နယူးကာဆယ်နှင့် ရင်ဆိုင် ကစားခဲ့သော ပရီးမီးယားလိဂ် အဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ရသည့် အာဆင်နယ်ကွင်းလယ်လူအိုဇေး နှင့် နောက်ခံလူ ကိုလာစီနက်တို့ သည် ယခုအခါအသင်းနှင့် လေ့ ကျင့်မှုများပြုလုပ်နေပြီဖြစ်သော ကြောင့် ဘန်လေနှင့်ရင်ဆိုင်ရမည့် ဒုတိယပွဲစဉ်ကို ပါဝင်လာဖွယ်ရှိနေ ကြောင်း သိရသည်။
ကိုလာစီနက်နှင့် အိုဇေးတို့သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လန်ဒန်မြို့လယ်တွင် ဓားကိုင်ဆောင် ထားသည့် ဂိုဏ်းတစ်ခု၏တိုက်ခိုက် မှုနှင့် ကြုံတွေ့ခဲ့ရပြီးနောက် ရဲတပ် ဖွဲ့၏ စုံစမ်းမေးမြန်းခြင်းခံနေရပြီး အဆိုပါ ဖြစ်စဉ်ကြောင့်ပင် နယူး ကာဆယ်နှင့်ကစားခဲ့သော ပရီးမီး ယားလိဂ် အဖွင့်ပွဲစဉ်ကို လွဲချော်ခဲ့ ရခြင်းဖြစ်သည်။
ゞင်းတို့နှစ်ဦးစလုံးသည် ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများ မပြီးမချင်း အာဆင်နယ်အသင်း၏ ပွဲစဉ်များကို လွဲချော်ရဖွယ်ရှိနေ သည်ကို အသင်းနည်းပြအဖွဲ့က လည်း စိုးရိမ်လျက်ရှိသည်။ သို့ရာ တွင် အိုဇေးနှင့် ကိုလာစီနက်တို့သည် ဗုဒ္ဓဟူးနေ့ကပြုလုပ်သည့် အာဆင် နယ်အသင်း လေ့ကျင့်ရေးအစီအ စဉ်သို့ လုံခြုံရေးများနှင့်အတူ ရောက် ရှိလာပြီး လေ့ကျင့်မှုပြုလုပ်ခဲ့ခြင်းကြောင့် ယခုတစ်ပတ်အာဆင်နယ် အသင်း၏ ဘန်လေနှင့်ပွဲစဉ်ကို ပါ ဝင်လာဖွယ်ရှိနေခြင်းဖြစ်သည်။
KKW/Democracytoday