မြဝတီ၊ ဇန်နဝါရီ ၁၇

ကရင်ပြည်နယ် မြဝတီမြို့တွင် ယာဉ်ကိုမဆင်မခြင် အရှိန်ပြင်းစွာမောင်းနှင်မှုကြောင့် ရပ်ထားသော ၁ဝ ဘီးယာဉ်ကြီးတစ် စီးကိုဝင်တိုက်မိပြီး ယာဉ်မောင်းသေဆုံးသွားကြောင်း သိရသည်။

ကျောက်ကြီး၊ ဇန်နဝါရီ ၁၆

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် တုံးကြီးကျေး ရွာအုပ်စု ရွာဇကောကျေးရွာအနီး လယ်ကွင်းအတွင်း၌ တရားမဝင်သစ်ခွဲထားသော သစ်ခွဲသားများနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဝေါလေ၊ ဇန်နဝါရီ ၁၆

ကရင် ပြည်နယ် မြဝတီမြို့နှင့် မိုင် ၅ဝ ခန့်အကွာရှိ ဝေါလေမြို့နှင့် DKBA  ငြိမ်းချမ်းရေးဌာနချုပ်တည်ရှိရာ ဆုံဆည်းမြိုင်ကျေးရွာတို့တွင် တန်ဖိုးနည်းအိမ်ရာများ စတင်တည် ဆောက်နေရာ ယခုအခါ ၃ဝ ရာ ခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ကြောင်းသိရသည်။ အဆိုပါတန်ဖိုးနည်းအိမ်ရာ စီမံကိန်းဆောက်လုပ်ရန်အတွက် ဂျပန်နိုင်ငံ နိပွန်ဖောင်ဒေးရှင်းမှ ကူညီပေးခြင်းဖြစ်ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့် DKBA  ငြိမ်းချမ်းရေးအဖွဲ့မှ ဆောက်လုပ်ရေးကုမ္ပဏီတို့ သဘောတူစာချုပ်ချုပ် ဆိုဆောက်လုပ်ခြင်း ဖြစ်သည်။

 


''အခုဆောက်လုပ်တဲ့ တန်ဖိုးနည်းအိမ်ရာတွေကို ငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ထိုးခဲ့ကြတဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ရယ်၊ အိမ်ခြေမဲ့နေတဲ့ ကရင်တိုင်းရင်းသားတွေ၊ တစ်ဖက်ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှာခိုလှုံနေကြသူ တွေအတွက် အဓိကထားဆောင်ရွက်တယ်လို့သိရတယ်။ ဘာပဲဖြစ် ဖြစ် အခုလိုအဆောက်အအုံတွေ တိုးတက်လာရင် ဒေသခံတိုင်းရင်းသားတွေရဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာမယ်။ ပြီးတော့ ပညာ ရေး၊ ကျန်းမာရေးနဲ့ ဒေသဖွံ့ဖြိုး ရေးတွေ အစစအရာရာ တိုးတက်လာမယ်။ ဒါတွေဟာ ငြိမ်းချမ်းရေး ရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်'' ဟု ဝေါလေမြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက ပြောကြားသည်။


အဆိုပါတန်ဖိုးနည်းအိမ်ရာများကို ဝေါလေမြို့ရှိ မြေ ၁ဝ ဧက ပေါ်တွင် အိမ်အလုံး ၁ဝဝ၊ ဆုံဆည်းမြိုင်ကျေးရွာရှိ မြေ ငါးဧက ပေါ်တွင် အိမ်အလုံး ၁ဝဝ၊ စုစု ပေါင်း တစ်လုံးလျှင်ကာလတန်ဖိုး ကျပ်သိန်း ၁ဝဝ တန်ဖိုးရှိ Stree Structure တိုက်ခံအုတ်ညှပ်သွပ် မိုးအိမ်အလုံး ၂ဝဝ ဖြစ်ပြီး အဆိုပါအိမ်များအား ဂျပန်နိုင်ငံ နိပွန်ဖောင် ဒေးရှင်းမှ ငွေကျပ်သိန်းပေါင်း ၂ဝဝဝဝ အကူအညီဖြင့် ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလဆန်းမှ စတင် ဆောက်လုပ်နေခြင်းဖြစ်သည်။ တန်ဖိုးနည်းအိမ်ရာ တည် ဆောက်နေမှုလုပ်ငန်းများကို ဇန် နဝါရီ ၁၅ ရက် နံနက် ၁၁ နာရီက ဝေါလေမြို့အုပ်ချုပ်ရေးမှူး၊ မြ ဝတီခရိုင်လမ်းဦးစီးဌာန၊ ခရိုင်မြေ စာရင်းဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနတို့မှ တာဝန်ရှိ သူများနှင့် DKBA တပ်ဖွဲ့မှ တာ ဝန်ရှိသူများ လိုက်လံကြည့်ရှုခဲ့ကြ ကြောင်းသိရသည်။

