HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနရုံး ဖွင့်ပွဲကျင်းပ

ပဲခူး၊ ဖေဖော်ဝါရီ ၂၂- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားစာပေနှင့် ယဉ် ကျေးမှုဦးစီးဌာနနှင့် တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာန (ပဲခူးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ရုံး)ဖွင့်ပွဲအခမ်းအနားကို ဖေဖော် ဝါရီ ၂၂ ရက် နံနက် ၉ နာရီက ပဲခူးမြို့၊ ဥဿာမြို့သစ် ဆည် မြောင်းလမ်းနှင့် သစ်တောရိပ် သာလမ်းထောင့်၌ ကျင်းပခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြဝတီမြို့ ရွှေမြစန္ဒီမြို့သစ်စီမံကိန်း၌ လူမနေဘဲ တည်ဆောက်ထားသည့် နေအိမ်များကို စက်ယန္တရားများဖြင့်စတင်ဖြိုဖျက်

မြဝတီ၊ ဖေဖော်ဝါရီ ၂၂- မြန်မာ- ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နှင့် ခြောက်မိုင်ခန့်အကွာ ရှိ DKBA တပ်ဖွဲ့မှဖော်ဆောင် နေသော ရွှေမြစန္ဒီစီမံကိန်းရှိ လူ နေထိုင်ခြင်းမရှိသောအိမ်များကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁ဝ နာရီမှစတင်၍ DKBA နှင့် KNU တပ်ဖွဲ့များမှ စက်ယန္တရား များဖြင့် စတင်ဖြိုဖျက်နေကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မျိုးဆက်သစ်များမွေးထုတ်ပေးမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဗိုဗီနမ်ပြိုင်ပွဲ တတိယအကြိမ် ကျင်းပမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂ - လူ ငယ် မျိုးဆက်သစ်ကစားသမား များစွာမွေးထုတ်မည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ်ဗိုဗီနမ်ပြိုင်ပွဲကြီး တတိယအကြိမ် ကျင်းပမည်ဖြစ် သည်။

ဆက်လက်ဖတ်ရှုရန် ...

ကယားပြည်နယ်ရှိ ထီးပရူနူဂူသို့ ခရီးသွားလုပ်ငန်း ဖော်ဆောင်သွားမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

ကယားပြည်နယ် ဖရူဆိုမြို့နယ်ရှိ ထီးပရူနူဂူကို နိုင်ငံလေးနိုင်ငံမှ လိုဏ်ဂူ ပညာရှင်များ၏ အကြံပြုချက်အရ ခရီးသွားလုပ်ငန်း စတင်ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန (လွိုင်ကော်ရုံးခွဲ)မှ လက်ထောက် ညွှန်ကြားရေးမှူး ဦးလင်းဇော်ထွဋ် က ဖေဖော်ဝါရီ ၂၁ ရက်က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

ချင်းပြည်နယ်တွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်၍ ရေအားလျှပ်စစ်စီမံကိန်းများ ဆောင်ရွက်မည်

ချင်းပြည်နယ်၊ ဖေဖော်ဝါရီ ၂၁

ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်း ပြည်ပရင်းနှီး မြှုပ်နှံမှုများကို ဖိတ်ခေါ်၍ မဂ္ဂါဝပ် ၆ဝ မှ မဂ္ဂါဝပ် ၆ဝဝ အထိ ထုတ်လုပ်နိုင်သည့် ရေအားလျှပ်စစ် စီမံကိန်း စက်ရုံများ တည်ဆောက်သွားမည် ဖြစ်ကြောင်းသိရသည်။ 'ကျွန်တော်တို့ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဓာတ်သတ္တု ရှာဖွေတူးဖော်ရေးလုပ်ငန်း တွေရှိတယ်။ အသေးစား၊ အလတ် စား၊ အကြီးစား စက်မှုလုပ်ငန်း တွေ လုပ်ကိုင်နိုင်ဖို့ လျှပ်စစ်မီးလို တယ်။ ဓာတ်သတ္တုအနေနဲ့ ခရိုမိုက် နီကယ်၊ ကြေးနီစတဲ့ သတ္တုတွေရှိ တယ်။ ပြည်တွင်း ပြည်ပရင်းနှီးမြှုပ် နှံမယ့် သူတွေပေါ့နော် တူးဖော်ရေး လုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ လို အပ်တယ်'ဟု ချင်းပြည်နယ်အစိုးရ ရုံးမှ တာဝန်ရှိသူတစ်ဦးက ဖေဖော် ဝါရီ ၂၁ ရက်တွင် ပြောကြားသည်။

ဆက်လက်ဖတ်ရှုရန် ...

သံလွင်တံတား (မော်လမြိုင်)ပေါ်တွင် ယာဉ်နှစ်စီး ခေါင်းချင်းဆိုင် တိုက်မိ

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂၁

မွန် ပြည်နယ် မော်လမြိုင်မြို့၊ မန္တလေး ရပ်ကွက်ရှိ သံလွင်တံတား (မော်လမြိုင်)ပေါ်တွင် မော်တော်ယာဉ် နှစ်စီး အရှိန်မထိန်းနိုင်ဘဲ မျက်နှာချင်းဆိုင် တိုက်မိခဲ့ကြကြောင်း မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းရဲစခန်းမှသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မင်းတုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းဖြင့် လုပ်ငန်းခွဲ ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေ

မင်းတုန်း၊ ဖေဖော်ဝါရီ ၂ဝ

မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းစတုတ္ထ နှစ်စက်ဝန်းဖြင့် လုပ်ငန်းခွဲ ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်း မင်းတုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် လူထုဗဟိုပြုစီမံကိန်း (CDD) စတုတ္ထနှစ်စက်ဝန်းဖြင့် အခြေခံအဆောက်အအုံဆိုင်ရာလုပ်ငန်း ခွဲ ၁၈၄ ခုကို ငွေကျပ်သန်း ၁၈၁ဝ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...

ပေါင်မြို့နယ်တွင် လယ်ယာမြေများအား ခွင့်ပြုချက်မရှိဘဲ အကွက်ရိုက်ရောင်းချနေမှုများ မည်ကဲ့သို့ အရေးယူမည်ကို လွှတ်တော်၌မေးမြန်း

မော်လမြိုင်၊ ဖေဖော်ဝါရီ ၂ဝ

မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် ခွင့်ပြုချက်မရှိဘဲ လယ်ယာမြေများအား အကွက်ရိုက်ရောင်းချနေမှု များဖြစ်ပေါ်နေသဖြင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများကို မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ကို သိရှိလိုကြောင်း ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁ဝ နာရီတွင် ကျင်းပသော ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ် တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ပေါင်မြို့နယ်မဲ ဆန္ဒနယ်အမှတ်(၁)မှ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က မေးမြန်းခြင်းဖြစ်သည်။

ဆက်လက်ဖတ်ရှုရန် ...