HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကျိုက်ထီးရိုးတောင်ပေါ်တွင် ဘုရားဖူးသူများ ပြည့်ကျပ်နေ၊  တောင်တက်ကားများကို ခဏပိတ်ထားခဲ့ရ။

ကျိုက်ထီးရိုးတောင်ပေါ်မှာ ဒီဇင်ဘာ(၃၀)ရက် မနက်အစောပိုင်းက စပြီး ဘုရားဖူးသူတွေ ပြည့်ကျပ်များပြားနေတယ်လို့ ဂေါပကအဖွဲ့က တာဝန်ရှိသူက ပြောပါတယ်။ မနက်(၁၀)နာရီလောက်က စတင်ပြီး ခြင်္သေ့နှစ်ကောင် ဟိုတယ်၊ ကျိုက်ထိုဟိုတယ်နဲ့ ဝတ်တော်ဘက် အခြမ်းမှာ ဘုရားဖူးတွေ တဖြည်းဖြည်းများလာပြီး လမ်းပိတ်ဆို့တာ တွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဆက်လက်ဖတ်ရှုရန် ...

စစ်ကိုင်း တိုင်းဒေသကြီး ခရီးသွားရက်သတ္တပတ် အစီအစဉ်အောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဒေါင်းမောင်နှံ ပန်းချီကားချပ်ကြီးပေးအပ်

စစ်ကိုင်း၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်း တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦး ဆောင်စီစဉ်ကျင်းပသည့် စစ်ကိုင်း တိုင်းဒေသကြီး ခရီးသွားရက်သတ္တ ပတ်တစ်ပတ်အစီအစဉ်ပြီးမြောက် အောင်မြင်ခြင်းအထိမ်းအမှတ်ကို ဂုဏ်ပြုသည့်အနေဖြင့် စစ်ကိုင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက် တာမြင့်နိုင်အား စစ်ကိုင်းမြို့နယ် မင်းကွန်းတောင်ရွာရှိ ကြယ်စင် အထည်ချုပ်လုပ်ငန်းမှ ဒေါင်းမောင် နှံပန်းချီကားချပ်ကြီးကို မင်းကွန်း လက်ပံပင်ဆိပ်ကမ်းတွင် ပေးအပ် ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

တာချီလိတ်နယ်စပ် ဝင်ပေါက်မှ ခရစ္စမတ်နှင့် နှစ်သစ်ကူးတွင် နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်များ ဝင်ရောက်မှုပိုမိုများလာ

တာချီလိတ်၊ ဒီဇင်ဘာ ၂၉

ရှမ်း ပြည်နယ်(အရှေ့ပိုင်း) တာချီလိတ် နယ်စပ်ဝင်ပေါက်မှတစ်ဆင့် နေ့ ချင်းပြန်၊ ညအိပ်ခရီးစဉ်၊ မိုင်းဖြတ်၊ ကျိုင်းတုံခရီးစဉ်နှင့် ပြည်တွင်းပိုင်း ခရီးစဉ်(ဗီဇာကင်းလွတ်ခွင့်ရ) နိုင် ငံသားများအပါအဝင် နိုင်ငံခြား သားကမ္ဘာလှည့်ခရီးသွား ဧည့်သည် များသည် ယခင်အပတ်ထက် ဝင် ရောက်မှု ပိုမိုများလာကြောင်း ဟို တယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာန၊ တာချီလိတ်ရုံးခွဲမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မူဆယ် (၁ဝ၅)မိုင်နှင့် ပန်ဆိုင်း(ကြူကုတ်) လမ်းတစ်လျှောက် သစ်သီးတင်ယာဉ်များ ပိတ်ဆို့နေမှုနှင့် ပတ်သက်ပြီး သတင်းစာရှင်း

မူဆယ်၊ ဒီဇင်ဘာ၂၉

မူဆယ် (၁ဝ၅)မိုင်နှင့် ပန်ဆိုင်း(ကြူကုတ်) လမ်းတစ်လျှောက်သစ်သီးတင် ယာဉ်များ ထောင်ချီပိတ်ဆို့နေမှု နှင့်ပတ်သက်ပြီး (၁ဝ၅)မိုင် သစ်သီး ဝလံကုန်စည်ဒိုင်ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များက သတင်းစာရှင်းလင်းပွဲ တစ်ခုကို မူဆယ် (၁ဝ၅)မိုင် သစ် သီးဝလံကုန်စည်ဒိုင် အစည်းအဝေး ခန်းမ၌ ဒီဇင်ဘာ ၂၉ရက် နံနက် ၁ဝနာရီက ကျင်းပခဲ့ကြောင်း သိရ သည်။ အဆိုပါသတင်းစာရှင်းလင်း ပွဲကို (၁ဝ၅)မိုင် သစ်သီးဝလံကုန် စည်ဒိုင်ဥက္ကဋ္ဌဦးစိုင်းမြင့်ဘို၊ ဒုတိယ ဥက္ကဋ္ဌ(၁)ဦးအောင်သက်ဦး၊ ဒုတိ ယဥက္ကဋ္ဌ(၂)ဦးစိုင်းခင်မောင်နှင့် အဖွဲ့ဝင်များဖြစ်သည့် ဦးအေးကို၊ ဦးကျော်၊ ဒေါ်ကြည်လှ၊ ဒေါ်နွေး နွေးတို့မှ ဦးဆောင်ရှင်းလင်း ကျင်းပ ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...

ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလတွင် ကနေဒီ ဆင်စခန်းသို့ ဧည့်သည် ထောင်ချီဝင်ရောက်

တီးတိန်၊ ဒီဇင်ဘာ ၂၈

ချင်းပြည်နယ် တီးတိန်မြို့နယ်ရှိ ကနေဒီဆင်စခန်းကို ဖွင့်လှစ်ခဲ့ပြီးနောက် ခရစ္စမတ်ကာလနှင့်နှစ်သစ်ကူးရာသီတွင် ခရီးသွားဧည့်သည်ဝင်ရောက်မှုများပြားနေကြောင်း ကနေဒီဆင်စခန်းမှသိရသည်။ ကနေဒီဆင်စခန်းကို ဒီဇင်ဘာလဆန်းပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ ပြီး စတင်ဖွင့်လှစ်ချိန်မှစ၍ တစ်ရက်လျှင် ဧည့်သည်ငါးရာဝန်းကျင် အနည်းဆုံးဝင်ရောက်ခဲ့ပြီး ဒီဇင်ဘာ ၂၅ ရက်နှင့် ဒီဇင်ဘာ ၂၆ ရက် ဝန်းကျင်တို့တွင် ဒေသတွင်းဧည့်သည်များက ကား၊ ဆိုင်ကယ်များ ဖြင့် လာရောက်ကြသည့်အတွက် ဧည့်သည်ထောင်ချီရှိနေသည်။

ဆက်လက်ဖတ်ရှုရန် ...

ပွင့်ဖြူမြို့မှ တောင်သူများ စိုက်ပျိုးရေးအပြင် သိုးမွေးမြူရေးပါ လုပ်ကိုင်လာ

ပွင့်ဖြူ၊ ဒီဇင်ဘာ ၂၈

မကွေး တိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်မှ တောင်သူများသည် စိုက်ပျိုးရေး အပြင် သိုးမွေးမြူရေးလုပ်ငန်းကိုပါ တစ်ပိုင်တစ် နိုင်လုပ်လာသော ကြောင့် စီးပွားရေးအဆင်ပြေလာကြ ကြောင်း ပွင့်ဖြူမြို့နယ် မွေးမြူရေး နှင့်ကုသရေးဦးစီးဌာနမှ သိရသည်။ ပွင့်ဖြူမြို့နယ်တွင် ပိန္နဲတော၊ စံပြ၊ ရွှေဘို၊ ရွာမ၊ ရွာခိုင်၊ ဘုရား ကုန်း၊ မဲဇလီ၊ လယ်မ၊ ကျွဲခြံ၊ ထူး ပေါက်၊ ညောင်ပင်ဝိုင်း၊ ဖောင်လင်း ကျေးရွာများမှ ဒေသခံတောင်သူများ က စိုက်ပျိုးရေးနှင့်အတူ သိုးမွေးမြူ ရေးလုပ်ငန်းကို တစ်ပိုင်တစ်နိုင်မွေး မြူကြခြင်းကြောင့် စီးပွားရေးအဆင် ပြေလာနေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

ဂျိုင်းမြစ်ကူး (ကော့ကရိတ်) တံတားသစ်တစ်စင်း တည်ဆောက်မည်

မြဝတီ၊ ဒီဇင်ဘာ၂၈

ဘားအံ - မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပေါ်ရှိ ဂျိုင်း(ကော့ကရိတ်) Pon Toon တံတားသစ်ကြီးတစ်ခုကို ''မြဝတီမြို့နယ်ရှိ နယ်စပ်ဒေသသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းရှင်များကုမ္ပဏီမှ ကျပ်သိန်း ၂ဝဝဝဝ အကုန်အကျခံ၍ လေးလအတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နတ်မတောင်ပေါ်တွင် အမှိုက်များ စနစ်တကျ စွန့်ပစ်နိုင်ရေး ကန်ပက်လက် လူငယ်အဖွဲ့ဆောင်ရွက်မည်

ကန်ပက်လက်၊ ဒီဇင်ဘာ ၂၇

ချင်း ပြည်နယ်တောင်ပိုင်းရှိ ခေါ်နူးစုမ် (ခေါ်) နတ်မတောင်စခန်းသို့ ပြည် တွင်းပြည်ပဧည့်သည်များ ဝင်ရောက် မှု များပြားလျက်ရှိရာ ယင်းတောင် ပေါ်၌ပေါက်ရောက်သည့် သစ်ပင် ပန်းပင်များခူးယူခြင်းမပြုရေး၊ စားြ<ွကင်းများနှင့် အမှိုက်များစည်းကမ်း မဲ့စွန့်ပစ်မှုများ မရှိစေရေးအတွက် ကန်ပက်လက်မြို့ စေတနာ့ဝန်ထမ်း လူငယ်အဖွဲ့က ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကန်ပက်လက်လူ ငယ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဒီဇင်ဘာ ၂၅ ရက်တွင်ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...