HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

မော်လမြိုင် တက္ကသိုလ်နယ်မြေ အတွင်းရှိ စားသောက်ဆိုင်နှင့် KTV ဆိုင်များ လိုင်စင်ရှိသည်ဖြစ်စေ သတ်မှတ်စည်းကမ်းများ မလိုက်နာပါက အရေးယူမည်

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၈

မွန် ပြည်နယ် မော်လမြိုင်သို့ မော်လမြိုင် တက္ကသိုလ်နယ်မြေရှိ စားသောက်ဆိုင်များ၊ KTV ဆိုင်များသည် သတ်မှတ်စည်းကမ်းချက်အတိုင်း လိုက်နာကြရန်နှင့် စည်းကမ်းချက်များကို မလိုက်နာပါက လိုင်စင်ရှိသည့် ဆိုင်ကိုလည်း ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူ ဆောင် ရွက်သွားမည်ဖြစ်ကြောင်း မွန် ပြည်နယ်အစိုးရ အဖွဲ့ဝင်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူး ကြီး နေထွဋ်ဦးက ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

ထိုင်းအလုပ်ရှင်၏ ဘတ်ငွေတစ်သိန်းကို ခိုးယူထွက်ပြေးသည့် မြန်မာအိမ်အကူတစ်ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇- အ လုပ်ဝင်ပြီး နှစ်ရက်အကြာတွင် ထိုင်းအလုပ်ရှင်၏ဘတ်ငွေတစ် သိန်း ခိုးယူထွက်ပြေးသည့် မြန်မာ အိမ်အကူ ဖမ်းဆီးခံရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီကို ဖွဲ့စည်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇- အမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထား ဆောင်ရွက်ရန်ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့်က လေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီကို ဖွဲ့စည်းမည်ဖြစ် ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ယနေ့ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူု့လွှတ်တော် (၁၁)ကြိမ်မြောက် ပုံမှန်အစည်း အဝေး ၁၈ ရက်မြောက်နေ့တွင် လွှတ်တော်သို့ ရှင်းလင်းပြောကြား ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

မြေယာစီမံခန့်ခွဲရေးနှင့် မြေယာအသုံးချရေးအတွက် မဖြစ်မနေလိုအပ်သော အမျိုးသားမြေဥပဒေဖြစ်ပေါ်လာစေရေးအဆိုနှင့်ပတ်သက်၍ လွှတ်တော် ကိုယ်စားလှယ်တစ်ဦး၏ တပ်မတော်နှင့်ပတ်သက်သောဆွေးနွေးချက်ကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးကန့်ကွက်

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၇- မြေယာစီမံခန့်ခွဲရေးနှင့် မြေယာအသုံးချရေးတို့အတွက် မဖြစ်မနေလိုအပ်သော မူဝါဒ၊ မဟာဗျူဟာ၊ လုပ်ငန်းစဉ်၊ ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့် အမျိုးသားမြေဥပဒေ (National Land Law) ဖြစ်ပေါ် လာစေရေးအဆိုနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ် တစ်ဦး ၏ တပ်မတော်နှင့်ပတ်သက်သော ဆွေးနွေးချက်အပေါ် ကန့်ကွက် ကြောင်းနှင့် လွှတ်တော်မှတ်တမ်း ကလည်း ပယ်ဖျက်ပေးပါရန်တပ် မတော်သား လွှတ်တော်ကိုယ်စား လှယ် ဗိုလ်မှူးကြီးနိုင်ဦးကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ရွှေဘိုပေါ်ဆန်း စပါးမျိုးစေ့ကို တိုင်းဒေသကြီးအစိုးရမှ ရန်ပုံငွေဖြင့် ဝယ်ယူ၍ တောင်သူထံ ပြန်လည်ရောင်းချပေးရန် အဆို စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၌ အတည်ပြု  

စစ်ကိုင်း၊ ဖေဖော်ဝါရီ ၂၆

ပြည်တွင်းဈေးကွက်တွင် လူကြိုက်များ သော ရွှေဘိုပေါ်ဆန်းမွှေး စပါးမျိုး စေ့ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် တိုင်းဒေသကြီးစိုက်ပျိုး ရေးဦးစီးဌာနက ဝယ်ယူ၍ တောင်သူများထံ ပြန်လည်ဖြန့်ချိ ရောင်းချပေးရန် အဆိုအား စစ်ကိုင်းတိုင်း ဒေသကြီးလွှတ်တော်၌ အတည်ပြု လိုက်ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ကျိုက်ထီးရိုးတောင်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်ရေးတွင် အမှိုက်ပြဿနာသည် အဆိုးရွားဆုံးဖြစ် ဟုဆို

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၆

မွန် ပြည်နယ်လွှတ်တော်မှ အတည်ပြုခဲ့သည့် ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးတောင်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ် ရေးနှင့်စပ်လျဉ်းသည့် ကနဦးအစီ ရင်ခံစာထဲတွင် အမှိုက်ပြဿနာသည် အဆိုးရွားဆုံးနှင့် အဓိက အကျဆုံး ဖြစ်သည်ဟု မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ် စောင့်ကြည့်ရေးကော်မ တီဥက္ကဋ္ဌ ဒေါက်တာခင်နိုင်ဦးက ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တပ်မတော်ပိုင်စက်ရုံမှ နှစ်စဉ် Inlay Jeep အစီး ၁ဝဝဝ ထုတ်မည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆- တပ်မ တော်က ၂ဝ၁၆ ခုနှစ်တွင် လွှဲ ပြောင်းရယူခဲ့သည့် ထုံးဘိုအကြီးစားစက်ရုံမှ ယခုနှစ်အတွက် Inlay Jeep အစီး ၂ဝဝ ထုတ်မည်ဖြစ်ပြီး နောင်တွင် တစ်နှစ်လျှင် အစီး ၁ဝဝဝ အထိ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး သတင်းဖော်ပြချက် အရ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နွေရာသီရေရှားပါးမှု မဖြစ်ပေါ်စေရေး မကွေးတိုင်းဒေသကြီးရှိ ကျေးရွာ ၁၂၃ ရွာ၌ ရေရရှိရေး ဆောင်ရွက်

မကွေး၊ ဖေဖော်ဝါရီ ၂၅

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ နွေရာသီ သောက်သုံးရေရှားပါး ပြတ်လပ်မှုမရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာနမှ ရေရှားပါးပြတ်လပ်နိုင်သည့် ကျေးရွာများတွင် သောက်သုံးရေ ရရှိရေးအတွက် လုပ်ငန်း ပေါင်း ၁၂၃ ခု ဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...