အာဆင်နယ်ကစားသမား များဖြစ်သော အိုဇေးလ်နှင့် ကိုလာ စီနက်တို့သည် ဓားသမားများက ကားကိုလုယက်ရန်ကြံစည်မှုဖြစ်ခဲ့ ပြီးနောက် ゞင်းတို့၏လုံခြုံရေးအ ခြေအနေအတွက် အသင်း၏ပွဲစဉ် များကို ထပ်မံလွဲချော်ကြရဖွယ်ရှိ နေကြောင်း သိရှိရသည်။
အဆိုပါကစားသမားနှစ်ဦး သည် ဇူလိုင်လနှောင်းပိုင်းက ဓား ကိုင်ဆောင်ထားသော လူနှစ်ဦး၏ ရုတ်တရက်တိုက်ခိုက်မှုကို ခံခဲ့ရ ခြင်းဖြစ်ပြီး ယခုအခါ အဆိုပါလူ နှစ်ဦးမှာ လန်ဒန်ရှိ ဒုစရိုက်ဂိုဏ်း များနှင့် ပတ်သက်ဖွယ်ရှိနေသည့် အတွက် ကစားသမားနှစ်ဦး၏လုံ ခြုံရေးမှာ စိုးရိမ်လာခဲ့ရသည်။
ပြီးခဲ့သောသီတင်းပတ်က အိုဇေးလ်၏နေအိမ်အပြင်ဘက်၌ လူနှစ်ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက် အိမ်အပြင်ဘက်တွင် လုံ ခြုံရေးအစောင့်များနှင့် ခွေးများကို ၂၄နာရီအပြည့် စောင့်ကြပ်ပေးနေ ရသည်ဖြစ်ရာ အသင်းအတွက် ပွဲ ကစားချိန်တွင် ကစားသမားနှစ်ဦး ၏လုံခြုံရေးကို အပြည့်အဝကာ ကွယ်ပေးနိုင်ရန်လိုအပ်နေသည်။
အာဆင်နယ်သည် နယူးကာ ဆယ်ကို ၁-ဝဖြင့်အနိုင်ရပြီးနောက် ကစားသမားနှစ်ဦးကို အားလပ် ရက်ပေးခဲ့ပြီး လာမည့်ဘန်လေနှင့် ပွဲတွင် ပါဝင်ကစားနိုင်ရေးမှာ မ ရေမရာဖြစ်နေချိန်တွင် ကိုလာစီ နက်၏အတူနေချစ်သူမှာမူ လုံခြုံ ရေးစိတ်မချရခြင်းကို အကြောင်း ပြု၍ ဂျာမနီသို့ပြန်သွားခဲ့သည်။
အခြားတစ်ဖက်တွင် အာ ဆင်နယ်တိုက်စစ်မှူး အူဘာမီယန် က တိုက်စစ်တွင် လာကာဇက်တီ၊ ပီပီတို့နှင့် တွဲကစားရမည်ကို စိတ် လှုပ်ရှားနေပြီး ပီပီမှာ အသင်း၏ နောက်ထပ်လက်နက်တစ်ခုဖြစ် လာမည်ဟု ယုံကြည်ကြောင်း ဆို ခဲ့သည်။
ပီပီသည် နွေရာသီတွင် က လပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂သန်းဖြင့် အာဆင်နယ် သို့ရောက်လာသူဖြစ်ပြီး နယူးကာ ဆယ်နှင့်ပွဲတွင် ပွဲချိန် ၇၁မိနစ်၌ အရန်ခုံမှ လူစားဝင်ရောက်ကစား ခဲ့ရာ လာမည့်ပွဲများတွင် ပီပီနှင့်အ တူ ပွဲအစမှစ၍ တွဲဖက်ကစားခွင့် ရရန် အူဘာမီယန်က မျှော်လင့် နေသည်။
အူဘာမီယန်က ]]လာကာ ဇက်တီ၊ ပီပီနဲ့ ကျွန်တော်တို့ရဲ့တိုက် စစ်အတွဲက တကယ်စိတ်လှုပ်ရှား စရာကောင်းမှာပါ။ နောက်ပွဲကို အိမ်ကွင်းမှာကစားရမှာဖြစ်လို့ နည်းပြက ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာ စောင့်ကြည့်ရမှာပါ။ ပီပီ ဟာ ကျွန်တော်တို့အတွက် နောက် ထပ်လက်နက်တစ်ခုဖြစ်ပြီး အရည်အသွေးကောင်းတွေရှိသူ လည်းဖြစ်ပါတယ်။ ကျွန်တော့်အ နေနဲ့ တိုက်စစ်မှူးအဖြစ် ကစား ရတာ ပျော်ရွှင်ပေမယ့် အသင်းရဲ့ လိုအပ်ချက်ကြောင့် တောင်ပံထွက် ကစားရမယ်ဆိုရင်လည်း ပြဿနာ မရှိပါဘူး}}ဟု ပြောကြားခဲ့သည်။
KKW/Democracytoday