မန်ယူဂန္ထဝင်ကစားသမား ဟောင်းရိုင်ယန်ဂစ်သည် ဝေးလ်နည်းပြသစ်အဖြစ် ခန့်အပ်ခံရပြီး နောက် မန်ယူအသင်းမှကစားဖော် ဟောင်းပေါလ်စခိုးကို လက်ထောက် နည်းပြအဖြစ် ခေါ်ယူခန့်အပ်သွား ဖွယ်ရှိနေကြောင်းသိရသည်။

ရိုးမားအသင်းမှ ဘယ်လ်ဂျီယံကွင်းလယ် လူနိုင်ဂိုလန်သည် တရုတ်စူပါလိဂ်ကလပ် ဂွမ်ဇူးအဲဗားဂရန်ဒီအသင်းသို့ပြောင်းရွှေ့ရန် နီးစပ်နေကြောင်းသိရသည်။ 

ရန်ကုန်၊ ဇန်နဝါရီ ၁၆

ကမ္ဘောဇဘဏ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်၁၃နှစ်အောက်အမျိုးသမီးဘောလုံးပြိုင်ပွဲ၏ဗိုလ်လုပွဲသို့ ရှမ်းပြည်နယ် (တောင်ပိုင်း) အသင်းနှင့် မကွေးတိုင်းအသင်းတို့ တက် ရောက်သွားခဲ့ပြီဖြစ်သည်။ KBZ Bankမှပံ့ပိုးကာမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှကြီးမှူး၍ KBZ Bank U-13 Girl Tournament  ၂ဝ၁၈ (State & Regions)ပြိုင်ပွဲကို ဇန်နဝါရီ ၆ ရက်မှစတင်ကာ အမျိုးသားဘောလုံးအကယ်ဒမီကွင်းတွင် ကျင်းပခဲ့သည်။

အာဆင်နယ်ဂိုးသမားပီတာချက်က ဘုန်းမောက်ကိုအရေးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အလေးထားယှဉ်ပြိုင်နေ သောအသင်းမှာ အလွန်အန္တရာယ်များသောအခြေအနေသို့ရောက် နေပြီဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။ အာဆင်နယ်သည် ဘုန်း မောက်ကိုရှုံးနိမ့်ခဲ့ပြီးနောက် ချန်ပီယံလိဂ်ဝင်ခွင့်နောက်ဆုံးနေရာဖြစ် သောအဆင့်-၄နေရာမှ ချဲလ်ဆီးနှင့် ရှစ်မှတ်အထိကွာဟနေသလို အဆင့်-၅နေရာမှ စပါးနှင့်လည်း ငါးမှတ်အထိကွာဟနေသည်။

မန်ယူနည်းပြမော်ရင်ဟိုက ပိုကောင်းသောအသင်းတစ်သင်း ဖြစ်လာရန် အသင်းအနေဖြင့် ဂိုးသမားဒီဂီယာကို စာချုပ်သစ်ချုပ်ဆိုရန် ကြိုးစားသင့်ကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ဒီဂီယာသည် ၂ဝ၁၁ ခုနှစ်ကတည်းက အက်သလက်တီကိုမှ မန်ယူသို့ရောက်နေသူဖြစ်ပြီး ၂ဝ၁၅ တွင် မန်ယူနှင့်ချုပ်ဆိုခဲ့သောစာချုပ်အရ လက်ကျန်စာချုပ်သက်တမ်း ၁၇ လကျန်ရှိနေသေးသော်လည်း နောက်ထပ် ၁၂ လသက်တမ်းတိုးနိုင်မည့်အချက်ကို စာချုပ်အတွင်းထည့်သွင်းထားခဲ့သည်။

ဒေါ့မန်နည်းပြစတိုဂါက တိုက်စစ်မှူးအူဘာမီယန်အနေဖြင့် အသင်းအတွက် အမှန်တကယ် အားထုတ်ပြီး စည်းကမ်းများကို လိုက်နာမှသာ လူစာရင်းတွင်ပြန်လည်ရွေးချယ်ခံရမည်ဖြစ်ကြောင်း သတိပေးပြောကြားခဲ့သည်။

ဝက်စ်ဘရွန်း အသင်းတိုက်စစ်မှူး ဂျေးရိုဒရီဂွက်ဇ်သည် ဘရိုက်တန်နှင့်ပွဲတွင် ပြိုင်ဘက် ကစားသမားဂေတန်ဘွန်ကို လူမျိုးရေးခွဲခြားမှုပြုလုပ်ခဲ့သည်ဟု စွပ်စွဲခံရအပြီးတွင် အက်ဖ်အေ၏စုံစမ်းစစ်ဆေးမှုများနှင့်ရင်ဆိုင်နေရသည်။

မန်ယူအသင်းသည် အာဆင်နယ်မှ ထွက်ခွာရန်နီးစပ်နေသော ချီလီတိုက်စစ်မှူးဆန်းချက်ဇ်ကို ပြိုင်ဘက်မန်စီးတီးထက်သာသော လစာငွေကြေးပေးမည်ဟု ကမ်းလှမ်းခဲ့ကြောင်း ဗြိတိန်သတင်းများက ဖော်ပြခဲ့ကြသည်။

Page 1 of 42