HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မင်းဘူးတွင် နိုင်ငံ့ဝန်ထမ်း အငှားအိမ်ရာ ဖွင့်ပွဲကျင်းပ၊ မကြာမီ နေရာချထားပေးနိုင်မည်

မင်းဘူး၊ ဇန်နဝါရီ ၎

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်း ဒေသကြီး မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာန၊ နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာဖွင့်ပွဲကို မင်းဘူးမြို့၊ အမှတ် (၄) နယ်မြေ၊ တမာတန်းရပ်ကွက်တွင် ဇန်နဝါရီ ၄ ရက်၊နံနက် ၈ နာရီကဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ရာ ဖွင့်ပွဲကိုမကွေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ်ဒေါက်တာအောင် မိုးညိုကတက်ရောက် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နှစ်ပေါင်း ၁ဝဝဝ ကျော် သက်တမ်းရှိ ပုဂံသရပါတံခါးပေါ်သို့ မတက်ရောက်ရန် ဌာနမှ တရားဝင် တားမြစ်ထားဟုဆို

ရန်ကုန်၊ ဇန်နဝါရီ ၃

ပုဂံ သရပါတံခါးသည် နှစ်ပေါင်း ၁ဝဝဝ ကျော်သက်တမ်းရှိသော ရှေး ဟောင်း အဆောက်အအုံတစ်ခု ဖြစ်သောကြောင့် သရပါတံခါး ပေါ်သို့ လူများမတက်ရောက်ရန် သာသနာရေးနှင့်ယဉ်ကျေးမှု ဝန် ကြီးဌာန၊ ရှေးဟောင်းသုတေသန နှင့်အမျိုးသားပြတိုက် ဦးစီးဌာနမှ တရားဝင် တားမြစ်ထားကြောင်း သိရသည်။ လတ်တလောတွင် လူမှုကွန် ရက်အချို့ပေါ်၌ ပုဂံသရပါတံခါး ပေါ်သို့ ခရီးသွားများတက်ရောက် ပြီး အမှတ်တရဓာတ်ပုံရိုက်နေ ကြပုံများ ပျံ့နှံ့လာပြီး ပုဂံချစ်သူ များ၊ ရှေးဟောင်းမြတ်နိုးသူများက စိုးရိမ်ပူပန်နေကြခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဥာဏသံဝရ၏ သက်တော် (၅၆) နှစ်ပြည့် ဝိဇာတမွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူရှင်မိသားစုက မြေဧက ၃ဝ လှူဒါန်း

တာချီလိတ်၊ ဇန်နဝါရီ ၃ 

မိုင်းဖုန်းဆရာတော် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တဥာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ပွဲ အထိမ်းအမှတ်အဖြစ် မြေဧက ၃ဝ လှူဒါန်းပွဲကို ဇန်နဝါရီ ၂ရက် ညနေက ဆရာတော်၏ကျောင်း တိုက်ဖြစ်သည့် ရှမ်းပြည်နယ်(အ ရှေ့ပိုင်း) တာချီလိတ်မြို့နယ် မိုင်းဖုန်း(က) ကျေးရွာအုပ်စု၊ ပါဆာ ကျေးရွာရှိ ဘူတန်ကျောင်းဆောင် သစ်၌ကျင်းပခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

သုတေသနလုပ်ငန်း အားနည်းလျက်ရှိသော အရေးကြီးကဏ္ဍများကို စိစစ်ပြီး ဦးစားပေးဆောင်ရွက်သွားရမည်

နေပြည်တော် ဇန်နဝါရီ ၃

ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေးသည် ဇန်နဝါရီ ၃ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၌ ပြုလုပ်သည့် သုတေသန အဆိုပြုလွှာ ကနဦးစိစစ်ရွေးချယ် ရေးအဖွဲ့၏ ပထမအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက် ရောက်အမှာစကားပြောကြားရာ တွင် သုတေသနလုပ်ငန်းအားနည်း လျက်ရှိသော အရေးကြီးကဏ္ဍများ ကို စိစစ်သုံးသပ်ပြီး ဦးစားပေးဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြော ကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

မူဆယ်မြို့နှင့် ကျိုင်းတုံမြို့တို့၌ ပြစ်ဒဏ်ကျခံပြီး ပြန်လည်လွတ်မြောက်လာသည့် တရုတ်နိုင်ငံသား နှစ်ဦးကို ပြည်နှင်လွှဲပြောင်း

