ချဲလ်ဆီးအသင်းသည် အာဂျင်တီးနားတိုက်စစ်မှူးဟီဂူအင်အား အငှားဖြင့်ခေါ်ယူရန် ဂျူဗင်တပ်အသင်းနှင့် သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်ကြောင်းသိရသည်။ ဟီဂူအင်သည် ဂျူဗင်တပ်မှ အေစီမီလန်သို့ အငှားဖြင့် သွားရောက်ကစားနေသူဖြစ်ပြီး ချဲလ်ဆီးအသင်းက တိုက်စစ်အခက်အခဲ ကြောင့် ဟီဂူအင်ကိုခေါ်ယူရန် ကြိုးပမ်းခဲ့ ခြင်းဖြစ်သည်။
ယခုအခါ ချဲလ်ဆီးအသင်းသည် ဟီဂူအင်အား ရာသီကုန်အထိခေါ်ယူရန် ဂျူဗင်တပ်အသင်းနှင့်သဘောတူညီမှုရရှိခဲ့ပြီး နောက်ထပ်တစ်နှစ် အငှားခေါ်ယူခွင့် သဘောတူညီမှုပါ ပါရှိသည်ဟုသိရသည်။ ချဲလ်ဆီးအသင်းသည် ယခုရာသီတွင် တိုက်စစ်အားနည်းသည့်ပြဿနာများဖြင့် ရင်ဆိုင် နေရပြီး တိုက်စစ်အတွက် ကွင်းလယ်ကစား သမားများကိုသာ အားပြုနေခဲ့ရာသည်။ ထို့အပြင် လက်ရှိအသင်းမှ အဓိကတိုက်စစ် မှူးတစ်ဦးဖြစ်သည့် ဂီးရော့ဒ်မှာ ဒဏ်ရာရ နေသောကြောင့် ဟီဂူအင်ကိုအငှားဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်သည်။
အေစီမီလန်အသင်းမှာ ဟီဂူအင်ကိုဆုံးရှုံးလိုက်ရခြင်းကြောင့် ယခုရာသီ ဂျီနိုအာအသင်းတွင် ခြေစွမ်းပြဂိုးသွင်းပေးသည့် ပိုလန်တိုက်စစ်မှူး ပီယာတက်ခ်ကိုခေါ်ယူရန်ပစ်မှတ်ထားနေကြောင်း သိရသည်။ အခြားသတင်းတစ်ရပ်အနေဖြင့် ချဲလ်ဆီးမှအရန်တိုက်စစ်မှူးလော့တပ်ချိဖ်က ၎င်းသည် ပရီးမီးယားလိဂ်၏ ပထမဆုံး ဂေးဘောလုံးသမားဖြစ်လာ ဖွယ်ရှိနေသည်ဟူသောသတင်းများကို ငြင်းဆိုသွားခဲ့သည်။
လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထွက်ပေါ်နေသည့် သတင်းများအရ အသက် ၂၂ နှစ်အရွယ် လော့ တပ်ချိဖ်သည် ဂေးတစ်ဦးအဖြစ်အသင်း ဖော်အချို့နှင့်တွဲနေကြောင်း ကောလာဟလများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လျက်ရှိရာ ၎င်းက ”ဂေးဖြစ်နေတဲ့ ဘယ်ဘော လုံးသမားကိုမဆို ကျွန်တော်လေးစားမှု အပြည့်ရှိသလို ထောက်ခံအားပေးပါတယ်။ ဒါပေမဲ့ အခုကျွန်တော်နဲ့ပတ်သက်ပြီးထွက် ပေါ်နေတဲ့သတင်းတွေကတော့ အမှန်တွေ မဟုတ်ပါဘူး”ဟု ငြင်းဆိုသွားခဲ့သည်။
ပရီးမီးယားလိဂ်ပြိုင်ပွဲတစ်လျှောက်တွင် ဂေးဘောလုံးသမားမရှိခဲ့ဖူးသော်လည်းအင်္ဂလန်ချန်ပီယံရှစ်နှင့် အောက်တန်းလိဂ်များတွင် ဂေးကစားသမားအမြောက် အမြားရှိခဲ့ဖူးသည်။
KKW
#theyangontimes
Discussion about this post