၂ဝ၁၈ အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲဗိုလ်လုပွဲမှာ ဗီယက်နမ်အသင်းက မြို့တော်ဟနွိုင်းက ပရိသတ်တွေရှေ့ မှောက်မှာ မလေးရှားအသင်းကို ၁-ဝ နဲ့အနိုင်ယူပြီး ဗိုလ်လုပွဲနှစ်ကျော့ပေါင်း ရလဒ် ၃-၂ ဂိုးနဲ့ ဆူဇူးကီးဖလားကြီးကို သိမ်းပိုက်ယူနိုင်ခဲ့ပါတယ်။ ဒီအောင်ပွဲ ဟာ ဗီယက်နမ်အသင်းအတွက် ၂ဝဝ၈ ခုနှစ်နောက်ပိုင်းပထမဆုံးရရှိတဲ့ ဆုဖ လားဖြစ်ပြီး ဆယ်စုနှစ်တစ်ခုအကြာမှာ ရယူနိုင်ခဲ့တဲ့အောင်ပွဲဖြစ်ပါတယ်။
ဗီယက်နမ်အသင်းဟာ အာရှယူ ၂၃ ပြိုင်ပွဲမှာအောင်မြင်မှုရရှိခဲ့တဲ့ ကစားသမားတွေနဲ့ စီနီယာကစားသမားတွေ ကိုပေါင်းစပ်ပြီး ၂ဝ၁၈ ဆူဇူကီးဖလား ပြိုင်ပွဲ အုပ်စု (A)မှာ မလေးရှား၊မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့အသင်း တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အုပ်စုတွင်းမှာ မြန်မာအသင်းနဲ့သရေကျခဲ့တာကလွဲလို့ ကျန်သုံးပွဲကိုအနိုင်ကစားခဲ့ပြီး အုပ်စုတွင်းပေးဂိုးမရှိဘဲ အုပ်စုဗိုလ်အဖြစ် ဆီမီးဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲတာပဲဖြစ်ပါတယ်။ ဆီမီးအဆင့်မှာ တော့အုပ်စု (B)ကတက်လာတဲ့ ဖိလစ်ပိုင်အသင်းကို အိမ်ကွင်းရော၊ အဝေးကွင်းမှာပါ နှစ်ကျော့စလုံး ၂-၁ နဲ့အနိုင်ယူကာ ဗိုလ်လုပွဲအဆင့်ကို တက်ရောက် နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါဟာ ဗီယက်နမ်အတွက် ၁ဝ စုနှစ်တစ်ခုအတွင်း ဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်တဲ့ ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဆင့်ကို ပထမဆုံး တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
ကံကောင်းတာက အရှေ့တောင် အာရှရဲ့ အင်အားကြီးထိုင်းအသင်းဟာ မလေးရှားကို နှစ်ကျော့ပေါင်း ၂-၂ သရေကျကာ အဝေးဂိုးစည်းမျဉ်းနဲ့ ဗိုလ်လုပွဲကို လွဲချော်ခဲ့ရတာပဲဖြစ်ပါတယ်။ မလေးရှားအသင်းဟာ ဗီယက်နမ်ကို အုပ်စုတွင်းမှာ ၂-ဝ နဲ့ အရေးနိမ့်ထားတာပါ။ ဗိုလ်လုပွဲပထမအကျော့အဖြစ် မလေးရှားအိမ်ကွင်းမှာကစားခဲ့ရာမှာ တော့ ဗီယက်နမ်အသင်းဟာ ပထမပိုင်းသွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် ရင်ဆိုင်ရခက်ခဲခဲ့ပြီး ၂-၂ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာတော့ ဗီယက်နမ်က ပွဲချိန် ၆ မိနစ်မှာသွင်းယူတဲ့ တိုက်စစ်မှူး ငုယင်အန်ဒူးရဲ့ သွင်းဂိုး တစ်ဂိုးတည်းနဲ့ မလေးရှားကိုအနိုင်ယူ ကာ ဆယ်စုနှစ်တစ်ခုအတွင်း ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာပဲဖြစ်ပါတယ်။
၂ဝ၁၈ ဆူဇူကီးဖလားပြိုင်ပွဲမှာ ဗီယက်နမ်အသင်းရဲ့ ဒုတိယမြောက် အောင်မြင်မှုက ကွင်းလယ်လူ ငုယင်ကွမ်ဟိုင်ဟာ ပြိုင်ပွဲရဲ့တန်းဖိုးအရှိဆုံး ကစားသမားဆု (MVP)ကိုရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲရဲ့ ဂိုးသွင်းအများ ဆုံးရွှေဖိနပ်ဆုကို ရှစ်ဂိုးသွင်းယူခဲ့တဲ့ ထိုင်းတိုက်စစ်မှူးအဒီဆတ်ကရိုင်ဆွန်က ရရှိခဲ့ပြီး အသန့်ရှင်းဆုံးဆုကိုတော့ မလေးရှားအသင်းက ရယူသွားနိုင်ခဲ့ပါ တယ်။
#democracytoday
Discussion about this post