HIGHLIGHT NEWS
Main menu

Regional News [-- ဒေသဆိုင်ရာ သတင်းများ --]

ကသာမြို့နယ်တွင် အမျိုးသားများသာ တင်ရသည့် နတ်တင်ဓလေ့ ရိုးရာမပျက် ကျင်းပ

ကသာ၊ ဇွန် ၁၄

စစ်ကိုင်းတိုင်း ဒေသကြီး ကသာမြို့နယ်တုန်းပေါ အုပ်နှင့် သိမ်အင်းရွာဒေသခံအမျိုး သားများသည် ရှေးအစဉ်အလာ ကတည်းက ပြုလုပ်ခဲ့သောဘိုးဘိုး ကြီးနတ်တင်ပွဲကို ဇွန် ၁၃ ရက်က ရိုးရာမပျက်ကျင်းပခဲ့ကြောင်း သိ ရသည်။ အဆိုပါနတ်တင်ပွဲတွင် အမျိုး သမီးများလာရောက်ခြင်းမပြုရဘဲ ရွာရှိတစ်အိမ်တစ်ယောက် အမျိုး သားများသာ လာရောက်ပူဇော် တင်သကြောင်း ဒေသခံများကပြော ကြားသည်။ ''ပုံမှန်တော့ နယုန်လပြည့် ကျော် ၁ဝ ရက်ဆိုတင်တာ။ ဒါပေမဲ့ ဗုဒ္ဓဟူးနေ့နဲ့ တိုက်နေလို့ အင်္ဂါ၊ ဗုဒ္ဓဟူး နတ်ရူးတောင်မလာဆိုတဲ့ စကားကြောင့် ဒီနေ့ကြာသပတေး နေ့မှ တင်ဖြစ်တာပါ။ မိုးထဲရေထဲကို လာတင်ကြတာ''ဟု ဒေသခံကိုပြည့် ဖူးမော်ကပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

တာချီလိတ်၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ မြန်မာရွှေ့ပြောင်းအလုပ်သမားခုနစ်ဦး လွှဲပြောင်းပေးအပ်၊ ရှစ်နှစ်ကျော်ကာလအတွင်း ဦးရေ ၁၅ဝဝဝ ကျော် လွှဲပြောင်းပေးအပ်ခဲ့

တာချီလိတ်၊ ဇွန် ၁၃- ရှမ်းပြည် နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ၌ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံဘက် သို့ တရားမဝင်မြန်မာနိုင်ငံအလုပ် သမားခုနစ်ဦးအား လွှဲပြောင်းပေး ခဲ့ပြီး ရှစ်နှစ်တာကာလအတွင်း တရားမဝင် မြန်မာအလုပ်သမား ဦးရေ ၁၅ဝဝဝ ကျော်လွှဲပြောင်း ပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်ဖတ်ရှုရန် ...

အရပ်သားခြောက်ဦးသေဆုံးခဲ့သည့် ကျောက်တန်းရွာဖြစ်စဉ်တွင် တပ်မတော်နှင့်အရပ်သား မည်သူ့ကိုမျှ အပြစ်တင်၍မရဟု လူ့အခွင့်အရေးကော်မရှင်ဆို

ရန်ကုန်၊ ဇွန် ၁၃ - အရပ်သား ခြောက်ဦးသေဆုံးခဲ့သည့် ကျောက် တန်းရွာဖြစ်စဉ်တွင် တပ်မတော်နှင့် အရပ်သား မည်သူ့ကိုမျှ အပြစ် တင်၍မရဟု လူ့အခွင့်အရေး ကော် မရှင်ပြောခွင့်ရ ဦးယုလွင်အောင် က ပြောသည်။

ဆက်လက်ဖတ်ရှုရန် ...

လက်ဆောင်ကဗျာကို စနစ်သစ် ဒသမတန်းတွင်ထည့်သွင်းရန် မြန်မာစာဘာသာရပ်သင်ရိုးညွှန်းတမ်းကော်မတီက ဝန်ကြီးဌာနသို့ အစီရင်ခံစာတင်

ရန်ကုန်၊ ဇွန် ၁၃-လက်ဆောင် ကဗျာကို အခြေခံပညာအထက် တန်းစနစ်သစ် ဒသမတန်းတွင် ထည့်သွင်းရန်အတွက် မြန်မာစာ ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီက အစီရင်ခံစာတင် ထားကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

လမ်းပြုပြင်ခြင်း၊ ကျောက်တောင်ဖြိုခြင်း ဆောင်ရွက်နေသည့်အတွက် ဟားခါး-ထန်တလန် ကားလမ်း ယာယီပိတ်ထား

