြေဟုဆိုကာ နေရာပြန်လည်ရရှိရေး ရွှေပြည်သာဒေသခံ ၂ဝဝ ခန့် ဆန္ဒထုတ်ဖော်

ရွှေပြည်သာ၊ ဇန်နဝါရီ ၅ - ရွှေ ပြည်သာမြို့နယ်တွင် ပြည်သူပိုင် အားကစားကွင်းမြေဟု ဆိုကာ နေရာ ယင်းမြေနေရာကို ပြန်လည် ရရှိရေးအတွက် ဒေသခံပြည်သူ ၂ဝဝ ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ဆက်လက်ဖတ်ရှုရန် ...

ကမ္ဘာ့ပြည်သူလူထုစိတ်အဝင်စားဆုံး မြို့သုံးမြို့ထဲတွင် ရန်ကုန်မြို့ ပါဝင်နေ၊ မြို့တော်ကိုအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် တိုက်တွန်း

ရန်ကုန်၊ ဇန်နဝါရီ ၅ - ရန်ကုန် မြို့သည် ကမ္ဘာ့ပြည်သူလူထု စိတ် အဝင်စားဆုံး မြို့သုံးမြို့ထဲတွင် တစ်မြို့အဖြစ် ပါဝင်နေပြီး မြို့ တော်၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ အရှိန်အဟုန်မြှင့်တင် ဆောင် ရွက်နိုင်ရန် ပြည်သူလူထုနှင့် ပုဂ္ဂ လိက ကဏ္ဍတို့က ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်း သိန်းက တိုက်တွန်းလိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပါဘက်မုန်တိုင်း ကော့သောင်းမြို့အနီးမှ ဖြတ်သန်း တိုက်ခတ်နိုင်သည့်အတွက် ကော့သောင်းမြို့နေ ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန် အသိပေးနှိုးဆော်မှုများဆောင်ရွက်နေ

ကော့သောင်း၊ ဇန်နဝါရီ ၎

တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်ကမ်းလွန်ပင်လယ်ပြင်၌ ဖြစ်ပေါ်လျက်ရှိသော အပူပိုင်းမုန်တိုင်း PABUK သည် တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့အနီးမှ ဖြတ်သန်းတိုက်ခတ်နိုင်ကြောင်း မြန်မာနိုင်ငံနှင့် နိုင်ငံတကာမိုးလေဝသဌာနမှ ခန့်မှန်းခဲ့မှုများကြောင့် ဇန်နဝါရီ ၃ ရက် ညနေပိုင်းမှစတင်၍ ကော့ သောင်းမြို့နေပြည်သူများ သတိပြု နေထိုင်ကြရန် အသိပေးနှိုးဆော် မှုများဆောင်ရွက်ပေးနေကြောင်း သိရသည်။ အသိပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင် ကော့သောင်းခရိုင်နှင့် မြို့နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီမှ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနတို့ပူးပေါင်း၍ မြို့ နေပြည်သူများ သတိပြုနေထိုင် ကြရေး အသိပေးနှိုးဆော်ပေးနေ ခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မန္တလေး ပြည်ကြီးတံခွန် မြို့မရဲစခန်း၌ မူးယစ် ဆူပူမှုဖြင့် ခေတ္တထိန်းသိမ်း ခံထားရသူတစ်ဦး သေဆုံးမှုဖြစ်စဉ်ကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ စုံခုံဖွဲ့စစ်ဆေး

မန္တလေး၊ ဇန်နဝါရီ ၎

မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ ပြည် ကြီးတံခွန်မြို့မရဲစခန်း၌ မူးယစ်ဆူပူမှုဖြင့် ခေတ္တထိန်းသိမ်းခံထားရသူတစ်ဦး အခြားအချုပ်သားများ နှင့်ရန်ဖြစ်ပြီးနောက် သေဆုံးသွားခဲ့မှုနှင့်ပတ်သက်၍ ဇန်နဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသ ကြီးရဲတပ်ဖွဲ့မှ စုံခုံဖွဲ့စစ်ဆေးခဲ့ ကြောင်း ပြည်ကြီးတံခွန်မြို့နယ် ရဲ တပ်ဖွဲ့မှူးရုံးမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...