မူဆယ်၊ ဇန်နဝါရီ ၃

ပြစ်ဒဏ်ကျခံရာမှ ပြန်လည်လွတ်မြောက်ခဲ့သည့် တရုတ် နိုင်ငံသား နှစ်ဦးအား ဇန်နဝါရီ ၃ ရက် နံနက်က ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဌာနခွဲ (၇) ပြည် ဝင် ပြည်ထွက်စစ်ဆေးရေးဂိတ် (နန်း တော်ဂိတ်)၌ တရုတ်နိုင်ငံတာဝန်ရှိသူများ ထံ စနစ်တကျပြည်နှင်လွှဲပြောင်းပေးအပ် ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နွားဦးတိုက် ဆရာတော်၏ လေးထပ်ကျောင်းဆောင် ရေစက်ချပွဲနှင့် အလှူတော်မင်္ဂလာပွဲ ကျင်းပမည်

ရွှေပြည်သာ၊ ဇန်နဝါရီ ၂

နွားဦးတိုက်ဆရာတော် အရှင်ဥာဏာလင်္ကာရမှ ဦးဆောင်လှူ ဒါန်းကျင်းပမည့် ဓမ္မဒူတလေးထပ် ကျောင်းဆောင်ရေစက်ချလှူဒါန်းပွဲနှင့် သံဃိကပူဇော်ပွဲကြီးတွင် ပိဋကတ်သုံးပုံဆောင် ဆရာ တော် ၁ဝ ပါးအား တစ်ပါးလျှင် ကျပ် ၁ဝ သိန်းနှင့် သင်္ကန်းတစ်စုံ သံဃာအပါး ၁ဝဝဝ တို့အား တစ်ပါးလျှင် ကျပ်တစ်သိန်းနှင့် သင်္ကန်း တစ်စုံတို့အား ကျောင်းရေစက်ချပွဲနှင့်အတူ ဆက်ကပ်လှူဒါန်းနိုင် ရေးတို့အတွက် ၂ဝ၁၉ ခုနှစ် ဇန် နဝါရီ ၁ ရက် နေ့လယ် ၁ နာရီတွင် နွားဦးတိုက်ဆရာတော်၏ ကျောင်းတည်ရှိရာ ရွှေပြည်သာ မြို့နယ် အမှတ် ၈ ရပ်ကွက် တပင် ရွှေထီးလမ်းရှိ လေးထပ်ကျောင်း ဆောင်ကြီး၏ အပေါ်ဆုံးထပ်တွင် အစည်းအဝေးပွဲကြီးတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ကြောင်း နွားဦးတိုက် ဆရာတော်ထံမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဖမ်းဆီးခံထားရသော ကျောင်းသားများ ပြန်လွှတ်ပေးရေး ဆန္ဒထုတ်ဖော်တောင်းဆိုနေသော ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ဝင်များကို ရဲတပ်ဖွဲ့ဖမ်းဆီး

မန္တလေး၊ ဇန်နဝါရီ ၂

ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ (ဗကသ) အဖွဲ့ချုပ်မှ အဖွဲ့ဝင် ကျောင်းသားများသည် သန့်ရှင်း ရေးဝန်ထမ်းတိုးမြှင့်ခန့်ထားရေး၊ ပျက်စီးနေသော သန့်စင်ခန်းများ အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရေး၊ ကျောင်းသားထုလုံခြုံရေး တိုးမြှင့် ပေးရေးနှင့် ဖမ်းဆီးခံကျောင်းသား များ ပြန်လွှတ်ပေးရေးအတွက် ဇန်နဝါရီ ၂ ရက် နံနက် ၁၁နာရီ က ရတနာပုံ တက္ကသိုလ်အရှေ့၌ ဆန္ဒထုတ်ဖော်တောင်းဆိုမှုများ ပြု လုပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့ကဖမ်း ဆီးခဲ့ကြောင်း သိရသည်။ ''လုပ်ထုံးလုပ်နည်းနဲ့ အညီ လုပ်ဆောင်တာပါ။ တစ်ဦးကျန်ပါ သေးတယ်။ ဖမ်းဝရမ်းထုတ်ထား ပါတယ်'' ဟုအမရပူရမြို့မရဲစခန်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး လွှတ်တော်အဖွဲ့နှင့် ဒေသခံများတွေ့ဆုံ

တောင်တွင်းကြီး၊ ဇန်နဝါရီ ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်း ကြီးမြို့နယ် ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှု ဗိဿနိုးမြို့ဟောင်းရှိ ''ဓမ္မရွှေမိတ်ဆက်နန်းတွင်းကျောင်း'' ဓမ္မာရုံတွင် ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီးလွှတ် တော်အဖွဲ့နှင့် ဒေသခံပြည်သူလူ ထုတွေ့ဆုံပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...