ဟားခါး၊ ဇွန် ၁၂

ချင်းပြည် နယ်အတွင်း သွားလာရေးလွယ်ကူ ချောမွေ့စေရန် လမ်းတံတားများ ကိုတိုးချဲ့ဆောက်လုပ်လျက် ရှိရာ ချင်းပြည်နယ်မြို့ တော် ဟားခါး နှင့် မိုင် နှစ်ဆယ်ဝန်းကျင်ဝေးသော ထန် တလန်မြို့နှင့် ဆက်သွယ်ထားသော ကားလမ်းမပေါ်တွင် ခရီးသွားပြည် သူများအတွက် အန္တရာယ်ရှိသော ကျောက်တောင်ကျောက်တုံးကြီး များကို ဇွန် ၁၂ ရက်မှစတင်ဖြိုချ ဖယ်ရှားလျက်ရှိရာ ကျောက်တောင် ဖြိုချနေချိန်နှင့် ကျောက်တုံးများဖယ် ရှားနေချိန် အချိန်ပိုင်းများတွင် ကား လမ်းကို ယာယီပိတ်ထားကြောင်း ဟားခါးမြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

နယ်မြေဒေသအခက်အခဲကြောင့် မိုင်းကိုင်မြို့ တအောင်းကျေးရွာများမှ ကလေးငယ်များ အောင်လံမြို့ရှိ ပရဟိတဘုန်းတော်ကြီးကျောင်း၌ လာရောက် ပညာသင်ကြားနေကြရ  

အောင်လံ ၊ ဇွန် ၁၂

နယ်မြေ ဒေသအခက်အခဲကြောင့် ရှမ်းပြည် နယ် မိုင်းကိုင်မြို့နယ် တအောင်း ဒေသကျေးရွာများမှ ဒေသခံ ကလေးငယ် ၂၃ ဦးသည် မကွေး တိုင်းဒေသကြီး အောင်လံမြို့နယ် ဇေယျသုခပရဟိတဘုန်းတော်ကြီး ကျောင်း၌ လာရောက်နေထိုင်ကာ ပညာသင်ကြားနေကြရကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မြဝတီမြို့နှင့် သုံးမိုင်ခန့်အကွာရှိ ရပ်ကွက် ၆/၇ ဖော်ဆောင်မည့်နေရာ၌ နေထိုင်နေသူများအား ဖယ်ရှားပေးရန် အကြောင်းကြားစာထုတ်ပြန်ခဲ့သည့်အတွက် ဒေသခံပြည်သူများ သတင်းစာရှင်းလင်း  

မြဝတီ၊ ဇွန် ၁၂

ကရင်ပြည်နယ် မြဝတီမြို့နှင့်သုံးမိုင်ခန့်အကွာရှိ ရပ်ကွက် ၆/၇ ဖော်ဆောင်မည့် နေရာ၌ နေထိုင်သူများအား နှစ် ပတ်အတွင်း ဖယ်ရှားပေးရန် မြဝ တီခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည့်အတွက် အဆိုပါ နေရာ၌ နေထိုင်နေသူများက ဇွန် ၁၂ ရက် နံနက် ၁၁ နာရီတွင် သတင်းစာရှင်းလင်းပွဲကျင်းပခဲ့ ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန် ...

မင်းဝံတောင် ဘေးမဲ့ကာကွယ်တော ကြားခံနယ်အတွင်း၌ ဒေသခံများအတွက် ကျောက်လုပ်ကွက် ၄၁ ဧက ချထားပေးသွားမည်  

စစ်ကိုင်း၊ ဇွန် ၁၁

စစ်ကိုင်းတိုင်း ဒေသကြီး စစ်ကိုင်းမြို့အနီး မင်းဝံ တောင် ဘေးမဲ့ကာကွယ်တော၌ တည်ရှိသော ကြားခံနယ်မြေ (Buffer Zone) အတွင်း တရားမဝင် ကျောက်တူးလုပ်ငန်း လုပ်ကိုင်သူများရှိသည့်အတွက် တရားဝင် ကျောက်တူးဖော်ရေး လုပ်ကွက်အ ဖြစ် ၄၁ ဧကအား ချထားပေးသွား မည်ဖြစ်ကြောင်း သိရသည်။ မင်းဝံတောင် ဘေးမဲ့ကာကွယ် တောကို အသစ် ပြန်လည်ဖွဲ့စည်း သတ်မှတ်ရန် ၂ဝ၁၈ ခုနှစ် ဒီဇင် ဘာလမှ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ လအထိ သက်ဆိုင်ရာဌာန ပေါင်းစုံ ပါဝင်သော အဖွဲ့ဖြင့် ကွင်းဆင်း ဆောင်ရွက်ခဲ့ရာ ဘေးမဲ့ကာကွယ် တော ဧရိယာအတွင်းမှ အမာခံ ထိန်းသိမ်းရေးနယ်မြေ (CORE AREA)နှင့် ကြားခံနယ်မြေ (Buffer Zone Area)များအား သတ်မှတ် တိုင်းထွာမှု ပြုလုပ်နိုင်ခဲ့သည်။

ဆက်လက်ဖတ်ရှုရန် ...