ဗန်းမောက်၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အပန်း ဖြေ ခရီးသွားနေရာတစ်ခုအဖြစ် ဖော်ထုတ်နိုင်မည့် အမြင့်ပေ ၈၄ဝ ရှိ ထူးခြားလှပသည့် ကမ့်ဖာဒန့်ဒင်ရေတံခွန်ကို ဒေသခံခရီးသွား ချစ်သူများအဖွဲ့မှ စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ်တွင် တွေ့ရှိဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ကလေး၊ ဖေဖော်ဝါရီ ၆

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း မလိုလားအပ်သည့်မှုခင်းများမဖြစ်ပွားစေရန်နှင့် ကြိုတင် ကာကွယ်နိုင်ရန် ဘဏ်များ၊ ဟိုတယ်များ၊ ကုမ္ပဏီများတွင်အတွင်း၊ အပြင်မှတ်တမ်းတင်နိုင်သည့် ဗီဒီယိုကင်မရာများ တပ်ဆင်အသုံးပြုရန်နှင့် ယင်းလုပ်ငန်းများတွင်လုပ်ကိုင်နေကြသည့် လုံခြုံရေးဝန်ထမ်း များနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများနှင့်အသွင်တူသည့်ဝတ်စုံများ ဝတ်ဆင်ခြင်းမပြုရန် ကလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ သတိပေးထုတ်ပြန်ထားကြောင်း ကလေးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးÓဏ်လှိုင်ဦးက ဖေဖော်ဝါရီ ၅ ရက်တွင် ပြောကြားသည်။

မြဝတီ၊ ဖေဖော်ဝါရီ ၆

မြန်မာ- ထိုင်းနယ်စပ် မြန်မာ-ထိုင်းချစ် ကြည်ရေးတံတား အမှတ် (၁) အား မိုင်းခွဲဖျက်ဆီးမည်ဟု လူမှုကွန်ရက် စာမျက်နှာ၌ ဖော်ပြထားသည့်အတွက် ချစ်ကြည်ရေးတံတားကြီး၏ ကရင်ပြည်နယ် မြဝတီမြို့ဘက်ခြမ်း တစ်ဝိုက်တွင် ဖေဖော်ဝါရီ ၆ ရက် နံနက် ၆ နာရီမှစတင်၍ တပ်မ တော်နှင့် ရဲတပ်ဖွဲ့ဝင်များ လုံခြုံ ရေးတင်းကျပ်စွာရယူထားကြောင်း သိရသည်။

တာချီလိတ်၊ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ် မြို့ ဝမ်ပုံ အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ လာအိုနိုင်ငံသို့ သွားရောက် လည်ပတ်ကြသည့် မြန်မာနိုင်ငံသားများထံမှ လာအိုနယ်စပ်ရှိ အဖွဲ့အ စည်းများက နယ်စပ်ဖြတ်သန်းခများ အဆင့်ဆင့် ကောက်ခံနေမှုကြောင့် သွားလာလည်ပတ်သူများ အခက်အခဲများ ဖြစ်နေကြကြောင်း သိရ သည်။

ရေး၊ ဖေဖော်ဝါရီ ၅

ပင်လယ်ဒီရေ အတက်အကျကြောင့် မွန်ပြည်နယ် ရေးမြို့ ရန်ကြီးအောင်ရပ်ကွက်ဝင်း သုခရွှေဈေးနှင့် မြသီတာဈေးအနီး ကမ်းနားလမ်းရှိ မြေထိန်းနံရံများ ပြိုကျမှု မဖြစ်ပေါ်စေရန် ကမ်းပြိုကာကွယ်ရေးလုပ်ငန်းကို ဇန်နဝါရီလ တတိယပတ်က စတင်ဆောင်ရွက်နေကြောင်း သိရသည်။ ပင်လယ်ဒီရေအတက်အကျ ရေတိုက်စားမှုကြောင့် လက်ရှိပြုလုပ်ထားသည့် မြေထိန်းနံရံများမှာ အောက်သို့ နစ်ဝင်လျက်ရှိပြီး အန္တရာယ်ဖြစ်နိုင်သည့် အနေအထား ဖြစ်ပေါ်နေသဖြင့် ပြိုမကျစေရန် ဒေါက်တိုင်များဖြင့် ကျားကန်ထားရသည်။

မွန်ပြည်နယ်၊ ဖေဖော်ဝါရီ ၅

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာရှိ ဒေါင်ဒင်အင်းတွင် ငါးဖမ်းပွဲတော်ကို တပို့တွဲလဆုတ် ၅ ရက် (ဖေဖော်ဝါရီ ၅ ရက်) နံနက် ၇ နာရီမှစတင်၍ ကျင်းပရာ မွန် ပြည်နယ်နှင့် ကရင်ပြည်နယ်တို့မှ စီးပွားဖြစ် ငါးလုပ်ငန်းရှင်များနှင့် ငါးဖမ်းဝါသနာရှင်များ အများအပြား လာရောက် ငါးဖမ်းယူကြကြောင်း သိရသည်။ 

မကွေး၊ ဖေဖော်ဝါရီ ၎

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့ နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့် ဖြူးမှုတွင် ဗို့အားတိုးတက်ကောင်းမွန်စေရေး၊ ဓာတ်အားဖြန့်ဖြူးမှု အဆင်ပြေချောမွေ့စေရေးအတွက် မီးကြိုးများလဲလှယ်ခြင်း၊ ထရန်စ ဖော်မာများ တိုးချဲ့တည်ဆောက် ပေးခြင်းလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်လျက်ရှိကြောင်း မြို့ နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးရုံးမှ သိရသည်။

မူဆယ်၊ ဖေဖော်ဝါရီ ၎

တရုတ်နှစ်သစ်ကူးနီးလာသည်နှင့်အမျှ တရုတ်နိုင်ငံတွင်း၌ အလုပ်လုပ်ကိုင်လျက်ရှိသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ ဖမ်းဆီးခံရမည်စိုးရိမ်သဖြင့် တရုတ်နိုင်ငံ ဝမ်တိမ်မြို့ မှ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ကြူကုတ် (ပန်ဆိုင်း) မြို့နယ်ခွဲမှ မူဆယ်မြို့သို့ ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှစတင်၍ မြန်မာအလုပ်သမား ၂ဝဝဝကျော် ခန့် ဝင်ရောက်လာနေကြကြောင်း သိရသည်။

Page 6 of 57