 

KKTM (MWD)

#democracytoday

မန္တလေး၊ ဇန်နဝါရီ ၁၆

မန္တလေး မြို့ကန်တော်ကြီး ကန်ပတ်လမ်းအနီးတွင် တရားမဝင်အလုံပိတ်အခန်းများပြုလုပ်ကာ စုံတွဲများအား လက်ခံငှားရမ်းသောကြောင့် စည်ပင်သာယာအထူးတရားရုံးသို့ တရားစွဲဆိုတင်ပို့ထားသည့် အအေးဆိုင်ပိုင်ရှင်ကိုးဦးကို စည်ပင်သာယာ ဥပဒေပုဒ်မ ၁၁၉ နှင့် ၁၁၈ တို့အ ရ ဇန်နဝါရီ ၁၅ ရက် ညနေပိုင်းတွင် တရားရုံးမှ အလုပ်နှင့်ထောင် ဒဏ်ခြောက်လစီ အသီးသီးကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း မန္တလေးမြို့တော်စည်ပင်သာယာ ရေးကော်မတီမှ သိရသည်။

စစ်ကိုင်း၊ ဇန်နဝါရီ ၁၅

မင်းကွန်း တောင်ရိုး တောင်များပေါ်တွင် နေထိုင်ကျက်စားသည့် သမင်အထီးတစ်ကောင်မှာ ဇန်နဝါရီ ၁၄ ရက် နံနက် ၉ နာရီခန့်က မင်းကွန်းမြသိန်းတန်ဘုရားကြီး မြောက်ဘက်လမ်းအတိုင်း ရှားရောင်းရွာ၊ မေဃဝန်ကျောင်းထဲရောက်ရှိလာပြီး ဒေသခံများက ဝိုင်းလိုက်ကြရာမှ ဧရာဝတီမြစ်အတွင်း ဆင်းပြေးစဉ် မြစ်အတွင်း အမောဆို့ရေမွန်းသေဆုံးသွားမှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

မရမ်းချောင်၊ ဇန်နဝါရီ ၁၅

မန္တလေးတိုင်း ဒေသကြီး မဟာအောင်မြေမြို့နယ် ရဲမွန် တောင်ရပ်ကွက် ၃၅ လမ်း၊ ၅၃ လမ်းနှင့် ၅၄ လမ်းကြားရှိ ပိုင်အိုနီးယားစင်တင် တေးဂီတအခန်းတွင် ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီ ၁၅ မိနစ်က ဝရိန်တို့ရာမှ အသံလုံဖော့ပေါ်သို့မီးပွားကျ၍ မီးလောင် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်တွေ ဇန်နဝါရီ ၁၅

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအနေဖြင့် နိုင်ငံသားစိစစ်ရေးလုပ်ငန်းစဉ်ကို အရှိန် မြှင့်ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာ ကော်မတီဝင်များဖြင့် အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်တွင် National Verification Card (NVC) ကိုင် ဆောင်ခြင်း၏ အကျိုးကျေးဇူးများကိုလည်း ပြည်သူများသိရှိရန် ကျယ်ကျယ် ပြန့်ပြန့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစ္စလာမ်ဘာသာဝင် ရေလုပ်သားများအနေဖြင့် (NV)ကတ်ကိုင်ဆောင်ထားပြီး ပင်လယ်ပြင်တွင် ရေလုပ်ငန်းလုပ်ဆောင်ပါက စိစစ်မှုခံယူရာတွင် ခိုင်လုံသော အထောက်အထား ပြသနိုင်မည်ဖြစ်သည်။

မြဝတီ၊ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၅)ရပ်ကွက်တွင် ကျူးကျော်နေထိုင်သူများ၏ နေအိမ် ၃၈ လုံးအား ဇန်နဝါရီ ၁၄ ရက် နံနက် ၆ နာရီက သက်ဆိုင်ရာမှ ဖယ်ရှားရှင်းလင်းခဲ့ ကြောင်းသိရသည်။

Page 1 of 44